အံဝင်ခွင်ကျဖြစ်ဖို့
နည်းလမ်းလေးတွေရှိတယ်။ အရင်တစ်ခေါက်တုန်းက မရေရာမှုတွေအကြောင်းကိုရေးခဲ့တယ်။ အဲတော့ ဒီတစ်ခေါက်က အဲလို မရေရာမှုတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ အံဝင်ခွင်ကျနိုင်မှု ပဲဖြစ်ပါတယ်။
Flexibility လို့ခေါ်တဲ့ သူကတော့ တစ်ခုကနေ တစ်ခုကိုပြောင်းလဲနိုင်တာမျိုး၊ အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ချို့အဖွဲ့အစည်းတွေမှာဆိုရင် သူတို့ ထုတ်ကုန်တွေကို အဲ့လိုလုပ်ထားပေးခြင်းအားဖြင့် ဝင်ငွေကို ကာလအတော်ကြာရအောင်ဖန်တီးပေးထားနိုင်ပါတယ်။ ဥပမာပြောရရင် တစ်မျိုးပြီးတစ်မျိုး အများကြီးစိုက်ထားတဲ့ စိုက်ခင်းကနေ တစ်မျိုးပြီးတစ်မျိုးထွက်တယ်။ တစ်ခုထွက်မလာရင် နောက်တစ်ခုကို အားကိုးလို့ရတယ်ဆိုတဲ့သဘောပါပဲ။ အဲ့လို အံဝင်ခွင်ကျဖြစ်တာကိုမျိုးကိုမှ နောက်ထပ်ခွဲထားတာမျိုးတွေ ရှိပါသေးတယ်။
ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်
(၁) အချိန်ပိုင်းဆိုင်ရာ အံဝင်ခွင်ကျမှု
အဲ့လိုဆိုတာက ဘယ်ချိန်စိုက်မလဲရယ်၊ ထွက်လာတဲ့ထုတ်ကုန်တွေကို ဘယ်လို အချိန်တိုတိုတွင်း ပို့မလဲဆိုတဲ့အချက်တွေဖြစ်ပါတယ်။ သီးနှံကာလကို ခန့်မှန်းထားလို့ရပါတယ်။ ဈေးကောင်းဆုံးရတဲ့အချိန်မှာ အသီးထွက်အောင် ချိန်ကိုက်ပြီးစိုက်လို့ရပါတယ်။ အဲ့လိုစိုက်လို့ ထွက်လာတယ်ဆိုရင် စိတ်အေးရတာပေါ့လေ။ မရေရာမှုတွေကို ပြန်ရချက်နဲ့ ချေပစ်တာပါ။ နောက်ပြီးထွက်လာတဲ့ အသီးအနှံတွေကို ဈေးကွက်ထဲကို အချိန်တိုအတွင်း ဘယ်လိုအစီအမံတွေနဲ့ ပို့မလဲဆိုတာနဲ့၊ ဘယ်ချိန်ခူးမလဲဆိုတဲ့ အချက်တွေပါပါဝင်ပါတယ်။ အဲ့လို အချိန်တွေကို အံဝင်ခွင်ကျ ချိန်သားကိုက်အောင် စီမံနိုင်တယ်ဆိုရင် မရေရာတာတွေကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။
မြေသြဇာကျွေးချိန်၊ ဆေးဖျန်းချိန်၊ ခူးဆွတ်ချိန်၊ စိုက်ချိန်၊ ဈေးကွက်ထဲ အဝယ်လိုက်ချိန်တွေ စတဲ့အချိန်တွေမှာ ကိုက်ညီနေတယ်ဆိုတာကလည်း မရေရာတာတွေကို သေချာစေပါတယ်။
(၂) ကုန်ကျစရိတ် အံဝင်ခွင်ကျမှု
