စိုက်ပျိုးရေးလောက အလွဲများ (၇)
ချစ်သောတောင်သူများ..…. (ပုလဲဆိုတာ)
(unicode)
ပုလဲမြေဩဇာ
သို့မဟုတ်
ယူရီးယားဓာတ် ။
အပင်များအတွက် မရှိမဖြစ်လိုအပ်သော...ဓာတ်။
ထိုပုလဲမြေသြဇာနှင့်ပါတ်သက်ပြီး ပညာရှင်တွေ ထောင်းထောင်း
မကပြောခဲ့ကြပြီ ။ ဆွေးနွေးခဲ့ကြပြီးပြီ.....
သို့သော် နားမဝင်သောတောင်သူများကား မဝင်ဆဲ ။
ပုလဲမှ ပုလဲ စွဲသုံးနေသူက စွဲသုံးနေဆဲ ။
မြေတွေလဲ ပျက်လာနေဆဲ..……….
ကျွန်တော်တို့ ဘာဆက်လုပ်သင့်သလဲ
ပုလဲ......
....................
တောင်သူဆွေးနွေးပွဲတိုင်း ပုလဲကို လျှော့သုံးဖို့ ပြောဖြစ်ပါသည်။
တောင်သူနားလည်လွယ်မည့် စကားလုံးအတိုင်း တုတ်ထိုးအိုးပေါက်ပြောသင့်ပြောရသည်။
အမိုးနီးယားဖောင်လား
နိုက်ထရစ်ပုံစံလား
အမိုနီယမ်ကိုမှ ကလိုရိုက်လား ၊ ဆာလဖာအရောလား
လေနဲ့ဓာတ်ပြုတာတွေ ရေနဲ့ဓာတ်ပြုပြီး ထွက်လာတာတွေ
သံဓာတ်အဆိပ်သင့်မှုတစ်ချို့ဟာ ပုလဲစွဲသုံးတာက ဖြစ်လာတဲ့ ဆိုးကျိုး....တစ်ခါတစ်ရံပြောဖြစ်သည်......
ပုံမှန်ပြောဖြစ်တာကတော့ သူတို့နားလည်လွယ်သလိုပြောရတာမျိုး
တောင်သူက ဒုံ သမား ။
ဝေ့ကာဝိုက်ကာ ပညာရှင်ဆန်တာမျိုးကို သိပ်လက်ခံသည်မဟုတ်။
ထို့ကြောင့် ပုလဲအသုံးများရင် ဒုံပေါက်မယ် ၊ ၊ မြေကျွံမယ် အလံနီမယ် (စပါးပင်အလံရွက်နီကြောင်ကြောင်ဖြစ်ခြင်း) စသဖြင့် လုပ်ရသည်။
ပုလဲသည် အပင်ပိုင်းကြီးထွားမှုကို အလွန်အားပေးသည်။မျိုးပွားခြင်း ၊ အသီးအပွင့်များအတွက်မူ သိပ်အသုံးတည့်သည်မဟုတ်။
ဒါ ပညာရှင်တိုင်းလက်ခံထားကြသောကိစ္စ။
သို့သော် တောင်သူအများစု လက်မခံ။
သူတို့သည် ထိုပုလဲကို အပင်သင်တမ်းတစ်လျှောက် လွန်ကဲစွာသုံးစွဲကြသည်။တီစူပါမထည့် ၊ ပိုတက်မပါ သီးနှံမျိုးစုံကို ထိုသို့ စိုက်ပျိုးနေကြသည်။ ပြောလဲ လက်မခံကြ။
ဟင့်အင်း ပုလဲပဲ
အို.... ပုလဲသာ အဖ ပုလဲသာအမိ လုပ်တတ်ကြသည် ။
ချစ်သောတောင်သူများကား နားတစ်ဖက်ပေါက်များ များသည်ကိုး...
