တရုတ်တံတိုင်းက ပြောင်းလိုက်သောဘဝများနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာသတင်းဆောင်းပါးများ
မိမိငယ်စဉ်က နယ်စပ်တွေဆီမရောက်ဖူးတော့ နိုင်ငံတွေဆိုတာ မြေပုံတွေထဲကအတိုင်း လိုင်းကြီးတွေနဲ့ ခြားထားတာမျိုးဟု ထင်မိဖူးသည်။ အရွယ်ရောက်ပြီး နယ်စပ်အချို့ရောက်ဖူးတော့မှ တချို့နေရာတွေက ချောင်းကလေးသာ ခြားထားတာမျိုး၊ တချို့နေရာတွေက ဝါးကပ်ကလေးကာထားတာမျိုး၊ တချို့နေရာ တွေကတော့ ဒီတိုင်း သူ့မြေ ကိုယ့်မြေ သတ်မှတ်ထားတာမျိုး၊ တချို့နေရာကျတော့ ချောင်းကိုဖြတ်ထိုး ထားတဲ့တံတားလေး အလယ်မှာ မျဉ်းလေးတစ်ကြောင်းဆွဲခွဲထားတာမျိုးတွေ ဖြစ်နေသည်ကို သိတော့သည်။ (မိမိတောင် အဲ့ဒီ မျဉ်းပေါ်ဖင်ထိုင်ပြီး နှစ်နိုင်ငံကို ဖင်ခုထိုင်ခဲ့ဖူးသည်)
ထားတော့။ ပြောချင်သည်က သတ်မှတ်ထားမှုတွေအရသာ နိုင်ငံကွဲနေကြခြင်းဖြစ်ပြီး နယ်စပ်ဒေသအချို့ တွင် နေထိုင်သူတချို့က ဟိုဘက်ကော ဒီဘက်ကော အလွယ်တကူ သွားလာအလုပ်လုပ်နေကြခြင်း ဖြစ်သည်။ တချို့က လူမျိုးစုတစ်စုတည်းနှင့် နိုင်ငံသားမတူ ဖြစ်နေကြသည်။ တချို့ ဟိုဘက်နိုင်ငံမှာ မွေးသူတွေက စီးပွားရေး၊ ဈေးရောင်း၊ စိုက်ပျိုးရေးတွေကိုကျ ဒီဘက်ကိုလာလုပ်၊ အပြန်အလှန်အားဖြင့် ဒီဘက်မှာ မွေးသူတွေက ဟိုဘက်ကို အဲ့ဒီလိုမျိုးတွေ သွားလုပ်ဆိုတာမျိုးဖြစ်သည်။ ဆိုတော့ ဒီလိုလူတွေထဲကမှ တရုတ်နိုင်ငံ၊ ရွှေလီမြို့နယ်နှင့် မြန်မာနိုင်ငံဘက်ကြား ခွပြီးနေထိုင်နေသူတွေရဲ့ ဘဝကို အခုတော့ တံတိုင်းတစ်ခုခြားသွားခဲ့ပြီဖြစ်သည်။

အရင်ကတော့ R ဇာနည်ရဲ့သီချင်းလို ‘စည်းတစ်ဖက်ခြား’ အခြေအနေသာ ဖြစ်ခဲ့ရာကနေ အခုတော့ ဖိုးကျော်ရဲ့သီချင်းလို ‘ တံတိုင်းကြီးခြား’ ဖြစ်သွားခြင်းမျိုးပေါ့။
တံတိုင်းခတ်လိုက်သည်ကတော့ တရုတ်နိုင်ငံဘက်ကပါ။ လောင်းကစားနဲ့ မှောင်ခိုတွေလျော့ပါးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီတံတိုင်းကြီးကို ကိုဗစ်မတိုင်ခင်ကတည်းက တည်ဆောက်နေခဲ့တာဖြစ်သည်။ ကိုဗစ် ဖြစ်လိုက်ချိန်မှာတော့ အရှိန်မြှင့်တည်ဆောက်ခဲ့ပြီး အခုတော့ တော်တော်လေး ပြီးသွားပြီဟု ဆိုသည်။ နယ်စပ်ခြံစည်းရိုးလည်းဖြစ်တဲ့ ဒီတံတိုင်းကြီးဖြင့် အောက်ကနေလည်း မြေကြီးတူးတိုးဝင်ဖို့မလွယ်အောင်၊ ကျော်ဝင်လို့လည်းမလွယ်အောင် တရုတ်နိုင်ငံဘက်က စီမံထားသည်။
