စားနပ်ရိက္ခာဖူလုံရေးအတွက် အမျိုးသမီးတွေ ဘယ်လောက်အရေးပါလဲ..
‘ ကျေးလက်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့တန်းတူလုပ်ပိုင်ခွင့်တွေ ပေးကြည့်လိုက်။ စိုက်ပျိုးမွေးမြူရေးကနေ ထုတ်ကုန်တွေမြင့်တက်လာပြီး လူပေါင်း သန်း ၁၅၀ လောက်နီးပါးကို ပိုပြီး ကျွေးမွေးလို့ရသွားလိမ့်မယ်’ (FAO, 2011)
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ ထုတ်လုပ်ရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးမှာ အမျိုးသမီးတွေရဲ့ကဏ္ဍဟာ အရေးပါတဲ့သော့ချက်တစ်ခုဖြစ်နေတယ်ဆိုတာ ဒီအဆိုက ဖော်ပြနေပါတယ်။

အမျိုးသမီးတွေဟာ နဂိုကတည်းက တောင်သူလုပ်ငန်းနဲ့ ထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အစိတ်အပိုင်းကြီးကြီးမားမားအနေနဲ့ ပါဝင်နေပြီးသားပါ။ ဒါပေမဲ့ ထူးထူးခြားခြား အသိအမှတ်ပြုခြင်း မခံရတာတော့ အခုထိပါပဲ။
တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေရဲ့ ၄၃ ရာခိုင်နှုန်းလောက်ထိကို အမျိုးသမီးတွေက ပါဝင်လုပ်ကိုင်နေကြရတာပါ။
ကျေးလက်ဒေသတွေမှာ အမျိုးသမီးအခွင့်အရေးနဲ့ သူတို့ရဲ့ပါဝင်နိုင်စွမ်းကို မြှင့်တင်ကာကွယ်ရေးဆိုတဲ့ ထုတ်ဖော်တဲ့အသံတွေအများကြီးရှိနေပေမဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် ဒီအပိုင်းကို နားလည်သဘောပေါက်ထားသင့်တယ်ဆိုတဲ့အပေါ်မှာတော့ လက်မခံမှုတွေ ရှိနေဆဲပါပဲ။
ကျေးလက်ဒေသဆီက ကွင်းအလုပ်တွေ၊ အိမ်မှုကိစ္စအလုပ်တွေမှာ အမျိုးသမီးတွေ ဆက်လက်လုပ် ကိုင်နေရဆဲဆိုပေမဲ့ အသိအမှတ်ပြုမခံရတော့ သူတို့ရဲ့အခန်းကဏ္ဍဟာ မြင့်တက်လာတာမျိုးတော့ ရှိမနေပါဘူး။
နောက်ထပ်ပြောရမယ်ဆိုရင် အမျိုးသမီးတွေဟာ သင်တန်းတက်ရောက်ခွင့်ရမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ခံစားရမှုတွေမှာ အကန့်အသတ်တွေရှိနေတာကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ရိုက်ခတ်ခံရမှု သို့မဟုတ် စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ အမျိုးသမီးတွေ တန်းတူခွင့်ရရေးအပိုင်း အခက်အခဲစိန်ခေါ်မှုတွေမှာ နှစ်ဆမြင့်တက်လာပါတယ်။
ဆိုတော့ ကျွန်ုပ်တို့ဟာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ ဘာကြောင့်များ ကျား၊ မ တန်းတူရေးကို အာရုံ စိုက်သင့်တာလဲ? အဓိက အကြောင်းနှစ်ခုရှိပါတယ်။ ‘ လုပ်နိုင်စွမ်း’ နဲ့ ‘အခွင့်အရေးမျှတမှု’ ဆိုတာတွေကြောင့်ပါ။
လုပ်နိုင်စွမ်းဆိုတာ...
စီးပွားရေးစွမ်းဆောင်မှုရှုထောင့်ကကြည့်မယ်ဆိုရင် ကျား၊ မ တန်းတူညီမျှရေးဆိုတာ တကယ့်ကို အရေးပါလှပါတယ်။ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာဆိုရင် မြေယာပိုင်ဆိုင်မှုကန့်သတ်ချက်နဲ့ သွင်းအားစုအရင်းအမြစ်ရရှိမှုပိုင်းတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတွေကြား မမျှတမှုတွေရှိနေတာက ထုတ်ကုန်ထုတ်လုပ်ရေးပိုင်းတွေမှာ ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေပါတယ်။
ဒါကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ အစားအစာထုတ်လုပ်နိုင်မှုအပိုင်းဟာ မြင့်တက်သွားနိုင်မှာပါ။ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO) ရဲ့ အဆိုပြုချက်တစ်ခုအရဆိုရင်တော့ အမျိုးသမီးတွေသာ အမျိုးသားတွေနဲ့တန်းတူ သွင်းအားစုတွေ၊ အခွင့်အရေးတွေ တန်းတူရမယ်ဆိုရင် သူတို့ရဲ့လယ်ယာမြေတွေဟာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ အထွက်ပိုလာပါလိမ့်မယ်တဲ့။
ပြောရမယ်ဆိုရင် ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ၂.၅ ကနေ ၄ ရာခိုင်နှုန်းထိ မြင့်တက်သွားစေနိုင်မှာဖြစ်ပြီး အငတ်ဘေးရင်ဆိုင်နေရတဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းထိ လျော့ကျသွား စေမှာ ဖြစ်ပါတယ်။
အခွင့်အရေးမျှတမှုဆိုတာ..
