သမင်တစ်ကောင်အတွက် အစာချက်လုပ်ပေးရမဲ့ အပင်တွေအပြည့် (၆)ဧက လိုအပ်ပါတယ်
အပင်တွေနဲ့ နေရောင်ခြည်
နေရောင်ခြည်ရှိတိုင်း အစားအစာတွေရတော့မှာပေါ့။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂေဟစနစ် မပျက်သရွှေ့တော့ နေရောင် ခြည်ကနေ ကျွန်တော်တို့ အစားအစာတွေ ရနေဦးမှာပါ။ ဘယ်လိုနည်းနဲ့လဲဆိုတော့ အပင်တွေရဲ့ အထောက်အကူနဲ့ပါ။
အပင်တွေက နေရောင်ခြည်ရယ် လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ရယ် ယူပြီးတော့ ကာဗွန်ဟိုက်ဒြိတ် ချက်လုပ်တဲ့ဖြစ်စဉ်ကို အလင်းမှီစု အစာချက်လုပ်ခြင်းဖြစ်စဉ်-Photosynthesis လို့ခေါ်ပါတယ်။ အဲ့လို ကိုယ့်ဘာသာအစာချက်ပြီးဖြစ်တည်လာတာကို Autotrophs အစာချက်လုပ်သူ လို့ခေါ်ကြပြီးတော့ အဲ့လို အစာချက်လုပ်ထားတာကို မှီတည်ပြီး ဖြစ်တည်လာကြရတဲ့ သူတွေကိုတော့ Heterotrophs (မှီခိုသူ) လို့ခေါ်ကြပါတယ်။ ဒါဆိုရင် autotrophs တွေက အပင်တွေဖြစ်ပြီး အပင်တွေကိုစားတဲ့ အကောင်လေးတွေမှန်သမျှက heterotrophs တွေပေါ့။ heterotrophs တွေက ပိုပြီးတော့များတာကို လက်ခံကြရမှာပါ။
အစားအစာကွင်းဆက်ထဲမှာဆိုရင် အစာချက်လုပ်သူတွေနဲ့ စားသုံးသူတွေကြား အလင်းမှီစု အစာချက်လုပ်တဲ့ဖြစ်စဉ်တွေ အများကြီးလိုအပ်ပါတယ်။ သမင်တစ်ကောင်ဖြစ်ဖို့ အစာချက်လုပ်ပေးရမဲ့ အပင်တွေအပြည့် (၆)ဧက လိုအပ်ပါတယ်။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြောင်းလဲအသုံးပြုပြီး အကျိုးရှိမဲ့ဖြစ်စဉ်ဟာ အစာချက်လုပ်တဲ့ဖြစ်စဉ်ပါပဲ။
ကဲ ဆက်သွားကြစို့ရဲ့။ လူတွေက မှီခိုသူတွေဆိုတဲ့အတိုင်း ချဉ်ပေါင်ရွက်လေးလည်း ခူးစားလိုက်တာပဲ။ ကန်စွန်းလေးလည်း ခူးပြီး ကြော်လိုက်တာပဲ။ အဲ့တော့ လူဦးရေကများလာလေလေ သူတို့ ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က များလာလေလေပဲ။ အဲ့တော့ အပင်တွေ များများစိုက်မှ လေကို အောက်စီဂျင်ပြန်ပြောင်းနိုင်ရုံတင်မကဘူး။ အစားအစာလည်း လုံလောက်မှာ။
အဲ့တော့ လူတွေသိဖို့လိုတဲ့ အလင်းမှီစု အစာချက်လုပ်ခြင်းဆိုတာကို မိတ်ဆက်သဘောလေး ပြောပြမလို့…… အပင်တွေရဲ့ အရေးပါတာကိုလည်း သိရဦးမှာမို့ ပြောပြနေလိုက်တာပါ။
အလင်းမှီစု အစာချက်လုပ်ခြင်းက ဘာတွေလိုပြီး ဘာတွေပြန်ရမှာလဲ။