တစ်ရက် ဧရာဝတီမြစ်နှင့်ချင်းတွင်းကြားရှိ ရွာလေးတစ်ရွာမှာ တောင်သူဆွေးနွေးပွဲလုပ်ဖြစ်သည်။
မေးရင်း မြန်းရင်း တော်တော်ထူးဆန်းသော ကိစ္စကို သွားတွေ့ သည်။ပုလဲကို မြေခံသုံးကြခြင်း ။စိုက်တာက အစေ့ထုတ်ပြောင်း ။
စိုက်မြောင်း (ဝါ) စိုက်ကျင်းထဲ ပုလဲနှင့်အတူမျိုးစေ့ကိုပါ ရောထည့်လိုက်ကြပါသတဲ့ ။ ။
မြေခံကို ပုလဲသုံးသည်ဆိုသောအဖြစ်ကို အံ့သြလို့မှ မဆုံးသေး ၊အပင်သက်တမ်းတစ်လျှောက်လုံးပါ ပုလဲတစ်မျိုးတည်းကို စွဲသုံးကြသည်ဟု သိလိုက်ရတော့ ဘာဆက်ပြောရမည် မသိ။
သို့နှင့်ဘာ့ကြောင့် ပုလဲကို အဲ့သလောက်ကြိုက်ကြသလဲမေးကြည့်တော့ရှေ့ဆုံးတွင်ထိုင်နေသော အသက်ကြီးကြီး အဘတစ်ယောက် ထလာသည်။
ပုလဲ သုံးရတဲ့အကြောင်းရင်း ၂ ချက်ရှိပါသတဲ့။
အိုကေ... ဘာတွေလဲ အဘ လို့ မေးတော့
ပထမတစ်ကြောင်းက
စိုက်ထားသမျှ အပင်တို့သည် ပုလဲပက်လိုက်လျင် စိမ်းညို သွားလေ့ရှိကြောင်း ၊ ထိုအစိမ်းရောင်တက်လာတာကို တောင်သူတွေက ကြိုက်ကြခြင်းဖြစ်ကြောင်း... ထိုအဘက ပြောသည်။
(ကျွန်တော်တို့ နိုင်ငံအတွင်းရှိတောင်သူများ ပုလဲအသုံးများခြင်း၏အဓိက အကြောင်းရင်းသည် ထိုအရာပဲ ဖြစ်သည်အမြင်နှင့်သဘောကျကြတတ်သည်။ ထိုတောင်သူကြာကို တစ်ဒို့တစ်နပ်စားသမားများက အသုံးချတတ်ကြသည်ကိုမူ တောင်သူများ မသိကြ..) ၊ကျွန်တော်က ထိုအဘကို အထွန့်တက်သည်။ပုလဲဆိုသည်မှာ တက်လွယ် ကျလွယ်သဘာရှိကြောင်း ၊ စိမ်းလာမည် ပြီးလျင်အရောင်ကျသွားမည်.…………
အဘက လက်မခံကျွန်တော်ကို ကျွန်တော့်ကို လက်ညှိုးထိုးပြီးမင်း... ငါတို့အပင်တွေကို ကျကြောင်းလာမပြောနဲ့တဲ့
ငါတို့က ငါတို့အပင်တွေကို အကျကိုမခံတာကွ တဲ့ ဘယ်လိုလုပ်သတုန်း အဘရဲ့ ဆိုတော့ ဟ... ကျမယ်လုပ်ရင်း ပုလဲကျွေးရင်းဆိုတော့ ကျဘူး လေကွာတဲ့
ဘုရား ဘုရား.....
ဆက်လက်စူးစမ်းလိုက်တော့ ...
တစ်ဧက ကို ပုလဲချည့် ၅ အိတ်ကနေ ၁၀ အိတ်အထိသုံးပါသတဲ့
ထိုအဘ ပြန်ထိုင်တော့နေအုံးအဘ ပုလဲသုံးရတဲ့အကြောင်း ၂ ချက်ဆိုနောက်တစ်ချက်က ဘာတုန်း ပြောအုံးလေဆိုတော့
ကျွန်တော့်ဖက်ပြန်လှည့်ကာ" ဟ ဟကောင်ရ မိရိုးဖလာဟ ပုလဲ သုံးတာ..."ကိုင်း ဘာဆက်လုပ် ဘာဆက်ပြောရမည်နည်း..….
အိုဘယ့် ပုလဲ ဟုသာ ညည်းလိုက်ချင်မိတော့သည်။
ဒီနေ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....