စိုက်ပျိုးရေးလောက အလွဲများ (၁)
ဦးဆောင်မှုပျောက်ဆုံးခြင်း ?
ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင်... ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင်တွေက ဆည်မြောင်း ကန် ချောင်းတွေ ပြုပြင်ဆောက်လုပ်ပေးတယ်။ ပြီးရင် အခွန်ကောက်တယ်။ ရာသီဥတု သမမျှတလို့ ဆန်ရေ စပါးပေါများချိန် တိုင်းပြည် စည်ပင်တယ်။ အင်အားတောင့်တင်းလာတယ်။ အုပ်ချုပ်သူဘုရင် တော်ရင်တော်သလို ပြည်ပနိုင်ငံများက လေးစားခန့်ညားရတယ်။ အဲရှော်တဲ့ ဘုရင်တွေ လက်ထက်ကျတော့လည်း စည်းစိမ်ယစ် မာနထောင်လွှား စစ်မက်ထူပြောရင်တော့ တိုင်းပြည်က နိမ့်ပါးပြန်တာပေါ့လေ။
ထားပါ...ဆိုလိုချင်တာက သူ့ခေတ် သူ့အခြေအနေအရမှာ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ အလုပ်ဖြစ်ခဲ့တယ် ထင်ပါတယ်။ ကိုလိုနီခေတ်ကျ မြို့ပိုင်၊ နယ်ပိုင်တွေနဲ့ အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲပြီး စိုက်ပျိုးရေးကို ဦးဆောင်ခဲ့တယ်။ မျိုးသစ်တွေ သွင်းတယ်။ လယ်ယာလုပ်သား မလုံလောက်လို့ ဘင်္ဂလားက လယ်ကူလီတွေ သွင်းလာတယ်။ ခေတ်မီ နည်းပညာတွေ ပါလာတယ်။ အဲ့တော့ ပြည်တွင်း ရိက္ခာ ဖူလုံရုံမက နိုင်ငံခြားကို တင်ပို့ပြီး တိုင်းပြည် ဝင်ငွေရှာလာနိုင်တယ်။ သူ့ခေတ်မှာတော့ ခေတ်အတော်မီတဲ့ စိုက်ပျိုးရေး ဖြစ်ခဲ့မှာပါ။
ခက်တာက လွတ်လပ်ရေး ရပြီးနောက်ပိုင်း..... နိုင်ငံရေးက မတည်မငြိမ် ခေတ်တွေ စနစ်တွေ ခဏခဏ ပြောင်း။ စနစ်လေးတစ်ခု အသားကျမယ် မကြံသေးဘူး နောက်တစ်ခုပြောင်း။ နောက်တစ်ခုပြောင်းနဲ့ တောမရောက် တောင်မရောက် အဆင့်ကကို မတက်။ ကမ္ဘာမှာက တဟုန်ထိုးပြောင်းလဲသွားပြီ။ ကိုယ်တွေ မှတ်မိသလောက်ကို မြေကြေးရှင်းခေတ်၊ လယ်.စိုက်.ရှင်းခေတ်၊ MAS ခေတ် စသဖြင့် ခေတ်တိုင်းမှာ နိုင်ငံရေးပေါ်လစီ လွှမ်းမိုးမှုက အဓိက ဖြစ်လိမ့်မယ် ထင်ပါတယ်။ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စိတ်ထဲမှာ ဆရာစံခေတ်ကနေ ကနေ့ထိ ကြီးကြီးမားမား အပြောင်းအလဲတော်တော်များများဟာ စပါးကြောင့်လို့ တရားသေခံယူထားတာ(စပါးရူး) လည်း စိုက်ပျိုးရေးလောကအတွက် အနှောင့်အယှက်တစ်ခု ဖြစ်မယ် ထင်ပါတယ်။
မှတ်မှတ်ရရ ၂၀၀၂လောက်က စပါးဈေးတွေထိုးကျလို့ ရိတ်ချွေခတောင် မရတော့လို့ မိုးစပါးတွေ မရိတ်တော့ပဲ အကျွန်းခံထားပြီး တောင်သူတွေ ဘဝပျက်နေချိန်မှာ နွေစပါးစိုက်ကြဖို့ အစိုးရနဲ့ ဌာနဆိုင်ရာတွေက အပူတပြင်း လှုံ့ဆော်နေတာကြုံ ခဲ့ရဖူးပါတယ်။ စိုက်ပျိုးရေးနိုင်ငံ အမည်ခံပြီး တကယ်ဦးဆောင်ရမယ့် စိုက်ပျိုးရေးဌာန အသက်မဝင်တာလည်း အဓိက အချက် ဖြစ်မည်ထင်ပါကြောင်း......
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026