Organic Food (အော်ဂဲနစ်) အစားအစာ
“လူသည် အစုံစား သတ္တဝါဖြစ်သည်။ အသား-ငါး၊ အသီး-အရွက်၊ ပဲစားသည်” လို့ မြန်မာတွေက ပြောတယ်။ သူများတွေက “လူ့ခန္ဓာက အသား၊ အဆီ၊ သကြား၊ ဆား၊ အကုန်စားဘို့ လိုသည်” လို့ ပြောကြတယ်။ အတူတူပါဘဲ။ အသားစား-မစား ရှုဒေါင့်ကနေ ပြောတာနဲ့ ကျန်းမာရေးနဲ့ သင့်-မသင့် ဒေါင့်ကနေ ပြောတာသာ ကွာတယ်။
“ထမင်း ဘယ်ကရသလဲ၊ ထမင်းအိုးထဲက ရတယ်” လို့ ရှေးလူကြီးတွေက ရီစရာ ပြောခဲ့ကြတယ်။ အခုလည်း “စားတဲ့ အစား-အစာတွေက ဘယ်က လာသလဲ” လို့ ခေတ်လူတွေက မေးလာနေကြပြီ။ ကိုယ့်နယ်မြေ-ဒေသမှာ စိုက်တာတွေလား၊ စိုက်ပျိုး-မွေးမြူရေး ခြံတွေကလား၊ စားကျက်-မြက်ခင်းမွေးတွေလား၊ မြေသြဇာ-ပိုးသတ်ဆေးတွေ သုံးသလား။ ပြောသေးတယ် “ခင်ဗျား ဘာစားသလဲ ဆိုတာ ခင်ဗျားရဲ့ အဆင့်အတန်းဘဲ” တဲ့။ အဆင့်ရှိချင်ရင် Go organic လုပ်ပါ။
(အော်ဂဲနစ်) ဆိုတာဘာလဲ။ ကျောင်းစာသင်ဘူးသူတွေတောင်မှ ခေါင်းရှုတ်ရတဲ့ စာလုံးပါ။ Organic ကို Carbon ပါတာတွေကို လေ့လာတဲ့ ဓါတုဗေဒ လို့သာ သင်ရတယ်။ "စားစရာလဲ မဟုတ်ပါလား။" နောက်မှ သိလာတာက စျေးလည်းကြီး၊ သီးသီး သန့်သန့်လည်း ရောင်းတဲ့ စားစရာတွေကို ခေါ်ကြတာကိုး။ ဘာကွာလို့လဲ။
“(အော်ဂဲနစ်) လုပ်ပါ၊ (ဆူပါမားကက်) က ဟာတွေ ဝယ်မစားဘဲ၊ လတ်လတ်-ဆတ်ဆတ် ခြံထွက်စားပါ။” “ကိုယ်သိတဲ့ ခြံသမား-လယ်သမားဆီကဟာ ဝယ်စားတာ ကောင်းတယ်။” ဆိုကြပေမဲ့ အဲလို စားနိုင်တာ အမေရိကားမှာ အခုမှ ၃% ဘဲ ရှိသေးတယ်။ ဘာ ပိုကောင်းလို့လဲ။ အာဟာရဓါတ် ကတော့ သိပ်မကွာလှဘူး။ အရသာကြ သူတမျိုးပြော၊ ငါတမျိုး ပြောကြတယ်။ စျေး မနဲပေမဲ့ အဆီ နဲတယ်။ ကျန်းမာရေး ပိုကောင်းပါတယ်။
“(အော်ဂဲနစ်) အစာက စျေးပိုကြီးတာကိုး” လို့ ပြောနေသူတွေက SUV (လပ်ဇူရီ-ဆလွန်း) ကားတော့ ဝယ်စီးနေကြ မဟုတ်လား။ သူများအမြင်ကောင်းဘို့သာ Show of wealth လုပ်နေကြပြီး၊ Show of health မလုပ်ကြတာ ဖြစ်နေကြတယ်။
အသီးအနှံတွေမှာ ပိုးမျိုးစုံသတ်ဆေး မပါတာက ကျန်းမာရေးအရ ကောင်းတယ်။ အသားတွေမှာ အပိုဆောင်း ပါနေတာက Hormones ဟော်မုန်း သာမက Antibiotics ပဋိဇီဝဆေးတွေ ပါနေတယ်။ ဆေးတွေပါတာ ကောင်းတယ် မထင်ပါနဲ့။ MRSA ဆေးယဉ်တာ ဖြစ်စေတယ်။ ကျန်းမာရေး သမားတွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ ဒီ (အစ်ရှူး) ခေတ်စားလာမှ Organic vs Inorganic ဆိုတာကို ပြန်ဆန်းသစ်လာကြတယ်။ အရင်က (အော်ဂဲနစ်) ဆိုတာ Biological origin ဇီဝ-အခြေခံ နဲ့ (အင်-အော်ဂဲနစ်) က Mineral ဓါတ်ဆား-အခြေခံလို့ မှတ်ယူခဲ့တယ်။ နောက်တော့ အတုနဲ့ အစစ် သဘော ဆန်ဆန် မြင်လာကြတယ်။
Organic foods ဆိုတာ အတုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ထားတာလို့ အကြမ်းပြောရင် ရတယ်။ စိုက်ပျိုးရေး အကြောင်း လူတွေ စသိကြတုံးကတော့ (အော်ဂဲနစ်) အစစ်ပါဘဲ။ အတုကိစ္စ အပြစ်ချရင် ၂ဝ ရာစုက လူတွေဘဲ။
