တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ
ဒီတစ်ပတ်အတွင်းမှာတော့ မိုးလေဝသအပိုင်းက အနည်းငယ်စိတ်သက်သာရသည်။ တောင်တရုတ် ပင်လယ်ပြင်ကနေ အစပြုလို့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်အဆင့်ထိဖြစ်မယ့် လေပွေ လှိုင်းက မြန်မာနိုင်ငံကို ဖြတ်ချိန်မှာ နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ ယခင်ခန့်မှန်းလမ်းကြောင်းထက် တောင်ဘက်ကို ရွေ့ပြီး ဝေးသွားသောကြောင့်ဖြစ်သည်။ ဆိုတော့ သက်ရောက်မှု အများကြီး သက်သာ သွားစေသည်။ တနင်္သာရီတိုင်းဘက်တော့ မိုးများနိုင်သည်။ ကျန်သည့်ဒေသများကတော့ အနည်းငယ်သာရွာတော့မည်ဟု မိုးလေဝသစောင့်ကြည့် ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းသည်။ ဆောင်းသီးနှံစိုက်တောင်သူများအတွက်တော့ တော်သွားသေးသည်ဟု ဆိုရမည်။
ပထမဆုံးပြောချင်သည်ကတော့ ယခုတစ်ပတ်ထဲ သတင်းဆောင်းပါးများတွင် တွေ့နေကျမဟုတ်သည့် သတင်းလေးတစ်ပုဒ်ကို ပါလာခြင်းဖြစ်သည်။ ဂျာနူး ရေးသည့် ပုပ္ပားဒေသက သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးသူများထဲတွင် ယခင်ရှိနေပြီးသား ကြွက်များအပြင် ရှဉ့်များပါ တိုးလာခြင်းဖြစ်သည်။ အခုလို ရှဉ့်တွေရောက်လာရသည့်အကြောင်းကကို စိတ်ဝင်စားစရာကောင်းနေသည်။ သတင်းထဲမှ စာပိုဒ် တစ်ပိုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုပါသည်။
“ ရှဉ့်တွေ ကျရောက်တာကတော့ အဲ့ဒီဒေသမှာ ထန်းတောင်သူတွေ နည်းပါးလာပြီး တက်သူမရှိတော့ တဲ့ ထန်းပင်တွေက ထန်းသီးလေးတွေနုလာချိန် ကဆုန်နယုန်လောက်မှာ ရှဥ့်တွေက ထန်းသီးနုလေး တွေကို စားလာကြပြီးထန်းရင့်ချိန် ဝါခေါင်လကုန်လောက်မှာတော့ ထန်းပင်အောက်ရှိ ယာခင်းထဲက ဥလာတဲ့ မြေပဲဥတွေကို ထပ်မံ စားသုံးလာကြတဲ့အတွက် ရှဥ့်တွေအတွက် အစာရေစာ ပေါများစေနေ လို့ပဲ ဖြစ်ပါတယ်”
ဆိုတော့ ဒါလေးကိုဖတ်မိတော့အကြောင်းနှစ်ကြောင်းကို သွားတွေးမိစေသည်။ တစ်ကြောင်းက ထန်းလုပ်ငန်းလုပ်သူ နည်းပါးကုန်ပြီဆိုသည့်အချက်။ အကြောင်းကတော့ စုံပါလိမ့်မည်။ သိကြသည့် အတိုင်း အကြောင်းမျိုးစုံဒဏ်ခံကြရသည်။ ပြီးတော့ ပတ်စ်ပို့ရုံးတွေမှာ ကြိတ်ကြိတ်တိုးနေသည့် အကြောင်းကြောင့်လည်း ပါမည်ဟုထင်ပါသည်။

နောက်ထပ်တစ်ကြောင်း စဉ်းစားမိသည်ကတော့ ဆင့်ကဲရိုက်ခတ်မှုအကြောင်းဖြစ်သည်။ ‘ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပယ်နဂိုရ်က နွားမပေါင်ကျိုး’ တာ ဘာဆိုင်လို့လဲဟု ဆိုသလိုပင်။ ‘ထန်းလုပ်ငန်းလုပ်သူနည်းသွားတာနဲ့ ရှဉ့်တွေပေါလာတာ’ ဘာဆိုင်လို့လဲ ဟု ဆိုရမည်ပင်။ သို့သော် သူ့ဟာနှင့်သူတော့ ဆိုင်နေပြန်သည်။ ဆက်တွေးမိရင်တော့ ရှည်ကုန်မည်။ ကုန် ဈေးနှုန်းတွေမိုးထိုးတက်သွား၊ အခြေခံလူတန်းစားများ ပိုကြပ်တည်းသွားတာ ဘာကြောင့်လဲ ဆိုတာမျိုးထိပါ လျှောက်တွေးမိစေသည်။ ‘ ညောင်ဦးကမ်းပါးပြိုတာကြောင့်ပဲ ဖြစ်မှာပါ’ ဟုသာ တွေးမိပါသည်။
