အစိမ်းရောင်လမ်း
Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး

Coffee Mix သောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ သိချင်ပါတယ် ဆရာ။

• Coffee Mix ‘ကော်ဖီမစ်’ ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ‘ကေဖင်း’ အကြောင်းရေးထားတယ်။ အထားခံအောင် လုပ်တဲ့ဓာတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ‘ကယ်လိုရီ’ ကိုလဲ တွက်ချက်ရပါမယ်။ အဆီ ပါဝင်မှုကိုလဲ တွက်ရပါမယ်။

• Instant coffee mix ‘အင်းစတင့် ကော်ဖီမစ်’ နဲ့ Powdered creamer ‘ခရမ်မာ နို့မှုန့်’ နှစ်မျိုးလုံးထဲမှာ High fat levels အဆီပါဝင်မှု များတယ်။ Fatty pork အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောင်ကိုရီးယား ဆေးသုတေသန သတင်းမှာပါတယ်။

• သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Hwang Geum-taek ‘ဟွန် ဂွမ်-တိ’ ကနေပြောတာက အဲဒီ နှစ်မျိုးလုံးထဲမှာ လူတွေ ကျန်းမာရေး နဲ့မသင့်တဲ့ Saturated fat ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ Cholesterol ‘ကိုလက်စထရောလ်’ ကို တက်စေပါမယ်။

• လေ့လာမှုလုပ်သူတွေကနေ ‘အင်းစတင့် ကော်ဖီမစ်’ ၁၁ မျိုးနဲ့ ‘ခရမ်မာ နို့မံ့’ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။

• ‘ခရမ်မာ နို့မှုန့်’ တွေထဲမှာ ၁၅့၄% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ‘ကော်ဖီမစ်’ တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။

• ‘ခရမ်မာ နို့မှုန့်’ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ‘ကော်ဖီမစ်’ အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။

• ‘ကိုလက်စထရောလ်’ များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။

• ၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ် အကြောင်းကို သိပ္ပံပညာရှင်တွေ သိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။

ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓာတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။

ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ Formaldehyde ‘ဖေါ်မယ်လဒီဟိုက်’ ပါနေရင် ကင်ဆာကို ဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

1. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
2. Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/2013/08/caffeine-in-tea.html
3. Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2010/10/coffee-and-your-health.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....