အစိမ်းရောင်လမ်း
တိရစ္ဆာန်စာ မြက်မျိုးရင်းဝင်ပင်များ (၁)

တိရစ္ဆာန်စာ မြက်မျိုးရင်းဝင်ပင်များ (၁)

 

စာရေးသူ၏ ဆောင်းပါးလေးများ ရေးသားဖြန့်ဝေရခြင်း၊ အပတ်စဉ် စနေနေ့ညတိုင်း ဗဟုသုတမျှဝေခြင်းဟောပြောပွဲများ (Online Webinar) ပြုလုပ်နေခြင်း ရည်ရွယ်ချက်များမှာ အကြောင်းအမျိုးမျိုး ကြောင့် စိုက်သိပ္ပံ၊ စိုက်တက္ကသိုလ် သို့ မတက်ရောက်နိုင်ကြသော လက်တွေ့စိုက်ပျိုး၊ မွေးမြူနေကြသော တောင်သူဦးကြီး၊ တောင်သူဒေါ်ကြီး၊ ကျေးလက်နေ လူငယ်အားလုံးအတွက် သိပ္ပံနည်းကျစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဖတ်ရှု၊ နားထောင်၊ ဆွေးနွေးရင်း၊ ဗဟုသုတ ရစေလိုသော စိတ်စေတနာဖြင့်ရေးသား၊ ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။

တိရစ္ဆာန်စာအပင်များ စိုက်ပျိုး၊ ပြုစုနည်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၅၊ ၁၆၊ ၁၉၂၊ ၁၉၃) နှင့်တိရစ္ဆာန်စာ ပဲမျိုးရင်းဝင်အပင်ကြီးများ (Tree Legumes) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၂၊ ၇၃) တို့တွင် ရေးသားဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်၊ ဤစားကျက်သီးနှံများ စိုက်ပျိုးပြုစုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေးပါမည်၊  

မြက်များ၏အရေးကြီးပုံနှင့် မြန်မာနိုင်ငံရှိမြက်များအကြောင်းကို ရုက္ခဗေဒပညာရှင် ဒေါက်တာဘို (Botanist - Dr. N.L. Bor) က ၁၉၆၀-ခုနှစ်ကတည်းက တင်ပြဆွေးနွေးခဲ့သည်။ သိပ္ပံနည်းကျဆက်လက်လေ့လာမှတ်တမ်းတင်ဖို့ လိုအပ်လှပါသည်။

(ဃ) အရွက် (Leaf) အဆက်

Grass (မြက်မျိုး) နဲ့ Sedge (မြက်မုံညင်းမျိုး) တို့အကြား ခြားနားချက်များ

၁။ မျိုးရင်းခွဲခြားခြင်း (Family Classification)

အချက်အလက်              Grasses (မြက်မျိုး)             Sedges (မြက်မုံညင်းမျိုး)

မျိုးရင်း (Family)           Poaceae (Gramineae)       Cyperaceae

အမျိုးအစားအရေအတွက် (ခန့်မှန်း)  ၁၂,၀၀၀ မျိုး        ၅,၀၀၀ မျိုး

 

စပါးပန်းပွင့်ငယ် (Spikelet) ၏ဖွဲ့စည်းပုံ

ပန်းပွင့်ငယ် (Glumes) ၂ ချပ် – အောက်ခြေမှ ထောက်ထားသော အကာအကွယ် (Protective bracts) များမှာ အစေ့ခွံအကြီးပိုင်း (Lemma) နှင့် အစေ့ခွံအသေးပိုင်း (Palea) တို့မှာ အ္င်ဂါစုံ ပန်းပွင့်ငယ် (Floret) ကို ကာကွယ်သော အကာများ ဖြစ်သည်၊ ပန်းပွင့်ငယ်အထဲတွင် ပန်းပွင့်အင်္ဂါအစိတ်အပိုင်းများပါဝင်သည်

မြက်မျိုးရင်းဝင်အပင်များ၏ အသုံးပြုမှုများ (Uses of Grasses)