အကြောင်းရင်းလေး နည်းနည်းချော်သွားပြီ။ တကယ်ပြောချင်တာက သတင်း၏ ဆိုလိုရင်းအတိုင်း တတ်နိုင်သူတွေက ကာကွယ်နှိမ်နင်းနည်းတွေနှင့် ကူညီပေးစေလိုခြင်းဖြစ်ပါသည်။ သတင်းထဲက တောင်သူကြီးတစ်ဦး၏ ပြောကြားမှုကိုတော့ စိတ်မကောင်းဖြစ်ရပါသည်။
“ တောင်သူ့အနေထားကတော့ ရပ်ချင်၊ ရပ်ပြန်လို့လည်းမဖြစ်ဘူး။ ရပ် ပိုဆိုးမှာလေ။ လွတ်လို လွတ်ငြားတော့ လုပ်ကြည့်နေရဦးမှာပဲ” တဲ့။
သူ့ဆိုလိုရင်းကို တောင်သူသားသမီးတစ်ဦးပင်ဖြစ်သည့် မိမိ အပြည့်အဝ နားလည်ပါသည်။ ‘ ကျေးဇူး ရှင်တောင်သူဦးကြီးများ’ တဲ့။ နာမည်လေးတော့ လှပါသည်။
မူရင်းသတင်းကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
နောက်ထပ်ညွှန်းချင်သည်ကတော့ အငြိမ်းစားပါမောက္ခဆရာမကြီးဒေါ်မြမြ အပတ်စဉ်ရေးနေသည့် ‘ မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို’ ဆောင်းပါးအကြောင်းဖြစ်သည်။ ဆောင်းပါးအပိုင်း (၂၈) ထိရှိလာပါပြီ။ ဒီမှိုက စိတ်ဝင်စားစရာတော့ ကောင်းသည်။ ယခုတစ်ပတ်မှာတော့ စပါးလင်ပင်မှာ ဒီမှိုထိုးသွင်းလိုက်ခြင်းဖြင့် ရလာသည့် အကျိုး ကျေးဇူးတွေကို သုတေသနရလဒ်များနှင့် ပြောပြထားခြင်းဖြစ်သည်။
အေအမ်အက်ဖ်မှိုကို ထိုးသွင်းလိုက်ခြင်းဖြင့် စပါးလင်ပင်ထဲမှာပါသည့် အထူးဆီကို တိုးစေသည်။ ဒီအထူးဆီက ဘာလုပ်လို့ရသလဲဆိုတော့ အပင်ကိုဒုက္ခပေးသည့် မှိုရောဂါများကို ကာကွယ်ပေးနိုင် သည်။ ထို့ပြင် အပင်ကြီးထွားမှုပိုင်း၊ အထွက်တိုးစေမှုအပိုင်းများကို ရစေသည်ဟု ဆိုသည်။ အေအမ်အက်ဖ်မှိုရဲ့ အကျိုးကျေးဇူးများအကြောင်းကို သုတေသန စမ်းသပ်ချက်အမျိုးမျိုးနှင့်အတူ ဆရာမကြီးက အပတ်စဉ်ဆောင်းပါးများတွင် ဖော်ပြနေခြင်းဖြစ်သည်။
ဒီမှိုက အကျိုးပြုမှုအပိုင်းတော့ တော်တော်မြင့်သည်။ မြေပြင်ရာတွင်လည်းအသုံးဝင်သည်။ အပင်အာဟာရအဖြစ်လည်း အသုံး ဝင်သည်။ ရောဂါကာကွယ်ရေးအတွက်လည်း အသုံးဝင်နေပြန်သည်။
ဆိုတော့ အော်ဂဲနစ်လုပ်ငန်းရှင်များ၊ တောင်သူများ၊ စီးပွားရေးအတွက်အသုံးချလိုသူများအတွက် စိတ် ဝင်စားသင့်သည့် Topic တစ်ခုဖြစ်သည်ဟု ဆိုချင်သည်။ ယခုအပိုင်း (၂၈) ကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။
ကျန်သည့်အပိုင်းများကိုပါ စိတ်ဝင်စားသည်ဆိုပါကမူ Green Way App ထဲရှိ ‘စိုက်ပျိုးရေးကဏ္ဍကြီး အောက်ထဲက ‘အပင်အာဟာရ’ ကဏ္ဍအောက်တွင် ဝင်ဖတ်နိုင်ပါသည်။
စာရှည်သွားပြီမို့ ဒီတစ်ပတ်တော့ ဒီလောက်နှင့်ပဲ ရင်ခုန်စရာအကြောင်းတွေကို အဆုံးသတ်ပါတော့ မည်။ မိမိတစ်ဦးတည်းအတွက်ဆိုပါကမူ အခြားစိတ်ဝင်စားမိသည်များလည်း ရှိပါသေးသည်။ အခုမှ ကြက်စမွေးမည့်သူများအတွက် ဒေါက်တာသက်ခိုင်ရေးသည့် ‘အသားတိုးကြက်မွေးမြူရေး မိတ်ဆက်’ ကလည်း ဗဟုသုတ၊ အသိပညာ ရစေသည်။ အပိုင်းဆက်များ ကျန်ရှိနေသေးသည့်အတွက် နောက် တစ်ပတ်ထဲတွင်တော့ ထည့်ရေးပါဦးမည်။ ကျေးဇူးတင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....