သီးနှံများ စိုက်ပျိုးရေးဆိုင်ရာ ကြေငြာချက်
၁။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ (၁၈) မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း (၁၁.၄၅) သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မက်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစဉ်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲ ၈ ရာခိုင်နှုန်း စိုက်ပျိုး ထုတ်လုပ်လျက် ရှိပါ သည်။ ပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်း မှာ မက်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး၊ ဒေသ ရေမြေ ကိုက်ညီမှုပေါ် မူတည်၍ ပဲစဉ်းငုံသီးနှံအား စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီ၌ လည်းကောင်း ပဲတီစိမ်းသီးနှံအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မက်ပဲသီးနှံအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ် လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်/တိုင်းဒေသကြီး အနှံ့အပြားတွင် စိုက်ပျိုးနိုင် သည့် သီးနှံများဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံသီးနှံ အများဆုံး ဝယ်ယူလျက်ရှိသည့် အိန္ဒိယ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ပဲစဉ်းငုံ၊ မက်ပဲ၊ ပဲတီစိမ်း သီးနှံများအား ကန့်သတ်ကုန်စည် အမျိုးအစားအဖြစ် သတ်မှတ်ကာ၊ ပဲတင်သွင်းမှု မူဝါဒ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။
၃။ မြန်မာနိုင်ငံအတွင်း ရေမြေဒေသရာသီဥတုနှင့် ကိုက်ညီပြီး၊ ပြည်တွင်း စျေးကွက် သာမက ပြည်ပ စျေးကွက်ရှိသည့် ဆောင်းသီးနှံများ အနေဖြင့် ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲနီလေး၊ တရုတ်ပဲဝါလေး၊ စားတော်ပဲ၊ နှမ်း၊ မြေပဲနှင့် နေကြာတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် နှစ်စဉ်ဆန်တင်ပို့လျက်ရှိရာ ယခုနှစ် ဆန်တန်ချိန် (၂) သန်း တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းမှလည်း သိရှိရပါသည်။ စပါးသီးနှံအနေဖြင့် ရေရရှိသော ဒေသများတွင် နွေစပါး သီးနှံအနေဖြင့်လည်း စိုက်ပျိုးနိုင်သော သီးနှံ ဖြစ်ပါသည်။
၄။ တောင်သူလယ်သမားများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးမည့်သီးနှံများအား ဓာတုဆေးဓာတ်ကြွင်း မပါဝင်စေဘဲ၊ အစားအစာ လုံခြုံစိတ်ချရမှုရှိမှသာ နိုင်ငံတကာ စျေးကွက်ဝင်သီးနှံများအဖြစ် စိုက်ပျိုး ထုတ်လုပ်ရောင်း ဝယ်နိုင်မည် ဖြစ်သဖြင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (Good Agriculture Practices, GAP ) စနစ် အသုံးပြုစိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ပါ၍ မျိုးနှင့် နည်းပညာ အကူအညီများရယူလိုပါက နီးစပ်ရာ စိုက်ပျိုး ရေး ဦးစီးဌာန၊ ဦးစီးမှူးရုံးများ၊ ခြံ၊ စိုက်ကွင်းများတွင် လေ့လာဆွေးနွေး၊ အကူအညီရယူနိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....