ထောပတ်သီးအစွမ်း (၁၀) မျိုး
၁။ ဆီးကျိတ်ရောဂါ ကာကွယ်ပေးခြင်း- ထောပတ်သီးသည် ဆီးကျိတ် ကင်ဆာဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်သော အသီးတစ်မျိုးဟု ဖော်ပြထားကြသည်။
၂။ ခံတွင်း ကင်ဆာ ကာကွယ်ပေးခြင်း - ထောပတ်သီးတွင်ပါဝင်သော အချို့ ကွန်ပေါင်းများသည် ကင်ဆာ ဖြစ်ပေါ်စေနိုင်သော ဆဲလ်များ(အထူးသဖြင့် ခံတွင်းကင်ဆာဖြစ်ပေါ်စေနိုင်သောဆဲလ်များ) ကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိပြီး ကျန်းမာ သန်စွမ်းသော ဆဲလ်များကို ထိခိုက်မှုမရှိစေဘဲ ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးနိုင်စွမ်းရှိသည်ဟု သုတေသနများတွင် ဖော်ပြထားသည်။
၃။ ရင်သား ကင်ဆာ ကာကွယ်ပေးခြင်း - ထောပတ်သီးသည် သံလွင်ဆီကဲ့သို့ အမျိုးသမီး ရင်သား ကင်ဆာကာကွယ်ပေးနိုင်သော(Oleic acid) ပါဝင်မှုမြင့်သည်ဟု လေ့လာမှုများစွာက ဖော်ပြထားသည်။
၄။ မျက်လုံး ကျန်းမာရေးကောင်းမွန်စေခြင်း- အသက်အရွယ်အရ ဖြစ်ပေါ်လေ့ရှိသော အမြင်အာရုံချို့တဲ့မှုနှင့် မျက်စိတိမ်စွဲရောဂါတို့ကို ကာကွယ်ပေးနိုင်သော (carotenoid lutein) သည် လူသားတို့ နေ့စဉ် စားသုံးလေ့ရှိကြသော အသီးများထက် ထောပတ်သီးတွင် ပို၍ ပါဝင်ပါသည်။
၅။ Cholesterol (ကိုလက်စထရောလ်) ဓာတ်ပါဝင်မှုနည်းခြင်း- Cholesterol အနည်းငယ်သာ ပါဝင်သည့် (Beta-sitosterol) ကွန်ပေါင်းကို ထောပတ်သီးတွင် များစွာတွေ့ရှိရသည်။ လေ့လာမှု တစ်ရပ်တွင် ထောပတ်သီးကို တစ်ပတ်တည်း မှီဝဲစားသုံးရုံဖြင့် Cholesterol ဓာတ် ၁၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု ဖော်ပြထားသည်။
၆။ နှလုံးရောဂါ ကာကွယ်ပေးခြင်း - လူတစ်ဦးနေ့စဉ် စားသုံးသင့်သော folate ဓာတ် ၂၃ ရာခိုင်နှုန်းကို ထောပတ်သီးဖျော်ရည် တစ်ခွက်သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါသည်။ folate ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးသော လူတစ်ဦးတွင် နှလုံးရောဂါဖြစ်ပွားမှုနည်းသည်ဟု လေ့လာတွေ့ရှိထားသည်။ ထောပတ်သီးတွင် ပါဝင်သော ဗီတာမင် E၊ monounsaturated fats နှင့် glutathione ဓာတ်တို့သည် လူတို့၏ နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုသည်။
၇။ လေဖြတ်ရောဂါ ကာကွယ်ပေးခြင်း- Folate ဓာတ်များစွာပါဝင်သော ထောပတ်သီးသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်စွမ်းရှိသည်။ Folate ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးသော လူတို့တွင် လေဖြတ်ခြင်းဖြစ်ပေါ်ရန် အလားအလာ ပို၍ နည်းပါးလှသည်။
၈။ အာဟာရဓာတ် စုပ်ယူမှု အားကောင်းစေခြင်း- အစားအစာများကို ထောပတ်သီးနှင့် ရောစားခြင်းဖြင့် အချို့သော အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်သည်ဟု လေ့လာတွေ့ရှိထားသည်။ လေ့လာမှု တစ်ရပ်တွင် ထောပတ်သီးပါဝင်သော အသုပ်ကို စားသုံးသော သူသည် ထောပတ်သီးမပါသော အသုပ်ကို စားသုံးသောသူထက် carotenoidsဓာတ်ကို ၅ဆ ပိုမိုစားသုံးနိုင်သည်ဟု တွေ့ရှိရသည်။
၉။ Gultathione အရင်းအမြစ် - ထောပတ်သီးသည် ရုပ်ရင့်ခြင်း၊ ကင်ဆာ နှင့် နှလုံးရောဂါတို့ကို ကာကွယ်ရာတွင် အရေးကြီးသည့် antioxidantဖြစ်သော gultathione ဓာတ်၏ အကောင်းဆုံး အရင်းအမြစ် တစ်ခုဖြစ်သည်။
၁၀။ ဗီတာမင် E စွမ်းအင် အရင်းအမြစ်- ထောပတ်သီးသည် လူတို့၏ ကျန်းမာရေး အလုံးစုံကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး ရောဂါဘယ ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်သော ဗီတာမင် E တို့၏ အဓိက အရင်းအမြစ် ဖြစ်သည်။
ဘာသာပြန်- Leo Hkip
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026