ဆိုတော့ ဒီစတီးလ်တံတိုင်းကြီးက အဲ့ဒီနယ်စပ်ကိုဖြတ်သန်းပြီး လုပ်ကိုင်စားသောက်နေသူများ၏ လူမှုဘဝ တွေကို ပြောင်းလဲပစ်လိုက်သည်။ ဘယ်လိုတွေပြောင်းလဲပစ်လိုက်သလဲဆိုသည်ကိုတော့ ဆောင်းပါးရှင် ကိုဝေယံဟိန်းရေးသည့် ‘တရုတ်နယ်စပ်က ခြားနားလာသည့်လူမှုဘဝများ’ ဆိုသည့် ဆောင်းပါး (၂) ပိုင်းမှာ ဖတ်ကြည့်ကြပါကုန်။ အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
တရုတ်နယ်စပ်က ခြားနားလာသည့်လူမှုဘဝများ (၁)
‘တရုတ်နယ်စပ်က ခြားနားလာသည့်လူမှုဘဝများ (၂)
ဟုတ်ပါသည်လေ။ တရုတ်ဆိုသည်ကလည်း လက်ရှိတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ အဖြစ် သတ်မှတ်ထားသည်ပဲ။ နောက်ဖေးပေါက်ကို ပိတ်ချင်မှာပေါ့။ ကိုယ်တွေကလည်း တရားအားထုတ် ဘဝမျိုးမှာ နေနေရသည်ကိုး။ သူတို့က တကယ်လည်း မိမိတို့နိုင်ငံနှင့် အကွာခြားကြီးကွာခြားနေပေပြီ။ ဒါနှင့်ပတ်သက်ပြီး ဆောင်းပါးရှင် ဒေါက်တာမျိုးကြွယ်၏ တရုတ်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ အကြောင်းနှင့် ဆက်စပ်ဖတ်ကြည့်နိုင်သည်။
သူတို့ ပညာရေးအားကောင်းသည်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀၀ စာရင်းတွင် တရုတ်ပြည်မကြီးမှ တက္ကသိုလ် (၆) ခု၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တက္ကသိုလ် (၅) ခု ပါဝင်နေသည်။ ဆိုတော့ ပညာရေးအားကောင်းမှုနှင့်အတူ နည်းပညာ၊ စီးပွားရေးတွေ တိုးတက်သည်မှာမဆန်းတော့။ ထုံးစံအတိုင်း ဆရာကြီးက သူတို့နိုင်ငံရှိစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တွေရဲ့ အားကျအတုယူစရာတွေကို ဖော်ပြရင်း မြန်မာနိုင်ငံမှာတော့ ဘယ်လိုမျိုးတွေ ဖြစ်သင့်သည်ဆိုသည်ကို တွေးပြရေးပြထားသည်။
ဆောင်းပါးအပြည့်အစုံ ဖတ်ချင်လျှင်တော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဒီတစ်ပတ်အတွင်း Green Way ရဲ့ သတင်းဆောင်းပါးတွေထဲက နောက်ထပ် စိတ်ဝင်စားမိသည်က ‘ လူသားနှင့် တိရစ္ဆာန်များအတွက် အရေးပါတဲ့အန္တရာယ် - ပဋိဇီဝဆေးယဉ်ပါးမှု’ ဆိုသည့် ဆောင်းပါးဖြစ်သည်။
