ကီးစတုန်းမျိုးစိတ်များမိတ်ဆက် - ၁
#နိဒါန်း
ရောမခေတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတလျှောက်တွင် အရေးကြီးသော လမ်းခုလတ်မှတ်တိုင်တစ်ခု ဖြစ်သည်။ ရောမခေတ်အကြောင်းပြောလျှင် ယင်းခေတ်၏ ဗိသုကာလက်ရာများမှာလည်း မပါမဖြစ်ပေ။ ရောမခေတ်အဆောက်အဦများ၏ ထင်ရှားသောအမှတ်အသားများအနက် တစ်ခုကတော့ အမိုးခုံး(Roman arch) များ ဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်ကဲ့သို့ ခေတ်မီစက်ယန္တရားများ၊ တိုင်းတာရေးနည်းလမ်းများ၊ ကုန်ကြမ်းများ မပါဝင်ဘဲ ကျောက်တုံးများကိုပင် အသုံးပြုကာ အနုပညာလက်ရာမြောက်ပြီး နှစ်ပေါင်းထောင်ချီကြာမြင့်အောင်ပင် ခိုင်မာလွန်းလှသည့် Roman arch များကို တည်ဆောက်ခဲ့ကြပုံမှာ နှောင်းခေတ်လူသားတို့ပင် လေးစားအားကျခဲ့ရသည်။ စင်စစ် ယင်း Roman arch များသည်ပင် ရောမခေတ် ဗိသုကာလက်ရာများ၏ အခြေခံအကျဆုံးအစိတ်အပိုင်းများ ဖြစ်သည်။ ယင်းတို့သည် ရှေးခေတ်သမိုင်းတလျှောက် ဆောက်လုပ်ရေးလုပ်ငန်းများ ထွန်းကားလာစေဖို့ အဓိကကျသည့် တွန်းအားတစ်ခုလည်း ဖြစ်သည်။
Roman arches များ တည်ဆောက်ရာတွင် ဘေးနှစ်ဖက်မှ ကျောက်တုံးကြီးများကို စီကာဆင့်ကာဖြင့် တည်ဆောက်လာပြီး အပေါ်သို့ရောက်လာသည့်အခါ နှစ်ဖက်စလုံးမှ ကျောက်တုံးများကို အတွင်းသို့ ကွေးညွှတ်ကာ ဆက်လက်စီရီကြရသည်။ ထိုကျောက်တုံးများ၏ အလယ်တည့်တည့်တွင် ကီးစတုန်း (Keystone) ဟု ခေါ်သော ကျောက်တုံးကို သပ်လျှိုကာ ဖိချပေးရသည်။
ကီးစတုန်းများသည် နှစ်ဖက်စလုံးရှိ ကျောက်တုံးများကို ခိုင်မာစေသည့်အပြင် နှစ်ဖက်အဆက် အစပ်ကိုလည်း တည်ဆောက်ပေးသည်။ ထို့ကြောင့် Roman arches များ၏ ခိုင်မာမှုမှာ ကီးစတုန်းများပေါ်တွင် မူတည်သည်။ အကယ်၍ ကီးစတုန်းကို ဖယ်ရှားလိုက်ပါက Roman arch မှာ ပြိုကျပျက်စီးသွားမည် ဖြစ်သည်။

လူ့ပတ်ဝန်းကျင်တွင် ကြုံတွေ့ရသည့် ကိစ္စရပ်များကို လေ့လာသုံးသပ်ကြသည့်အခါတွင်လည်း ယင်းကိစ္စရပ်၏ အစိတ်အပိုင်းများအနက်မှ တစ်ခုခုကို ဖယ်ရှားလိုက်ရုံဖြင့် ကိစ္စရပ်ကြီးတစ်ခုလုံး ပျက်သုဉ်းသွားရသည့်အနေအထားမျိုး ရှိနေတတ်ပါသည်။ ထိုကဲ့သို့သော အစိတ်အပိုင်းမျိုးကို Roman arch များရှိ ကီးစတုန်းများနှင့်တင်စားကာ ကီးစတုန်းဟု ခေါ်ဝေါ်လေ့ ရှိကြပါသည်။
လူသားတို့နေထိုင်ရာ ကမ္ဘာမြေကြီး၏ ဂေဟစနစ်ကို လေ့လာရာတွင်လည်း ဂေဟစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားသည့်မျိုးစိတ်များရှိနေသည်ကို ပညာရှင်များ တွေ့ရှိခဲ့ကြပါသည်။ ဂေဟစနစ်တစ်ခုအတွင်းမှ မျိုးစိတ်တစ်ခုကို ဖယ်ရှားလိုက်ရုံဖြင့် ယင်းဂေဟစနစ်တစ်ခုလုံး ပျက်သုဉ်းသွားရသည့် သာဓကပေါင်းများစွာကို သုတေသီများက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမျိုးစိတ်များကို သုတေသီများက ကီးစတုန်းမျိုးစိတ်များ (Keystone species) ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။
အင်္ဂလိပ်စာရေးဆရာ ဂျော့ချ်အိုဝဲလ် (Gorge Owell) ၏ “Animal Farm” ဟူသော ဝတ္ထုမှာ ကမ္ဘာကျော်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် “ခြေလေးချောင်းတော်လှန်ရေး” ဟူ၍ ဆရာ ကြီး သခင်ဗသောင်း က ဘာသာပြန်ဆိုခဲ့သည်။ ထိုဝတ္ထုနှင့်အတူ ဝတ္ထုထဲမှ “All animals are equal, but some animals are more equal than others. (သတ္တဝါအားလုံးမှာ တန်းတူညီမျှပင်ဖြစ်သည်။ သို့သော် တချို့သတ္တဝါများမှာမူ အခြားသူများထက်ပို၍ တန်းတူညီမျှရှိကြသည်)” ဟူသော စကားမှာလည်း ကမ္ဘာ ကျော်ခဲ့ရသည်။ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်ရှိသော ဂျော့ချ်အိုဝဲက လူတန်းစားကွာခြားမှုမရှိသော လူ့ဘောင်ကို တည်ဆောက်လိုသည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်များကို ထေ့ငေါ့ကာ ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုစကားကိုပင် ခေတ်သစ် ဂေဟဗေဒပညာရှင်များက အခြားအဓိပ္ပာယ်တစ်မျိုးဖြင့် ပြောဆိုနေကြပြန်သည်။ “All animals are equal, but some animals are more equal than others.” ဟူသော Gorge Owell ၏ စကားကို ဂေဟဗေဒပညာရှင်များက အခြား ပုံစံတစ်မျိုးဖြင့် နားလည်လက်ခံထားကြသည်။
သက်ရှိမျိုးစိတ်များအားလုံးသည် ဂေဟစနစ်ကြီးအတွက် ညီမျှစွာ အရေးကြီးကြသည် ချည်းဖြစ်သော်လည်း အချို့မျိုးစိတ်များ (ကီးစတုန်းမျိုးစိတ်များ) မှာမူ ဂေဟစနစ်ကြီး ရှင်သန်ကောင်းမွန်ရေး အတွက် ပို၍ ညီမျှစွာ အရေးကြီးကြသည် မဟုတ်ပါလား။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဂေဟစနစ်
U Sai Sein Linn
လွန်ခဲ့သော ၃ နှစ် ကKeystone speciesအကြောင်း နည်းနည်းထပ်ရေးပေးပါဦး
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Khaing Kyi Thit
အားလုံး