မြန်မာနိုင်ငံနှင့် သြဂဲနစ်စိုက်ပျိုးရေး
တောင်သူဦးကြီးတို့ မင်္ဂလာပါခင်မျာ။
သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ မည်သည့် ဓာတုပစ္စည်းကိုမှ အသုံးမပြုဘဲ သဘာဝအတိုင်းစိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဓာတုပစ္စည်းဆိုသည်မှာ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဟော်မုန်းများ စသည်တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးသို့ ရောက်ရှိရန် အတော် ခက်ခဲပါအုံးမည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာရှိ တောင်သူအများစုသည် ပိုးသတ်ဆေးဟုဆိုလိုက်သည်နှင့် ဓာတုပိုးသတ် ဆေးတွေကိုသာ ပြေးမြင်ကြပါသည်။ သဘာဝပိုးသတ်ဆေးပြုလုပ်နည်း၊ သဘာဝအတိုင်းရောဂါပိုးကာကွယ်နှိမ်နင်းနည်းလမ်းများကို သိရှိမှု အားနည်းခြင်း၊ သိသော်လည်း အသုံးပြုမှုနည်း ခြင်းတို့ကြောင့် ဖြစ်ပါသည်။ မြေသြဇာဆိုလိုက်သည်နှင့်လည်း ဓာတုမြေသြဇာများကိုသာ ပြေးမြင်ကြပါသည်။ မြန်မာနိုင်ငံတွင် နွားချေး၊ ကြက်ချေးများ ရှားပါခြင်းကတစ်ကြောင်း၊ ဓာတုမြေသြဇာတွေက အလွယ်တကူရရှိပြီး အပင်များအတွက် လျှင်မြန်စွာကြီးထားခြင်းကတစ်ကြောင်း၊ သဘာဝမြေသြဇာတွေပြုလုပ်ရန် ဗဟုသုတမရှိခြင်းကြောင့် ဓာတုမြေသြဇာများကို အသုံးများနေကြခြင်းဖြစ်ပါသည်။ ဓာတုပစ္စည်းများသည် လူ၏ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ပတ်ဝန်းကျင်ကိုပါ များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးကို မည်သို့ သွားကြမည်နည်း?။
မြန်မာနိုင်ငံမှ ပြည်ပသို့ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် သီးနှံများကို တင်ပို့ရာတွင် ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲတွင် ကျန်နေသောကြောင့် ဈေးအနှိမ်ခံရခြင်းများ၊ တင်သွင်းခွင့်များပိတ်ပင်ခြင်းများ မကြာခဏဆိုသလို ကြားနေရပါသည်။ ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲ၌ အဘယ့်ကြောင့် ကျန်ရှိနေသနည်းဆိုလျှင် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဓာတုမြေသြဇာများ စသည်တို့ကို လိုသည်ထက်ပို၍ အဆမတန်သုံးစွဲကြခြင်းကြောင့် ဖြစ်ပါသည်။
ပြည်တွင်းသီးနှံများ ပြည်ပသို့ တင်ပို့နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးနိုင်မည် ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံများ၌ ဓာတ်ကြွင်းအာနိသင်များ အနည်းဆုံးလျော့ချပေးနိုင်မှ ဈေးကောင်းရ၍ တင်ပို့နိုင်မည် ဖြစ်ပါသည်။ ထိုသို့လျော့ချနိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသော GAP (Good Agricultural Practices) စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးရပါမည်။ GAPဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ဓာတုပစ္စည်းများ အနည်းဆုံး အသုံးပြု၍ စားသုံးသူများ နှင့် ပတ်ဝန်းကျင်အတွက် ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် စိုက်ပျိုးခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင် GAP ဆိုသည်မှာ သြဂဲနစ်စိုက်ပျိုးရေး၏ အခြေခံဖြစ်ပါသည်။ ယခုလက်ရှိမြန်မာနိုင်ငံတွင် GAPနည်းစနစ်ဖြင့် စိုက်ပျိုးသော သီးနှံများမှာ သာမန်စိုက်ပျိုးသော သီးနှံများထက် ဈေးနှစ်ဆနီးပါး ပိုရရှိသည်ကို တွေ့ရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် သြဂဲနစ်စိုက်ပျိုးရေးကို သွားမည်ဆိုလျှင် ယခုလက်ရှိ အခြေအနေမှ ချက်ချင်းကြီးသွားနိုင်ရန် မလွယ်ကူလှပါ။ GAP မှတစ်ဆင့် ဖြည်းဖြည်းချင်း သွားမည်ဆိုလျှင်တော့ ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံအနေနှင့် GAP နည်းစနစ်ဖြင့် သီးနှံများ စိုက်ပျိုးနိုင်လျှင် တောင်သူများအတွက် အတော်လေးအကျိုးရှိနိုင်ပါသည်။ GAPစနစ်ကို တောင်သူတိုင်းလိုက်နာ ကျင့်သုံးရန် တွန်းအားပေးဆောင်ရွက်နေမှုများရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် လွယ်ကူမည်တော့မဟုတ်ပါ။ မလွယ်ကူဟုဆိုသော်လည်း ခက်ခဲနေခြင်းကား မဟုတ်ပါ။ တောင်သူတစ်ဦးချင်းမှ GAPစနစ်ကို ကျင့်သုံးလာခြင်းအားဖြင့် ဓာတုကင်းလွတ်သော ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ရရှိလာနိုင်ပါသည်။ ထို့ကြောင့် သြဂဲနစ် စိုက်ပျိုးရေးသို့ ရောက်ရှိနိုင်ရန်အတွက် တောင်သူဦးကြီးတို့အားလုံး ညီညွတ်စွာဖြင့် GAPစနစ်သို့ တက်လှမ်းကြပါစို့။
ချမ်းသာဦး
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....