အန်တီအောက်စီဒင့် ဆိုတာဘာလဲ
အန်တီအောက်စီဒင့်ပါတယ်။ အန်တီအောက်စီဒင့်ပါတယ်။ ဆိုတာမျိုး ပတ်ဝန်းကျင်မှာ တော်တော်ကြားဖူးကြမှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့တောင် သိပ်မပြောကြတော့ပဲ အန်တီအောက်စီဒင့်လို့ ဆိုကြတာပါ။ အဲ့လိုဆိုတော့ ခု ဒီထဲမှာ အန်တီအောက်စီဒင့် ဆိုတာ ဘာလဲ၊ လူတွေကို ဘယ်လိုကူညီသလဲ ဆိုတာကို အောက်မှာ လေ့လာကြည့်ကြရအောင်ဗျာ။
အန်တီအောက်စီဒင့် (Antioxidants) ဆိုတာဘာလဲ?
လူတွေဆီမှာ ဆဲလ်တွေကနေ စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေရှိပါတယ်။ သူတို့ကို Free Radical လို့ခေါ်ပါတယ်။ အဲ့ပစ္စည်းတွေ အရမ်းများလာရင်တော့ လူတွေကလည်း မနိုင်တော့ပဲနဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ပါတယ်။ အဲ့လို ဆိုရင် ဆဲလ်တွေက ကောင်းကောင်းအလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့လိုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းက ကြွက်သားတွေ ရောင်ရမ်းတာမျိုး၊ အပြင်ပိုင်းဆိုရင်တော့ နေရောင်ထိတာမျိုး၊ စီးကရက်ငွေ့တွေ ခံရတာမျိုးဆိုရင် အဲ့ Free Radical ထုတ်လုပ်တာတွေက ပိုပြီးတော့ များလာနိုင်ပါတယ်။
များလာရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတော့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာ၊ အဆစ်အမြစ်တွေယောင်တဲ့ရောဂါမျိုး၊ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါမျိုးတွေ၊ မျိုးမအောင်တာမျိုးတွေ၊ ပါကင်ဆန် ရောဂါမျိုး၊ စတဲ့ ရောဂါမျိုးတွေဟာ ဆဲလ်တွေက ဓာတ်တိုးတဲ့ ဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်တဲ့အချိန်မျိုးတွေမှာ ဝင်ရောက်လာနိုင်ပါတယ်၊
အဲ့လို ဓာတ်တိုးတာကို ပြန်ပြီးတော့ ဆန့်ကျင်နိုင်တဲ့ ဓာတ်ရှိတဲ့ ပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်ပါတယ်။ အဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက ခုနကပြောခဲ့တဲ့ Free Radicals တွေကို ထိန်းပေးနိုင်တဲ့ပစ္စည်းကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တာဖြစ်ပါတယ်။
အန်တီအောက်စီဒင့် ဆိုတာ ပစ္စည်းတစ်မျိုးတည်းမဟုတ်ပါဘူး။ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကိုခေါ်တာဖြစ်ပါတယ်။ အဲ့အထဲမှာ
(က) ဗီတာမင် အေ
(ခ) ဗီတာမင် စီ
(ဂ) ဗီတာမင် အီး
(ဃ) ဘီတာ ကယ်ရိုတင်း
(င) လိုက်ကိုပင်း
(စ) လူတင်း
(ဆ) ဆလီနီယမ်
(ဇ) မဂ္ဂနိစ့်
(ဈ) ဇီယန်သင်း စတဲ့ပစ္စည်းတွေပါပါတယ်။
ဘာတွေစားရမလဲ
ဝမ်းသာစရာကောင်းတာက အဲ့ပစ္စည်းတွေအကုန်လုံးက အပင်နဲ့ အပင်ထွက်ပစ္စည်းတွေမှာ စုံလင်အောင်တွေ့နိုင်ပါတယ်တဲ့။ အဲ့တော့ အပင်တွေကို ချစ်ပါ။ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုစားပါ။
ဗီတာမင် အေ။ ။ နို့ထွက်ပစ္စည်းတွေ၊ ဥ အမျိုးမျိုး၊ နဲ့ အသည်း တွေကနေ ရနိုင်ပါတယ်။
ဗီတာမင် စီ။ ။ ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တော်တော်များများမှာ ပါဝင်ပါတယ်။ ချဉ်တဲ့အရသာဆို ပါတာသေချာသလောက်ရှိပါတယ်။
ဗီတာမင် အီး။ ။ အစေ့အဆန်တွေ၊ နေကြာနဲ့ အခြား ဟင်းသီးဟင်းရွက်ဆီတွေ၊ အစိမ်းရောင်နဲ့ အရွက်တွေ များများပါတဲ့ အသီးအရွက်တွေမှာပါဝင်ပါတယ်။
ဘီတာကယ်ရိုတင်း။ ။ အရောင်တောက်တောက် ရှိတဲ့ အသီးအရွက်တွေ ဥပမာ မုန်လာဥနီ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊နဲ့သရက်သီး လိုမျိုးတွေမှာ ပါဝင်ပါတယ်။
လိုက်ကိုပင်း။ ။ ပန်းရောင်နဲ့ အနီရောင်ရှိတဲ့အသီးအရွက်တွေမှာပါဝင်ပါတယ်။ ခရမ်းချဉ်နဲ့ ဖရဲသီးလိုမျိုး အသီးတွေပေါ့။
လူတင်း။ ။ ပြောင်း၊ သင်္ဘောနဲ့ လိမ္မော်သီးလို အစိမ်းရောင်နဲ့အရွက်တွေများများပါတဲ့ အသီးအရွက်တွေလို တွေမှာ အများကြီးပါပါတယ်။
ဆလီနီယမ်။ ။ ဆန်၊ ပြောင်း၊ ဂျုံ၊ နဲ့ ဥတွေ၊ စတဲ့ ပစ္စည်းတွေမှာ ပါဝင်ပါတယ်တဲ့။
တစ်ခြား အစားအစာတွေမှာလည်း အန်တီအောက်စီဒင့်တွေပါဝင်နေပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုရင်
ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ချောကလက်၊ ဇီးသီး၊ စပျစ်သီး၊ လက်ဖက် စတဲ့ စားသောက်စရာတွေမှာလည်း အများကြီး ရနိုင်ပါတယ်။ချက်စားရမလား အစိမ်းစားရမလား
ခရမ်းချဉ်ဆိုရင် ချက်စားလိုက်ရင် ပိုရနိုင်ပါတယ်။ အစိမ်းစားစား ချက်စားစား (၂)မျိုးလုံးကနေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့စားဖို့ပါပဲ။ အများကြီးစားမှာဆိုတော့ အာဟာရတွေ အများကြီး ရမှာပါ။
အဆီတစ်ဝင်းဝင်းနဲ့ ဝက်သား (၃)ထပ်သားကြီးစားမှ အားတွေရှိပြီး ကျန်းမာတာမျိုးမဟုတ်ပါဘူးနော်။ စိုက်ပျိုးရေးထုတ်ကုန်လေးတွေရဲ့ အစွမ်းက အမဲသား ဝက်သားတွေထက်တောင် ကောင်းနေပါသေးတယ်။ တောင်သူဦးကြီးများ ကျန်းမာ အာဟာရပြည့်ဝပြီး အလုပ်တွေ အောင်မြင်ကြပါစေ။
ထွန်းဝင်းကျော်
https://www.medicalnewstoday.com/articles/301506.php
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....