အစိမ်းရောင်လမ်း
အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

အိမ်က ပိုးတွေကိုတာ့တာ လုပ်လိုက်ပါ

အိမ်မှာ ဂျပိုးတွေရှိနေတာ တကယ်ကိုစိတ်ပျက်စရာပါပဲ။ တာ့တာလုပ်ဖို့ အချိန်က တန်ပြီ။ အဲ့တော့ အကောင်းဆုံး အိမ်တွင်းဖြစ် ဂျပိုးတွေ ပြေးဆေးကို လုပ်နည်းလေးပြောပေးပါမယ်။

ရှာလကာရည်

ဈေးထဲမှာ တစ်လီတာပုလင်းနဲ့မှ (၂၀၀)တည်းရှိတာ.။ ရေနဲ့ ဆတူရောပြီး ပက်ဖျန်းပေးရင် ပုရွက်ဆိတ်တွေကိုပြေးစေပါတယ်။ နည်းနည်းတော့ အနံ့လေးတွေ ထွက်မှာပေါ့နော်။ ချဉ်စုတ်စုတ်လေး..

စားပွဲတိုင်ခြေတွေ၊ ကုတင်တိုင်တွေ ပုရွက်ဆိတ်လမ်းကြောင်းတွေမှာ သုံးပေးရင် သူတို့မလာတော့ပါဘူး။ ကုန်သွားရင်လည်း ထပ်ပြီး ဖျန်းပေးလို့ရပါတယ်။

ငရုတ်သီး

နောက်တစ်ခုကလည်း အိမ်မှာ ရနိုင်တဲ့ငရုတ်သီးပါပဲ။ သကြားပုလင်းတို့ ထန်းညက်ပုလင်းတို့ ထားတဲ့နေရာတွေမှာ ကြဲထားပေးရင် ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။ ကိုယ် သိပ်မသုံးဖြစ်တဲ့ ကြောင်အိမ်ထဲထည့်ထားပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

နောက်တစ်ခုက Peppermint Oil (ပူစီနံက ထုတ်ထားတဲ့ အနံ့ပါတဲ့ အဆီ)

ခုကတော့ တော်တော်များများဝယ်လိ့ရနေပြီဆိုတော့ ဒါကလည်း မခက်လောက်ဘူး ထင်ပါတယ်။

ပင့်ကူတွေ မ လာအောင် တားဆီးပေးနိုင်ပါတယ်။ ပြီးတော့ ပျပိုးတွေ၊ ကျိုင်းကောင်လေးတွေ၊ သန်းကောင်တွေ စာအုပ်ထဲမှာနေတတ်တဲ့ ပိုးကောင်လေးတွေ စတဲ့ ပိုးကောင်တော်တော်များများကိပြေးစေတဲ့အစွမ်းထက်တဲ့ အိမ်တွင်းဖြစ်ဆေးလေးဖြစ်တာကြောင်ု့ လိုက်လုပ်ပေးကြည့်ပါ။ နည်းလမ်းက ()နည်းရှိပါတယ်။ ပထမနည်းလမ်းကတော့

အဆီကို ဝါဂွမ်းလေးမှာစွတ်ပြီးတော့ ပိုးကောင်လေးတွေလာတတ် ရှိတတ်တဲ့နေရာမှာ ချထားပေးတာမျိုးပါ။

နောက်တစ်မျိုး တစ်ခါတည်း သုတ်ပေးလိုက်လည်း ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း ရေရောပြိးတော့ ဖျန်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ရေရောပြီးပက်ဖျန်းမယ်ဆိုရင်တော့ ပူစီနံအဆီ(၁၀)စက်လောက်ကို ရေ လီတာဝက်လောက်နဲ့ ရောပြီးတော့ ဖျန်းပေးလို့ရပါတယ်

လာဗန်ဒါနဲ့ သစ်ခွပင်တွေ ကနေထုတ်ထားတဲ့ အဆီတွေ

မွှေးမွှေးလေးတွေနော်။ ခြင်ပြေးအောင်သုံးလို့ရတဲ့နည်းလမ်းလေးပါ။ ()ခုကို ပေါင်းပြီးတော့ လိမ်းပေးရင် ကိုက်ခံထားရတဲ့ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ လာဗန်ဒါအဆီကို လိမ်းပေးထားရင် ခြင်ကိုက်တာကိုသက်သာစေပါတယ်။ သူတို့ကလည်း မွှေးမွှေးလေးတွေဆိုတော့ အိမ်ထဲမှာလည်း အနံ့ပိုကောင်းစေတာပေါ့။

reference - https://www.quickenloans.com/blog/

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....