‘ ရောဂါပိုးမွှားက ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့တဲ့ ဖြစ်စဉ်ကို “ပဋိဇီဝဆေးယဉ်ပါးမှု” လို့ ခေါ်သည်’ တဲ့။ ဒီပြဿနာ သေးလား ကြီးလားဆိုသည်ကိုတော့ အဆိုပါဆောင်းပါးထဲမှာပါသည့် အောက်ပါ စာပိုဒ်လေးကိုသာဖတ်ပြီး သုံးသပ်ကြပါကုန်။
‘ပြဿနာက ဗက်တီးရီးယားပိုးမွှားတွေဟာ သူတို့ကို တိုက်ခိုက်တဲ့ ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတော့ဘဲ ဖြစ်လာနိုင်တဲ့ကိစ္စပါ။ အဲဒီလို ဖြစ်လာရင် ရောဂါပိုးတွေကို မချေမှုန်းနိုင်တော့ဘဲ လူနဲ့ တိရစ္ဆာန်တွေ အလွယ်တကူ သေဆုံးလာတော့မှာ ဖြစ်ပါတယ်’ တဲ့။
ကဲ...ဘယ်လိုလဲ။ ဘက်တီးရီးယားတွေက ပဋိဇီဝဆေးတစ်မျိုးကို ခံနိုင်ရည်ရှိသွားပြီဆိုရင် (ဆေးမတိုးတော့ဘူးဆိုရင်) အဲ့ဒီခံနိုင်ရည်ဗီဇကို တခြားဘက်တီးရီးယားတွေဆီ မျှပေးလိုက်နိုင်သည်တဲ့။ (တော်တော်ဆိုးတဲ့ကောင်တွေနော်) ဆိုတော့ တိရစ္ဆာန်တွေကိုတိုက်ခိုက်တဲ့ ဘက်တီးရီးယားက ဆေးမတိုးတော့ဘူးဆိုရင် အဲ့ဒီဗီဇက လူတွေကိုတိုက်ခိုက်တဲ့ဘက်တီးရီးယားတွေဆီ ရောက်သွားနိုင်သလို အပြန်အလှန်အားဖြင့် လူတွေကိုတိုက်ခိုက်တဲ့ဘက်တီးရီးယားရဲ့ ဆေးမတိုးတော့တဲ့ဗီဇဟာလည်း တိရစ္ဆာန် တွေကိုတိုက်ခိုက်တဲ့ ဘက်တီးရီးယားဆီ ရောက်သွားနိုင်သည်ဟုဆိုသည်။
ဒါကြောင့် တားမြစ်ပဋိဇီဝဆေးတွေကို မသုံးစွဲကြဖို့ဆိုသည်မှာ တကယ့်ကို အရေးပါသည့်ကိစ္စဖြစ်လာသည်။ ဒီတော့ ဒီလိုဆေးယဉ်ပါးမှုတွေဟာ ဘယ်လိုတွေဖြစ်နေပြီလဲ၊ ဒီလိုမဖြစ်အောင် ဘယ်လိုလိုက်နာဆောင်ရွက် ကြဖို့ လိုလဲ ဆိုတာတွေကို ဆောင်းပါးရှင်ဒေါက်တာသက်ခိုင်က ဒီဆောင်းပါးမှာ သေသေချာချာ အကြံပြုရှင်းပြထားပါသည်။
ဖတ်ချင်သည်ဆိုရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဒီတစ်ပတ်အတွက် ရင်ကိုထိရှစေသည့်သတင်းဆောင်းပါးများအကြောင်းကို ဒီမှာတင်ပဲ နိဂုံးချုပ်ပါရစေ။ Green Way ၏ မိတ်ဆွေတောင်သူဦးကြီးဒေါ်ကြီးအပေါင်းနှင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် ပါဝင်ပတ်သက်နေသူ အပေါင်း လိုအင်ဆန္ဒများပြည့်ဝလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရှိကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026