ကျေးလက်ဒေသကအမျိုးသမီးတွေဟာ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေ၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ အခမ်းအနားတွေ၊ နည်းပညာတွေနဲ့ ပညာရေးပိုင်းဆိုင်ရာတွေမှာ အမျိုးသားတွေလောက် ရပိုင်ခွင့်မရှိ ကြဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO) က ဆိုထားပါတယ်။ ကျား၊ မ တန်းတူ ရေးအပေါ် ပိုပြီးအာရုံစိုက်ပေးခြင်းအားဖြင့် လူမှုရေးပိုင်း အခန်းကဏ္ဍတွေမှာ မကောင်းတဲ့ ရှေးရိုးစွဲ လွှမ်းမိုးမှုတွေကြောင့် အမျိုးသားနဲ့အမျိုးသမီးတွေကြား ခွဲခြားမှုတွေကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။ FAO ရဲ့အဆိုအရတော့ စားနပ်ရိက္ခာလုံလောက်စွာမရခြင်းဟာ အစားအစာ မရှိလို့ကြောင့်မဟုတ်ဘဲ ဆင်းရဲမွဲတေမှုကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။ ပြောရရင်တော့ စားစရာတွေကရှိပေမဲ့ ဝယ်စားဖို့ မတတ်နိုင်ကြတာပေါ့။
သို့သော်ငြားလည်း စားနပ်ရိက္ခာဖူလုံရေးဆိုရင် အစားအစာရနိုင်မှု၊ ငွေကြေးတတ်နိုင်မှု ဆိုတာလောက်ပဲ ထည့်တွက်နေလို့ မရပါဘူး။ လူတွေအတွက် အရည်အသွေးကောင်း၊ အာဟာရပြည့်အစားအစာများ ရရှိရေးဆိုတာကိုပါ တဆက်တည်းထည့်တွက်နေရပါမယ်။ ကျား၊ မ တန်းတူညီမျှမှုမရှိဘူးဆိုရင် အမျိုးသမီးတွေနဲ့ ကလေးတွေဟာ အိမ်တွင်းမှာဖြစ်ဖြစ်၊ အိမ်ပြင်မှာဖြစ်ဖြစ် အစားအသောက်တွေ ရရှိနိုင်ရေးအပိုင်း၊ ရခဲ့ရင်လည်း အာဟာရပြည့်အစားအသောက်ဖြစ်ရေး အပိုင်းတွေမှာ လုံလောက်မှု မရှိနိုင်ဘူးလို့ အထောက်အထားတွေက ဖော်ပြနေပါတယ်။
ကံမကောင်းချင်တော့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်ထဲမှာ ထုတ်လုပ်ရေးပိုင်းတွေ အခွင့်အရေးတွေ နဲ့ပတ်သက်လို့ မျှမျှတတမရတာမျိုး ကျား၊ မ ခွဲခြားမှုမျိုးတွေရှိနေတာက ဒီကဏ္ဍကြီး ကြီးကြီးမားမား ဖွံ့ဖြိုးတိုးတက်လာရေးအပေါ် အဟန့်အတားပြုနေပါတယ်။ နောက်ထပ်အနေနဲ့တော့ အမျိုးသားနဲ့ အမျိုးသမီးတွေကြား လူမှုဆက်ဆံရေးအခန်းကဏ္ဍတွေ၊ ပစ္စည်းပစ္စယတွေ ခွဲခြမ်းရယူမှုတွေမှာ ခွဲခြားထားမှုတွေရှိနေတာကလည်း အာဟာရရိက္ခာဖူလုံရေးနဲ့ မိသားစုကျန်းမာပျော်ရွှင်ရေးတွေအပေါ် သက်ရောက်မှုတွေ ရှိနေပြန်ပါတယ်။
ဒါကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အာဟာရပြည့်ဝစားနပ်ရိက္ခာ တွေ ဖူလုံဖို့ဆိုရင် အမျိုးသမီးတွေ ပါဝင်ဖို့ လိုကိုလိုအပ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့မိသားစုတွေကော၊ အသိုင်းအဝိုင်းအတွက်ကောပါ အစားအစာတွေ ထုတ်လုပ်နိုင်၊ ပြင်ဆင်နိုင်ကြပါတယ်။ ဒါပေမဲ့ ခက်နေ တာက သူတို့ရဲ့ဒီလိုပါဝင်နေမှုအတွက် လုံလောက်တဲ့အသိအမှတ်ပြုမှုမရတာပါပဲ။ အကျိုးဆက်က တော့ ဒီကနေရရှိနိုင်တဲ့ အကျိုးအမြတ်တွေအပေါ် လက်လှမ်းမမီဖြစ်ကြရသလို သင်တန်းပေးတာတွေ ကိုလည်း တက်ရောက်ခွင့်မရကြတော့တာပါပဲ။
