တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ
Green Way ၏ ရည်မှန်းချက်များထဲတွင် တောင်သူများနည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်ပြီး မိရိုးဖလာလုပ်ငန်းမှသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသုံးချလုပ်ကိုင်တတ်လာစေရေး လည်း ပါဝင်သည်။ ထို့အတွက် ယင်းကဲ့သို့ လက်တွေ့အသုံးချလုပ်ကိုင်နေသူများအကြောင်းကို အလျဉ်း သင့်သလို ဖော်ပြပေးနေခြင်းမျိုးရှိပါသည်။
ပြီးခဲ့သည့်တစ်ပတ်ထဲတွင်တော့ ယင်းကဲ့သို့ နည်းပညာကိုလက်တွေ့အသုံးချပြီး စပါးမျိုးများ ကိုယ် တိုင်ထုတ်လုပ်ဖြန့်ချိပေးနေသည့် လယ်သမားကြီး မန်းမြင့်အောင်အကြောင်းကို ဖော်ပြပေးဖြစ်ခဲ့သည်။ မန်းမြင့်အောင်အနေဖြင့် ထွန်းလာသည့်စပါးမျိုးကောင်းများကို မွေးမြူရင်း မျိုးသစ်များထုတ်လုပ်နေ သလို လက်ရှိတွင် တောင်သူပညာပေးအဖွဲ့များထံမှ ရရှိလာသည့် နည်းပညာများကို အသုံးချပြီး စပ်မျိုးများပင် စမ်းသပ်ထုတ်လုပ်နေပေပြီ။

သူသည်လည်း ခေတ်ပညာတတ်တစ်ဦးမဟုတ်သည့် သာမန်လယ်သမားတစ်ဦးသာဖြစ်သည်။ သို့သော် လေ့လာအားကောင်းသည်။ လက်တွေ့အသုံးချနိုင်စွမ်းကောင်းသည်။ စမ်းသပ်တီထွင်လိုစိတ်ကောင်း သည်။ နောက်ဆုံး ဘဝတူတောင်သူများအတွက် ပိုမိုအကျိုးရှိစေမည့် မျိုးကောင်းမျိုးသန့်များ ပေါ်ထွက် ရေးဆိုသည့် စိတ်စေတနာကောင်းသည်။ ယင်းအချက်များကို စည်းစနစ်ကျမှုနှင့်ပေါင်းစပ်လိုက်သည့် အခါတွင်တော့ မိကျောင်းသွယ်နှင့် ဧရာအောင်ဆိုသည့် စပါးမျိုးသစ်များကို ဖြစ်လာစေခြင်း ဖြစ်သည်။
မန်းမြင့်အောင်ကို အစိမ်းရောင်လမ်းက အင်တာဗျူးလုပ်ကြည့်တော့ အတော်လေး လေးစားစရာလူ တစ်ဦးဆိုသည်ကို သတိထားမိခဲ့သည်။ တကယ်တော့ ကန်ကြီးထောင့်မြို့နယ်ထဲရှိ အခြား လယ်သမား များလည်း ယင်းကဲ့သို့ တီထွင်စမ်းသပ်လုပ်ကိုင်လိုစိတ်များရှိကြသည်ဟု သိရသည့်အတွက် ပိုမို အား တက်မိပါသည်။
ဆိုတော့ မန်းမြင့်အောင်လယ်သမားကြီး မိကျောင်းသွယ်ဆိုသည့်စပါးမျိုးကို ဘယ်ပုံဘယ်နည်းတွေ့ရှိ လို့ ဘယ်ပုံဘယ်နည်း မျိုးအဖြစ်ထုတ်လုပ်ခဲ့သလဲဆိုတာကို အပိုင်း(၁) အဖြစ် ဖော်ပြပေးဖြစ်ခဲ့ပါသည်။ ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဧရာအောင်စပါးမျိုးဖြစ်ပေါ်လာပုံအကြောင်းကိုလည်း လာမည့်တစ်ပတ်အတွင်း အပိုင်း(၂) အဖြစ် ဖော်ပြပေးသွားဖို့ ရှိပါသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ့ဓလေ့ထုံးတမ်းအရ လယ်ယာလုပ်ငန်းဆိုလျှင် အမျိုးသားများကသာ ဦးဆောင်လုပ်ကိုင်ရမည်ဟူသော အလေ့အထမျိုးရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်းဆိုလျှင် အမျိုး သားများနှင့်သာဆိုင်သည့်သဘောမျိုးအထိပင်။ သို့သော် ယခုနောက်ပိုင်းတွင်ကား လယ်ယာလုပ် ငန်းသည် အမျိုးသမီးများနှင့်ပါ ပိုမိုသက်ဆိုင်သည့်လုပ်ငန်းတစ်ခုဖြစ်လာသည်။ အဘယ်ကြောင့်နည်း။
ရှင်းပါသည်။ လုပ်နိုင်ကိုင်နိုင်အမျိုးသားများ ကုန်ခန်းလာခြင်းကြောင့်ဖြစ်သည်။ တိုင်းပြည်အခြေအနေ အရ တိုင်းတပါးသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်ခြင်းကသာ မိသားစုစားဝတ်နေရေးကို လုံလောက်စွာဖြေရှင်းပေးနိုင်သည့် အဖြေတစ်ခု ဖြစ်လာနေသည်။ အနေအထားကလည်း ယင်းကဲ့သို့အခြေအနေမျိုးကို တစ်နေ့တခြား ပိုမိုတွန်းပို့ပေးနေသည်။ ထို့ကြောင့် ဆက်စပ်ပြီးဖြစ်လာသည်က လယ်ယာလုပ်ငန်းကို အမျိုးသမီးများ မဖြစ်မနေ ဦးဆောင်လုပ်ကိုင်လာရခြင်းမျိုးပဲ ဖြစ်ပါသည်။
