အစိမ်းရောင်လမ်း
အပင်နဲ့ပတ်သတ်သော ရောင်ခြယ်ဆဲလ်များနဲ့ ဟော်မုန်းများ

အပင်နဲ့ပတ်သတ်သော ရောင်ခြယ်ဆဲလ်များနဲ့ ဟော်မုန်းများ

Khant Zaw Htet
Khant Zaw Htet 22/01/2018

Chlorophyll

အပင်တခုအတွက် အရေးပါပြီး အစာချက်လုပ်မှု အစိတ်ပိုင်းဖြစ်ပြီး ၂ပိုင်းခွဲ အလုပ်လုပ်ပါတယ်။ Chlorophyll A နဲ့B ပေါ့ဗျာ။

Chlorophyll A

အစိမ်းရောင်ကနေ အပြာစိမ်းရောင် အထိ အစာချက်လုပ်မှု pigment cellက ဆောင်ရွက်ပါတယ်။ အဓိကအားဖြင့် အလင်းရောင် စွမ်းအင်ကို အပင်စားသောက်မယ့် ဓာတ်ပေါင်းစွမ်းအင်အဖြစ်ပြောင်းလဲကာ အပင်စာချက်စေပါတယ်။

chlorophyll B

အဝါရောင်-အစိမ်းရောင်-သံလွင်စိမ်းရောင်ပြောင်းလဲစေပြီး အလင်းရောင်ကို စုပ်ယူပြီး အဆင့်ဆင့် အပင်စွမ်းအင် ထုတ်ပေးပါတယ်။

Carotenes

လိမ္မော်ရောင် ရောင်ချယ်ဆဲလ်ဖြသ်ပြီး ခါကျက်ဥ ရွှေဖရုံသီး စသည့်တို့မှာ တွေ့ရပါတယ်။

Xanthophylls

အဝါရောင် ရောင်ခြယ်ဆဲလ်တွေအဖြစ် လိမ္မော် ရှောက် ငှက်ပျော စတဲ့အပင်တွေမှာ တွေ့ရပါတယ်။

Anthocyanin

အနီရောင် အပြာရောင် တုံ့ပြန်တတ်တဲ့ Anthocyanin များကိုတော့ စပျစ် ပန်းသီး နှင်းဆီ ပင် စသည်တို့မှာ တွေ့ရလေ့ရှိပါတယ်။

Tannin

Tannin ကိုတော့ အညိုရောင်အရွက်တွေရှိတဲ့ အပင်များမှာ တွေ့ရှိရပြီး အခြားအရောင်များ ပျောက်ကွယ်တတ်ပါတယ်။

Hormone

ဟော်မုန်းကတော့ အပင် တခုရဲ့ အစိတ်အပိုင်းတခုချင်းစီအလိုက် ကြီးထွားမှုကို အားဆေးတဲ့ အရာဖြစ်ပါတယ်။ ဟော်မုန်းကို Auxin, Cytokinins, Ethylene, Gibberellins ဆိုပြီး အုပ်စု ၄ခုခွဲ လေ့လာနိုင်ပါတယ်။

Auxin

အကိုင်းအခက် အသစ်ဖြစ်ပေါ်မှု ပင်စည် အကိုင်း ရှည်ထွက်ရန်လှုံ့ဆော်မှု အသီးကြီးထွားမှု ပုံမှန်မဟုတ်ချိန် အဖူးအခက်ထွက်မှု တွေကို အလုပ်လုပ်ပေးတာ Auxin hormone ပါ။

Cytokinins

အမြစ်အသစ်ဖြစ်ပေါ်မှု ဆဲလ်တွေ ကွဲပြားမှု အဖူးအပွင့်တွေ ကြီးထွားဖို့ကတော့ Cytokinins က အလုပ်လုပ်ပါတယ်။

