အစိမ်းရောင်လမ်း
"မိုးလေဝသနဲ့ဇလဗေဒ" ဆိုတာ မိုးရွာ မုန်တိုင်း ရေကြီးတွေ ခန့်မှန်းရုံလောက်နဲ့ မပြီးသင့်ပါ..

"မိုးလေဝသနဲ့ဇလဗေဒ" ဆိုတာ မိုးရွာ မုန်တိုင်း ရေကြီးတွေ ခန့်မှန်းရုံလောက်နဲ့ မပြီးသင့်ပါ..

"မိုးလေဝသနဲ့ဇလဗေဒ" ဆိုတဲ့ဘာသာရပ်က မိုးရွာမယ်/မိုးမရွာဘူး၊ လေတိုက်မယ်/လေမတိုက်ဘူး၊ ရေကြီးမယ်/ရေမကြီးဘူး၊ မုန်တိုင်းတိုက်မယ်/မုန်တိုင်းမတိုက်ဘူး ဆိုတာတွေလောက်နဲ့ မပြီးပါဘူး။ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွေအထိ ထည့်သွင်းစဉ်းစားတတ်ကြဖို့ လိုလာပါပြီ။

စိတ်ပါဝင်စားသူတွေ လေ့လာဆည်းပူးသူတွေ စတဲ့ မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ ပုံမှန်ဝန်ထမ်းမဟုတ်သူများက တစ်နှစ်တာကာလအတွင်းမှာ သူ့ဒေသနဲ့သူ ဖြစ်တတ်တဲ့ ရာသီဥတုပြောင်းလဲ‌ဖြစ်ပေါ်မှုတွေ၊ ရာသီဥတုပြောင်းလဲဖြစ်ပေါ်နေတာကို ဖြစ်စေတဲ့ သဘာဝတရားနဲ့/လူတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု အမူအကျင့်တွေ၊ သဘာဝဘေးအန္တရာယ်တွေကိုပါ လေ့လာပြီးတော့ ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေက ဒေသခံပြည်သူလူထု လွတ်ကင်းအောင်၊ အချိန်မီသိရှိရှောင်ရှားနိုင်အောင် ထိရောက်တဲ့သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ဖို့နဲ့ မှန်ကန်ကြဖို့က အဓိကအရေးကြီးပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်တွေ ပြည်သူလူထုသိလာအောင် သတိပေးတာ/အသိပေးတာတွေ လုပ်ပြီးတဲ့နောက် ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်တွေအတွက် ဆက်လုပ်ကြရမယ့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စီမံခန့်ခွဲရမယ့် အတတ်ပညာတွေကလည်း ပြည်သူလူထုအတွက် သိထားသင့်၊ လေ့လာထားသင့်တဲ့ အလုပ်တွေထဲက တစ်ခုပါပဲ။

မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ ကြိုတင်ခန့်မှန်းချက်တွေရော၊ သဘာဝဘေးအန္တရာယ်များနဲ့ ကြုံတွေ့ရတဲ့ ပြည်သူလူထုအတွက် ရှာဖွေ/ကယ်ဆယ်ရေးလုပ်ငန်းတွေရော၊ သဘာဝဘေးအန္တရာယ်ကျရောက်လို့ ပျက်စီးတဲ့/ပျက်စီးဆုံးရှုံးရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေကလည်း စားနပ်ရိက္ခာမပြတ်လပ်ရေးအတွက် အရေးကြီးတာကြောင့် သေသေချာချာစီမံခန့်ခွဲလမ်းညွှန်ပေးနိုင်တဲ့၊ အချင်းချင်းချိတ်ဆက်လုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းကောင်းကောင်းတစ်ခုရှိလာအောင်အထိ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်စီမံမယ့် ဘယ်သူကဖြစ်ဖြစ်/ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် စဉ်းစားအကောင်အထည်ဖေါ်နိုင်ကြဖို့ လိုလာပါလိမ့်မယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....