ပိုးသတ်ဆေး သုံးရာမှာ စနစ်ကျအုံးတော့ လူကိုသာမက ပါတ်ဝန်းကျင်ကိုပါ အန္တရာယ်ရှိစေတယ်။ Organophosphate pesticides ပိုးသတ်ဆေးတွေကြောင့် ဗိုက်နာရောဂါ၊ ခေါင်းမူးတာ၊ ပျို့-အန်တာ၊ အရေပြားနဲ့ မျက်စိ ထိခိုက်တာတွေ ရစေတယ်။ ပိုဆိုးရင် မှတ်ဉာဏ် ထိခိုက်တာ၊ ကင်ဆာ၊ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်၊ မွေးရာပါချို့ယွင်းတဲ့ကလေး မွေးတာတွေ ဖြစ်စေနိုင်တယ်။
၂ဝဝ၉ ခုနှစ် ဥရောပ-ကော်မရှင်ကနေ ၅ နှစ်တာ (အော်ဂဲနစ်) ဟုတ်တာနဲ့ မဟုတ်တာ ဘာကွာသလဲ လေ့လာမှုတခု လုပ်ခဲ့တယ်။ သိသိသာသာ ကွာပါသတဲ့။ (၁) ဗီတာမင်၊ အဆိပ်ပျယ်ဓါတ်၊ အိုမီဂါ ၃-၆ အချိုးအစားများတယ်။ (၂) မလိုလားအပ်တဲ့ Heavy metals, Mycotoxins, Pesticide residues and Glyco-alkaloids နည်းတယ်။ (၃) ဝမ်းကနေကူးပြီး ရောဂါရစေတဲ့ Salmonella ပိုး ပါတာတွေမှာ ကွာတယ်လို့ ဆိုပါတယ်။
“ခင်ဗျားတို့ စားနေတဲ့ အစာက ခင်ဗျားတို့ကို သတ်ပြစ်နေတယ်” လို့ ပြောရင် စော်ကားတာလား။ နာမည်ကြီးအောင် အော်တာလား မေးနိုင်တယ်။ ဆက်ပြောသေးတယ် “ခင်ဗျားတို့တင် ဘယ်ကမလဲ၊ ကမ္ဘာဂြိဟ်ုကြီးကိုပါ သတ်နေတာ” တဲ့။ အခုခေတ်မှာ ရာသီစာ-အသီးအနှံဆိုတာတွေ ရာသီမရွေး ရနေလို့ အစားတွေကို မိုင် ရာ-ထောင်ချည် ဝေးရာကနေ လေယျာဉ်-ကား-ရထား-သင်္ဘောတွေနဲ့ သယ်ပို့ရတာမို့ (ကာဗွန်) တွေ လောင်စာတွေ ကုန်စေတယ်။ သိုလှောင်တာကလဲ အအေးခန်းမို့၊ CCF တွေများ၊ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်နေတာ စက္ကန့်မလပ် မဟုတ်ပါလား။
တရုပ်ကနေလာတဲ့ နို့မှုံ့လဲ မဝယ်ရဲကြတော့ပါ။ လူတွေ ပိုဝလာနေကြတာဟာ စားတာတွေထဲမယ် High-fructose syrup အချိုရည်နဲ့ ဆားတွေ များလို့ပါ။ လူတယောက်မှာ လိုတဲ့ ကယ်လိုရီက ၂၃၅ဝ ပေမဲ့ စားနေတာက ၃၈ဝဝ၊ ပိုတာတွေက ဗိုက်စူ၊ လူဝစေတယ်။ မိန်းကလေးတွေ ၇ နှစ် သမီးနဲ့ အရွယ်ရောက်လာနေတာ ဒါကြောင့်လို့ လက်ညှိုးထိုးထားတယ်။
(အော်ဂဲနစ်) နွားနို့ Organic milk ဆိုတာ ဘာလဲ။ နွားအစစ်ကနေ ညှစ်တာ၊ အဲဒီနွားကို (အော်ဂဲနစ်) အစာကြွေး မွေးထာတာ၊ ဟော်မုန်း တိုက်မထားဘူး။ ရောဂါရရင်လဲ တားထားတဲ့ဆေးနဲ့ မကုဘူး။ နွားထားတဲ့ ခြံကလည်း ကျယ်ကျယ် လွင့်လွင့် သန့်သန့်ပြန့်ပြန့် ရှိရမယ်။ အကောင်တွေ သယ်ပို့တာကအစ တိရစ္ဆာန်ကို လူလောက်နီးနီး ဆက်ဆံသင့်တယ်။
ဒါကြောင့် Organic farming မွေးမြူရေး၊ Organic clothing အဝတ်အစား၊ Organic gardening ဥယျာဉ်၊ Organic Rocks ကျောက်၊ Organic living နေထိုင်နည်း၊ Organic store ဆိုင်၊ Organic products ကုန်ပစ္စည်း၊ Organic growth ဘဏ္ဍာရေး၊ စုံနေအောင် ရှိနေပြီ။ အော်ဂဲ မနစ်ရင် ခေတ်မမီဘူး။ သေခြာတာကတော (အော်ဂဲနစ်) စစ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
Dr. တင့်ဆွေ
ဒေါက်တာတင့်ဆွေ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026