ဆိုတော့ အိမ်တစ်အိမ်ရဲ့တာဝန်ကို ခွဲဝေထမ်းပိုးထားရတဲ့ အမျိုးသမီးတွေကို ‘စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ထုတ်လုပ်သူတွေ’ဆိုတဲ့အခန်းကဏ္ဍမှာ အသိအမှတ်ပြုပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာနဲ့အာဟာရဖူလုံရေးတွေ မှာ သော့ချက်တွေဖြစ်နေလို့ပါပဲ။
ဘယ်လိုအကောင်အထည်ဖော်ဆောင်ကြမလဲ..
စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း - စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာ သူတို့ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းတွေနဲ့ နေရာပေးသွားရမှာဖြစ်ပါတယ်။
ပိုင်ဆိုင်ခွင့်များကို တိုးမြှင့်ရရှိစေခြင်း - အထူးသဖြင့်တော့ မြေယာပိုင်ဆိုင်မှုပါ။ အမျိုးသမီးတွေကို မြေယာပိုင်ဆိုင်ခွင့်တွေနဲ့အတူ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ တာဝန်ယူမှုတွေအပေါ် ပိုမိုသဘောပေါက် နားလည် လာစေမယ့်ကမ်ပိန်း (လှုပ်ရှားမှု) တွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
‘ကျား၊ မ တန်းတူရေးလေးစားပေး’ ဆိုသည့်အကျင့်များ မွေးမြူပေးခြင်း - လယ်ယာလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အစီအစဉ်တွေဆွဲတာ၊ သီးသန့်လှုပ်ရှားမှုတွေလုပ်ရာမှာ ကျား၊ မ တန်းတူညီမျှရေးနဲ့ သွားရပါမယ်။ ဒါမှလည်း အမျိုးသမီးတွေ သင်တန်းတွေတက်ခွင့်ရသလို ပူးပေါင်းလုပ်ဆောင်မှုတွေ မှာလည်း မြင့်မားလာစေမှာပါ။
ခေတ်မီနည်းပညာများ အသုံးချတတ်စေခြင်း - ဒါကတော့ အမျိုးသမီးတောင်သူတွေအချင်းချင်း မျှဝေ ဆွေးနွေးမှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။
တီထွင်ဆန်းသစ်မှုတွေအပေါ် လေးစားမှုပြုပေးခြင်း - စိုက်ပျိုးရေးနဲ့ပတ်သက်လို့ အမျိုးသမီးတွေရဲ့ တီထွင်ဆန်းသစ်မှုတွေအပေါ် လေးလေးစားစားနဲ့ လက်ခံပေးခြင်းဖြင့် သူတို့အတွက် အကျိုးအမြတ် ရရှိစေသလို လုပ်သားအင်အားကိုပါ လျော့ကျသွားစေနိုင်ပါတယ်။
အစိုးရအဖွဲ့တွေမှာ အမျိုးသမီးတွေကို နေရာပေးခြင်း - စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးအဖွဲ့အစည်းတွေ၊ ကော်မရှင်တွေမှာ နေရာပေးသွားရမှာဖြစ်ပါတယ်။
လူမှန်နေရာမှန်သတ်မှတ်ခြင်း - ယောကျ်ားလေးဆိုယောကျ်ားလေးသုံးရမဲ့ပစ္စည်းနဲ့ ယူရမဲ့အချိန်၊ မိန်းကလေးဆို မိန်းကလေးသုံးရမဲ့ပစ္စည်းနဲ့ ယူရမဲ့အချိန်တွေကို ပိုမိုသဘောပေါက်အောင် လုပ်ထားမယ်ဆို အလုပ်ပိုတွင်ကျယ်စေမှာ ဖြစ်ပါတယ်။
Ref: https://bit.ly/42M3AT0
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....