အချိန်ကတော့ လုပ်ရတာ ပညာသားတွေ အများကြီး ပိုပါနေပါတယ်။ ကုန်ကျစရိတ်ကကျတော့ ရနိုင်သမျှ တတ်နိုင်သမျှ လျော့လိုက်ဖို့ဖြစ်ပါတယ်။ ပြီးတော့ နည်းပညာအသစ်တွေမှာ လေ့လာပြီးတော့ ကုန်ကျစရိတ်သက်သာတာမျိုးတွေကို အံဝင်ခွင်ကျ သုံးနိုင်ဖို့ပဲဖြစ်ပါတယ်။ နောင်ရေးအရှည်ကိုကြည့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တတ်တာကလည်း မရေရာမှုတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပါတယ်။
စိုက်ပျိးရေးမှာ မရေရာတဲ့ ဖြစ်စဉ်တွေမှာ နည်းပညာကျွမ်းကျင်မှု အားနည်းတာနဲ့ ကိုယ်ရွေးလိုက်တဲ့ နည်းပညာတွေက မကိုက်ညီတာတွေလည်း ပါဝင်ပါတယ်။ ရွေးစရာနည်းတွေကလည်းများတာကို အဲအထဲကမှ ကိုယ်က အကောင်းဆုံးဆိုတာကို ရွေးချယ်ဖို့လိုပါတယ်။ ဥပမာ အလုပ်သမားတွေနဲ့ စပါးရိတ်မလား ရိတ်သိမ်းစက် ငှားလိုက်မလားဆိုရင် ဆုံးရှုံးမှုနည်းတဲ့ ရိတ်သိမ်းမှုမျိုးကို ရွေးချယ်တာက ပိုပြီးစိတ်ချရပါတယ်။
(၃) ထုတ်ကုန်ရဲ့ အံဝင်ခွင်ကျဖြစ်မှု
အချိန်ကိုလည်း စီမံခဲ့တယ်။ ကုန်ကျစရိတ်တွေကိုလည်း တတ်နိုင်သလောက် လျော့ချခဲ့တယ်။ ထုတ်ကုန်ထွက်လာပြီတဲ့ ဘာဆက်လုပ်ရမလဲဆိုတော့ ဘာတွေအဖြစ် ပြောင်းရောင်းလို့ရမလဲဆိုတာကို စဉ်းစားကြတာပေါ့။ သရက်သီး အလုံးလိုက်ရောင်းနေတယ်။ နည်းနည်းနာတဲ့ အသီးတွေဆို ခွဲရောင်းမယ်။ သရက်ပြင်လုပ်ရောင်းမယ်။ သရက်ယိုလုပ်ရောင်းမယ်။ လှတဲ့ အသီးတွေဆိုရင် ပါကင်လှလှလေး ထုတ်ပြီးရောင်းမယ် အဲ့လိုမျိုးပါ။ ခုလုပ်နေကြတဲ့ အသီးအကြီးတွေ ခွဲတာမျိုးကြောင့်လည်း ဈေးပိုရနေတာ အမှန်ပါပဲ။ မရေရာမှုတွေကို ဖာထေးလိုက်လို့ရတာပေါ့။
ကဲ အခုပဲ ခေါင်းထဲမှာ ပြေးလွှားလိုက်ပါ။ အချိန်ကိုက်ပြီး စိုက်ထားတယ်လား။ အဲ့ဒါဆို အချိန်ကို အံဝင်ခွင်ကျဖြစ်အောင် သုံးထားတာ။ ငါမှန်တယ်။ ကုန်ကျစရိတ် ပိုးသတ်ဆေး လိုမလို သေချာကြည့်ပြီးမှပဲ သုံးတော့မယ်။ မဟုတ်ရင် ဆေးဖိုးကုန်ကျစရိတ်များလို့ ဆိုလို့ တွေးမိရင် ကုန်ကျစရိတ်တွေကို အံဝင်ခွင်ကျဖြစ်အောင် လုပ်လိုက်တယ်လို့မှတ်ပါ။ ထွက်လာရင် ငါတော့ ဖြူနေအောင်ဖွတ်ပြီး သေချာလှောင်မယ် ပြီးမှ အိတ်တံဆိပ်ရိုက်ပြီး ရောင်းမယ်ဆိုရင် ထုတ်ကုန်ကို အံဝင်ခွင်ကျဖြစ်အောင်လုပ်လိုက်တာပါပဲ။
စာတွေလည်းဖတ်ပါ။ အကျိုးစီးပွားတွေလည်း တိုးတက်အောင်စွမ်းဆောင်နိုင်ကြပါစေပါလို့ ဆုတောင်းပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026