အမျိုးသမီးများဆိုသည်က အထက်မှာဖော်ပြခဲ့သလိုပင်။ ဓလေ့ထုံးတမ်းအရဖြစ်တည်လာသည့် တောင်သူမျိုးမဟုတ်။ ထို့အတွက် လယ်ယာလုပ်ငန်းအပေါ် ကျွမ်းကျင်မှုနည်းပါးသည်။ မကျွမ်းကျင် တော့ တောင်သူဆွေးနွေးပညာပေးပွဲများတွင်လည်း ဆွေးနွေးရမှာကို ရှက်ကြောက်ကြသည်။
ဆိုဆိုပါသောအကြောင်းများကြောင့် မိမိတို့နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖို့ဆိုလျှင် အမျိုးသမီးတောင်သူအခန်းကဏ္ဍကိုမြှင့်တင်ပေးဖို့မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း တောင်သူ အကျိုးရှေးရှုသည့်ဆောင်းပါးများရေးနေသော ဆောင်းပါးရှင်ဒို့ဦးလေး၏ ‘ မြန်မာ့လယ်ယာလုပ်ငန်းခွင် အမျိုးသမီးလယ်သမားများကို အားပေးကူညီပေးကြပါ’ ဆိုသည့်ဆောင်းပါးကို ပြီးခဲ့သည့်တစ်ပတ် အတွင်း Green Way တွင် ဖော်ပြဖြစ်ခဲ့ပါသည်။
"ဆရာရေ..အမျိုးသားတွေက ငရုတ်စိုက်ချိန်လောက်သာရှိတာ စိုက်ပြီးတာနဲ့ တချို့ မြို့တက်အလုပ်ထွက်လုပ်တယ် တချို့ကတော့..ထိုင်း၊ မလေး၊ လာအိုမှာ အလုပ်ထွက်လုပ်နေကြတာ။ အဖိုးအဖွား၊ ကလေးနဲ့ မသန်မစွမ်းတွေပဲကျန်တာ" တဲ့။
အဲ့ဒီဆောင်းပါးထဲက တောင်သူတစ်ဦးရဲ့ပြောစကား။ ဆိုတော့ ဒီလိုမျိုးဖြစ်စဉ်တွေဆိုတာ နေရာတော်တော်များများကို ကိုယ်စားပြုနေပါပြီ။ အသေးစိတ်ဖတ်ချင်လိုရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
နောက်ဆုံးအနေဖြင့် ပြောချင်သည်ကတော့ စစ်အတွင်းဒုက္ခရောက်သူတွေမှာ လူတွေချည်းပဲမဟုတ်။ တိရစ္ဆာန်တွေလည်းပါသည်ဆိုသောအချက်။ ရုရှားကျူးကျော်စစ်အတွင်း ထွက်ပြေးကြရမှုများကြောင့် ယူကရိန်းတိရစ္ဆာန်အချို့ ခိုကိုးရာမဲ့၊ စစ်ဒဏ်ထိ ဖြစ်ကုန်ကြသည်။ ယင်းအခြေအနေကြား ထိုတိရစ္ဆာန်များ အတွက် သူရဲကောင်းအမျိုးသမီးတစ်ဦးတော့ရှိနေသည်။ သူ့နာမည်က မစ္စပိုပိုဗာ။
တိုက်ပွဲများကြားပိတ်မိနေသည့်တိရစ္ဆာန်များကို အသက်နှင့်ရင်းပြီး ကယ်ဆယ်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦး။ စိတ်ဝင်စားစရာ၊ လေးစားစရာ အာဂအမျိုးသမီးတစ်ဦးပင်။ သူ့အနေနဲ့ အခုလို ကူညီနိုင်ဖို့အတွက် ဘယ်လိုကြိုးစားရသလဲ၊ ဘယ်လိုအခက်အခဲတွေကို တွေ့ကြုံရင်ဆိုင် ကျော်ဖြတ် ရသလဲဆိုတာတွေ သိချင်လျှင်တော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Green Way ၏ ထုံးစံအတိုင်း ပြီးခဲ့သည့်တစ်ပတ်အတွင်းတွင်လည်း စိတ်ဝင်စားစရာ၊ သိမှတ်စရာ သတင်းဆောင်းပါးပေါင်းများစွာကို ဖော်ပြပေးခဲ့ပါသည်။ တောင်သူလယ်သမားနေ့နှင့်လည်း တိုက် ဆိုင်ခဲ့သည်။ ဘယ်လိုနေ့ပဲဖြစ်ဖြစ် လက်ရှိတွင်တော့ တောင်သူလယ်သမားအများစု မငြိမ်းချမ်းနိုင်ကြ ပါ။ စစ်ဘေးရှောင်ရင်း မိမိတို့၏လုပ်ငန်းခွင်ကို စွန့်ခွာပြေးလွှားနေရခြင်းမျိုးကို သူတို့ခံစားနိုင်မည် မထင်ပါ။ ထိုသူများအားလုံး လိုအင်ဆန္ဒများ ပြည့်ဝကြပြီး မိမိတို့လုပ်ငန်းခွင်ဆီ အမြန်ဆုံးပြန်လာ နိုင်ကြပါစေဟု ဆုတောင်းရင်း ယခုတစ်ပတ် ‘တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ’ ကို နိဂုံးချုပ်လိုက်ပါရစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....