သစ်ပင် တစ်မျိုးတည်းစိုက်ခြင်းရဲ့ ဆိုးကျိုး
ကမ္ဘာမြေကြီးရဲ့ဇီဝအလွှာတွေထဲမှာ အဓိကနေရာက တာဝန်ယူထားတဲ့ မြေဆီလွှာဆိုတဲ့အလွှာမှာ ဇီဝမျိုးကွဲစုံလင်ပါမှ သူတို့ အောက်က Soil Food Web မှာ food chain အစာကွင်းဆက် ပြည့်စုံပြီး ကောင်းမွန်တဲ့ မြေဆီလွှာကို ရစေမယ်။ ကမ္ဘာမြေကြီးကို ပိုမိုကောင်းမွန်တဲ့ အစာကွင်းဆက်ကြီးကို ပြည့်ပြည့်စုံစုံ ဖန်တီးပေးနိုင်မယ်ဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါမယ်။
အပင်တစ်မျိုးတည်းစိုက်ခြင်းက သဘာဝဖျက်ပိုးတွေရဲ့ ဒဏ်ကို မကာကွယ်နိုင်ဘူး။ ဖျက်ပိုးက နှစ်စဉ် ဒါကို ယဉ်ပါးလာတယ်။ အဲ့လိုပဲ မှိုရောဂါတွေကလဲ ပိုဖြစ်တယ်။
အမေရိကမှာ ကျွန်းစိုက်ခင်းတွေမှာ ကျွန်းတမျိုးတည်းကို စိုက်လို့ ၂၀ရာစုနှောင်းပိုင်းမှာ အပင်တွေကို ဝက်ဝံတွေ ဖျက်ဆီးမှု ပိုများလာတာကို တွေ့ရတယ် အဖြေကို ရှာတော့ မိခင်ဝက်ဝံက သူ့သားသမီးတွေကို ကျွန်းပင်ရဲ့ အခေါက်ခွာနည်းကို လက်ဆင့်ကမ်းသင်ပေးတာတွေ့ရတယ်။ ဒီတော့ ကြားညှပ် စိုက်တဲ့အခါ အဲ့ပြသနာ သိသိသာသာ လျော့နည်းသွားတာ တွေ့ရတယ်။ အပင်အမျိုးစုံတော့ ဝက်ဝံလဲ ဘယ်လိုခွာရမလဲ ရောထွေးကုန်တော့ နောက်မျိုးဆက်တွေကို ကောင်းကောင်း မသင်ပေးတတ် သလို သူတို့ကိုယ်တိုင်လဲ မသိတော့ဘူးလေ။
အမြစ်ဇုံ တည်ရှိမှု အနက် အတိမ်အလိုက် ရေစုပ်ယူမှုထိန်းပေးတာကနေ မြေဆီလွှာ တိုက်စားတာကို ကာကွယ်ပေးတယ်။ အပင်နိမ့် တစ်မျိုးတည်းစိုက်ရင် မြေဆီလွှာ အောက်မြေသား ထိန်းသိမ်းနိုင်မှု အားအရမ်း နည်းသွားပေလိမ်မယ်။ ထို့နည်းတူ အမြစ်ဇုံရှည်တာချည်း စိုက်ပြန်တော့ အပေါ်ယံမြေဆီလွှာ အတွင်း နေထိုင်တဲ့ သက်ရှိဇီဝမျိုးစိတ်တွေ ရှင်သန်နိုင်မှု အားနည်းပြီး အစာကွင်းဆက်ကို ပြတ်လတ်စေပြန်တယ်။ ဒါကြောင့် အပင်အနိမ့်အမြင့်အလိုက် မျိုးစိတ်စုံအောင် စိုက်ကြဖို့လဲ အရေးကြီးပြန်ပေတယ်။
မြေကြီးကိုဝယ်လိုက်တာနဲ့ ပိုင်ဆိုင်တာ ကိုယ်တယောက်ထဲလို့ ထင်နေကြတာက လူဆိုတဲ့ သတ္တဝါတွေပါပဲ။
တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီဝမျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တစ်ခုချင်းကို ပြောတာမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။
အဆိုပါဇီဝမျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီဝပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီဝမျိုးစိတ်တွေက အမြောက်အများရှိနေတယ်။
အဆိုပါ ဇီဝမျိုးစိတ် မျိုးကွဲစုံတွေက တစ်ခုနဲ့ တစ်ခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။