(က) လူသုံးအစားအစာအဖြစ် အသုံးပြုခြင်း

မြက်မျိုးအပင်များမှ ခွဲထွက်သွားသော နှံစားသီးနှံ (Cereal Crops) အမျိုးအစားများသည် လူ့သားတို့၏ အဓိကအစားအစာ ဖြစ်ပါသည်။

ဥပမာများ –

စပါး (Oryza sativa) – အာရှတိုက်အပါအဝင် ကမ္ဘာ့လူအများအတွက် အဓိကအစာ ဆန်/ထမင်း အဖြစ်သုံးပါသည်၊ 

ဂျုံ (Wheat) – ပေါင်မုန့်၊ နံပြား၊ ပလာတာ၊ ခေါက်ဆွဲ တို့အတွက် အသုံးများပါသည်၊

ပြောင်းဖူး (Maize/Corn) – အာဖရိကနှင့်တောင်အမေရိကနိုင်ငံအချို့တွင် အဓိကအစာ အဖြစ်နှင့် စက်မှုလုပ်ငန်းတွင် အသုံးများပါသည်၊ 

ဘာလီ (Barley)၊ နှံစားပြောင်း (Sorghum)၊ အုတ် (Oat)၊ ရိုင်း (Rye)၊ လူးဆပ်စေ့ (Millet) –  တချို့နိုင်ငံ၊ နယ်ပယ်များတွင် အစာအဖြစ် အသုံးများပါသည်၊ 

(ခ) တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုခြင်း (Forage & Fodder)

မြက်များသည် နွား၊ ကျွဲ၊ သိုး၊ မြင်းများ စသည့် စားမြုံ့ပြန်တိရစ္ဆာန်များအတွက် အဓိက အစာ ဖြစ်သည်။

ကွင်းများတွင် လွတ်ကျောင်းစားစေခြင်း (Grazing) သို့မဟုတ် မြက်ခြောက် (Hay)၊ မြက်ချဉ်ဖတ် (Silage) အဖြစ် အသုံးပြုသည်။

ဥပမာများ – နေပီယာမြက် (Napier grass)၊ ဂီနီမြက် (Guinea grass)၊ ဘွဖယ်မြက် (Buffel grass)၊ ပန်းတော်ညို၊ ပန်းတော်ဖြူ၊ မြေဇာမြက်

(ခ) တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုခြင်း (Forage & Fodder)

မြက်များသည် နွား၊ ကျွဲ၊ သိုး၊ မြင်းများ စသည့် စားမြုံ့ပြန်တိရစ္ဆာန်များအတွက် အဓိက အစာ ဖြစ်ပါသည်။

ကွင်းများတွင် လွတ်ကျောင်းစားစေခြင်း (Grazing) သို့မဟုတ် မြက်ခြောက် (Hay)၊ မြက်ချဉ်ဖတ် (Silage) အဖြစ် အသုံးပြုသည်။

ဥပမာများ – နေပီယာမြက် (Napier grass)၊ ဂီနီမြက် (Guinea grass)၊ ဘပ်ဖယ်မြက် (Buffel grass)၊ ပန်းတော်ညို၊ ပန်းတော်ဖြူ၊ မြေဇာမြက်

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Bogdan, A.V. (1977) Tropical Pasture and Fodder Plants.

Bor, N.L. (1960) The Grasses of Burma, Ceylon, India and Pakistan. Pergamon Press. 767p.

Connel, J.; Stur, W. and Horne, P. (2010) Forages and Farmers: case Study from S.E.Asia. ACIAR/CIAT. 120p.

Skerman, P.J. and Riveros, F. (1990) Tropical Grasses. FAO. 832p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

3
nay win tun

nay win tun

လွန်ခဲ့သော ၁ လ က

ကျေးဇူးပါဆရာ

သော်တာအောင်

သော်တာအောင်

လွန်ခဲ့သော ၃ လ က

မင်္ဂလာပါ

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၉ လ က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....