၁၉ ရာစု အစမှာဆိုရင် သိပ္ပံပညာရှင်တွေက အလင်းမှီစုအစာချက်လုပ်ခြင်း (Photosynthesis) အကြောင်းကို နား လည်လာကြတယ်။ ပြီးတော့ သူတို့ ကောင်းကောင်းသိလာတာကတော့ အလင်းမှီစုအစာချက်လုပ်ခြင်း ဖြစ်စဉ်အတွက် - ရေရယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ရယ်၊ ပြီးတော့ အလင်းရောင်ရယ် လိုအပ်မယ်ဆိုတာကိုပါပဲ။
ပြီးတော့ ကာဗွန်ဟိုက်ဒြိတ်အပြင်ကို အောက်စီဂျင်ကို ပြန်ထုတ်လုပ်ပေးမယ် ဆိုတာကိုလည်း သိမြင်လာကြတယ်။ အယ် ဒါတင်မကသေးဘူး သူတို့ ထပ်ပြီးတော့ လေ့လာကြတာတွေ…
(၁) အပင်တွေက သူတို့လိုအပ်တဲ့ ရေကို စစချင်းတော့ မြေကြီးထဲမှာရှာတွေ့မယ်။ ပြီးတော့မှ အမြစ်တွေကနေ တစ်ဆင့် အပင်အတွင်းထဲကို ရောက်သွားလိမ့်မယ်လို့ တွေးခဲ့ကြတယ်။
(၂) ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ယူမယ်။ ပြီးတော့ အောက်စီဂျင်ကို ပြန်ပြီးတော့ ထုတ်ပေးမယ်။ အဲ့လိုဖြစ်တာလေးက စတိုမာတာ (Stomata) လို့ခေါ်တဲ့ လေရှူပေါက်လေးကနေ လုပ်ပေးတာဆိုတာရယ်။
(၃) အောက်စီဂျင်နဲ့ ကာဗွန်ဟိုက်ဒြိတ်ထုတ်ဖို့ရာအတွက် အလင်းရောင်ကို လိုအပ်တယ် ဆိုတာရယ် သူတို့ ထပ်ပြီးတော့ တွေ့လာကြတယ်။
၁၈၀၄ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အလင်းမှီစု အစာချက်လုပ်ခြင်းဆိုတာကို ညီမျှခြင်းတစ်ကြောင်းနဲ့ ဖော်ပြခဲ့ပါတယ်
![]()
အဲ့လို ဖော်ပြချက်က ယေဘုယျလိုမျိုး ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ ဆယ်စုနှစ်တစ်ခုကြာအောင် ထပ်ပြီးတော့ လေ့ လာကြပြန်ပါတယ်။ နောက်ဆုံးမှာတော့ အောက်က မျှချေကို သူတို့ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။ အဲ့တော့ အဲ့ဒါလေးကိုကြည့်ရင် အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် (၆)လုံးယူပြီး အောက်စီဂျင် (၆) လုံးထုတ်ပေးတယ်။ ရေကိုကျ (၁၂) လုံးယူပြီး (၆) လုံးပြန်ထုတ်ပေးတယ်။ အပင်တွေရှိတာ ကောင်းသလား မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်ပေါ့။ ဘာလို့ကောင်းလဲမေးတော့ ဒါကြောင့်ကောင်းပါတယ်ပေါ့။ ကဲ နောက်တစ်ခေါက်မှာ အစာချက်လုပ်တဲ့အကြောင်းကို ဆက်ပြီးတော့ လေ့လာကြပါမယ်။ အော် မေ့တော့မလို့ ဒီဖြစ်စဉ်တွေ အား လုံးကတော့ အလင်းရောင်ရှိမှ နေရောင်ခြည်ရှိမှဖြစ်တာမို့ နေမင်းကြီးက အားအင်တွေပေးတယ်လို့ ပြောတာပါနော်။ တောင်သူဦးကြီးများ အသိပညာဗဟုသုတ တိုးပွားပါစေကြောင်း …..
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....