ကိုယ်က မြေဝယ်ပြီး ကိုယ်ပိုင်တယ် အထင်နဲ့ လူတွေက သူတို့သန်ရာ မျိုးတွေ သီးသန့်သာ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးမွေးမြူကြမယ်ဆိုရင် နဂိုရှိ သက်ရှိ ဇီဝတွေရဲ့ အစာကွင်းဆက်က အခြေအနေအလိုက် တဖြေးဖြေးချင်းကနေ လုံးဝလည်း ပြောင်းလဲပျက်စီးသွားနိုင်တယ်။
အမှန်တော့ နဂိုက ဓမ္မတာ ဒေသပေါက်ပင်တွေက သဘာဝနည်းအားဖြင့် အဆိုပါဒေသရဲ့ ဇီဝဂေဟစနစ်ကို အလိုလို ထိန်းညှိပေးနေတာ။
အဲ့ဒီတော့ အစာကွင်းဆက် ပျက်တော့ မြေနေ မြေအောင်း ဇီဝမျိုးစိတ်တွေ ဆုံးရှုံးလာတာနဲ့ မြေဆီလွှာပျက်စီးမှုနဲ့အတူ ရေ အစိုဓာတ် ထိန်းသိမ်းမှုပါ နည်းပါးပျက်စီးလာတယ်။ ရှိပြီးသားရေကန်တွေပါ ကောလာမယ်။
အဲ့လိုနဲ့ ၎င်းတို့ထဲက ဒဏ်ခံနိုင်တဲ့ သက်ရှိ ဇီဝမျိုးစိတ်တွေထဲက အချို့က ၎င်းတို့ ရပ်တည်ရေးအတွက် လူတွေစိုက်ပျိုးမွေးမြူတဲ့ အရာတွေစားသောက်ဖျက်ဆီးခြင်းနဲ့ မိမိရော ဂေဟစနစ်ပါ ပျက်စီးခြင်းအဖြစ်ကို ဆိုက်ပါတော့တယ်။
နမူနာအနေနဲ့ စာရေးသူမိတ်ဆွေတွေကိုယ်တွေ့အားဖြင့် မန်ဂျန်စိုက်ခင်း သောင်းဂဏန်းစိုက်ပျိုးပြီးနောက် နေ့စဉ် အပင် ၂၀ ၃၀ ခန့် ရှဉ့်တွေအခေါက်ခွာစားခံရတဲ့ ပြဿနာ။ သစ်မွှေးစိုက်ခင်းတစ်စပ်တစပ်တည်း အပင် သောင်းချီစိုက်ပျိုးခြင်းဖြင့် မှိုရောဂါ ထူပြောလာပြီး မနိုင်မနင်းဖြစ်ကုန်တာတွေ ရှိပါတယ်။ ထို့အတူ အမေရိကားမှာ ကျွန်းတစ်မျိုးတည်းစိုက်ခင်းကြောင့် ဝက်ဝံတွေ အခေါက်ခွာစားတဲ့ဒဏ်ကို ခံခဲ့ရတဲ့ဖြစ်တွေကြုံခဲ့ရပါတယ်။
ဒါနဲ့ တစ်စပ်တည်း ပြောပြချင်တာက လောကမှာ ဘယ်မျိုးစိတ်မှ အလဟသရပ်တည်ရှင်သန်နေတာ မဟုတ်ဘူးဆိုတာကို နမူနာအဖြစ်ပြောချင်ပါတယ်။
မော်စီတုန်း လက်ထက်က ပညာရှိအမည်ခံတယောက်က စာကလေးကောင်ရေ ဘယ်လောက်က လူတွေရဲ့ဆန်စပါးရိက္ခာအရေအတွက် ဘယ်လောက်ကို ထိခိုက်ပျက်စီးစေတယ်ဆိုပြီး အကြံပေးမှုကြောင့် မော်က စာကလေးသတ်ပွဲကို စီရင်စေခဲ့ရာမှာ စိုက်ခင်းတွေမှာ ပိုးဖျက်စီးမှု အလွန်အကျွံခံရပါတော့တယ်။
အိန္ဒိယမှာ ကျားတွေသောင်းကျန်းလို့ဆိုပြီး အင်္ဂလန်က မုဆိုးကျော်တွေခေါ်ယူပြီး သတ်စေရာက ကျားလုံးဝမရှိတော့လို့ စိုက်ခင်းတွေထဲ သမင် ဒရယ်တွေ ဖျက်ဆီးလို့ ကျားကို ပြန်မွေးယူရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေက လူသားတွေရဲ့ မဆင်မခြင်ပြုလုပ်မှုတွေကြောင့် ဆိုးကျိုးပျက်စီးမှုတွေဖြစ်ရတဲ့အပြင် မိမိပယောဂကြောင့် ဒေသတွင့် ရှားပါးမျိုးစိတ်တွေပါ ပျက်စီးလာပြီး အစာကွင်းဆက်အရ တစ်ချိန်တွင်လည်း မိမိတို့နောင်လာနောင်သားများအတွက် အစာရေစာပါ ထိခိုက်လာနိုင်သည်အထိ အရေးကြီးပါကြောင်း စေတနာဖြင့် အသိပေးလိုက်ရပါတယ်။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from KoWaiAung
အားလုံး