Ethylene

အသီးတွေ အမှည့်မြန်ဆန်ဖို့က Ethylene က အလုပ်လုပ်ပါတယ်။ အပင်ခန္ဓာကြီးထွားမှုကနေ အသီးဖွံ့ဖြိုးမှု အပြောင်းအလဲအတွက် အသီးတွေရင့်မှည့်ဖို့အတွက် အရွက် အပွင့် အသီးများ ခြွေချဖို့အတွက် စီးပွားရေးသုံးအနေနဲ့ အသီးမှည့်ဖို့ အသုံးများပါတယ်။ Ethylene အကြာင်းတော့ နဲနဲထပ်ပြောချင်ပါတယ်။ သရက် ငှက်ပျောမှာ တို့ဆေးဆိုပြီး စျေးကွက်မှာ ခေတ်စားဖူးပါတယ်။ ethylene သုတ်ထားတဲ့ ethylene gas အုပ်ထားတဲ့ အသီးအနှံများဟာ ရင့်မှည့်ရမယ့်အချိန်ထက်စောမှည့်လို့ စျေးကွက်ကောင်းပေမယ့် လူတွေအတွက် eating quality မကောင်းသလို ကျန်းမာရေးအရ မကောင်းပါဘူး။

နောက်အသုံးပြုတဲ့ နေရာကတော့ ရာဘာစိုက်ခင်း အစေးခြစ်တဲ့နေရာနဲ့ အချို့လျော်ဖြူ အစေးထုတ်ရာမှာ သုံးလာတယ်လို့သိရပါတယ်။ ၁၀ နှစ်သက်တမ်းအထက်ရှိ ရာဘာပင်တွေမှာ အသုံးပြုပေမယ့် အလွန်အကျွံသုံးခဲ့ရင် အပင်အတွက် ဆိုးကျိုးများလှတယ်လို့ စီနီယာ အကိုကြီး စိုင်းစံပွင့်မှ ပြောခဲ့ပါတယ်။

ethylen အသုံးပြုပြီး အစေးခြစ်ခဲ့ရင် အစေးပမာဏ ပိုမိုထွက်ရှိပေမယ့် နောက်ပိုင်းမှာ အဲဒီဆေးဒဏ်ကြောင့် အရွက်တွေဝါကျ ကုန်တယ်။ အစေးခန်းခြောက်ပြီး လုံးဝ အစေးမထွက်တဲ့ အထိ ဖြစ်သွားတတ်ပါတယ်။ အစေးခန်းပင်များသည် ချက်ချင်း မသေတတ်ပါ။ အရွက်ကျန်နေသေးသည့်အတွက် အစာချက်လုပ်မှု ရှိနေမှာ ဖြစ်ပြီး အပင်က အသေတော့ တောင်သူများက အစေးပြန်ထွက်နုူန်းနဲ့ လိုအပ်သည့် အစာများထည့်သွင်း ပေးပေမဲ့ အစေးက ပြန်မထွက်နိုင်တော့ပါ။

အပင်အိုတွေမှာ နောက်ဆုံး အစေးခြစ် ယူမှု အတွက်သာ သုံးသင့်ပါတယ်လို့ ကျွန်တော့ကို သင်ကြားခဲ့ပါတယ်။ စလင်းနယ်က လျော်ဖြူစိုက်သူ တစ်ဦးကလည်း တစ်ခြားနယ်တခုမှာ လျော်ဖြူအစေးထုတ်တဲ့နေရာမှာ ဆေးသွင်းပြီး လျော်ဖြူ အစေးပိုမို ထွက်ရှိပေမယ့် အပင်ကတော့ ဝါကုန်တယ်လို့ ပြောလာတာရှိခဲ့ပါတယ်။ Ethylen လို ဟော်မုန်းကတော့ စနစ်တကျ သုံးသင့်တဲ့ အုပ်စုဖြစ်တဲ့အတွက် အထူးဂရုစိုက် အသုံးပြုစေ့ချင်ပါတယ်ဗျာ။ Gibberellins အကိုင်းတွေ မျိျုးစေ့တွေကြီးထွားစေတဲ့ ဟော်မုန်းပါ။ အသီးကြီးထွားဖို့အတွက်လည်း အသုံးပြုပါတယ်။ အထူးသဖြင့် အပင်အရပ်မြင့်ဖို့ အသီးခိုင်များ ရှည်လျှားဖို့အတွက် အသုံးပြုတဲ့ အပင်ဟော်မုန်းဖြစ်ပါတယ်။

Khant Zaw Htet
 

Theingi Htwe

Theingi Htwe

လွန်ခဲ့သော ၁၁ လ က

auxinအကြောင်း

khaing zaw

khaing zaw

လွန်ခဲ့သော ၅ နှစ် က

ကွမ်းသားတက်များဖို ဘယ်လိုဟော်မုန်းသုံးရမလဲ ဘယ်မှာဘယ်လိုပြောပြိးဝယ်ရမလဲ လမ်းညွှန်ပေးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....