အစိမ်းရောင်လမ်း
နှမ်းရိုကို မီးမရှို့ပါနဲ့ အကျိုးရှိရှိ သုံးပါ

နှမ်းရိုကို မီးမရှို့ပါနဲ့ အကျိုးရှိရှိ သုံးပါ

ပြီးခဲ့တဲ့အပတ်ထဲက မကွေးတိုင်းဒေသကြီးဘက်ကို ခရီးထွက်ခဲ့ရင်း လမ်းခရီးတစ်နေရာရောက်တော့ လယ်ကွင်းထဲမှာ နှမ်းရိုးကို မီးရှို့နေတာ တွေ့ရပါတယ်။ စိုက်ပျိုးရေးသမားပီပီ မီးရှို့နေတဲ့နေရာ အရောက်သွားကြည့်မိပါတယ်။ မီးရှို့နေတဲ့ လယ်သမားကြီးကိုလည်း တွေ့ပါတယ်။ စာရေးသူက နှမ်းရိုးကို မီးမရှို့ဘဲ လယ်ကွက်ထဲ ဒီအတိုင်း ထည့်လို့မရဘူးလားလို့မေးတော့ "ရတော့ရတာပေါ့ ဆရာ၊ ဒါပေမဲ့ နှမ်းရိုးကို လယ်ကွက်ထဲ လိုက်ထည့်နေရတာ ပင်ပန်းတာပေါ့။ နှမ်းရိုးပြားလေးဆိုတော့ အလွယ်လေးဖြန့်လိုက်ရုံပဲ" လို့ ပြန်ဖြေပါတယ်။

တောင်သူလယ်သမားကြီးက "ဒါနဲ့နေပါဦး ဆရာကြီးက ဘယ်ကတုန်း၊ ဘာကိစ္စတုန်း"လို့ မေးတော စာရေးသူက ပြန်ဖြေလိုက်တော့မှ "သြော် ဆရာကြီးက စိုက်ပျိုးရေးပညာရှင်ကြီးကိုး။ ကဲ ဆရာကြီးက ဘာဖြစ်လို့ နှမ်းရိုးကို မီးမရှို့စေချင်တာလဲ။ အကျိုးအကြောင်းလေး ရှင်းပြပါဦး" လို့ဆိုတော့"နှမ်းရိုးတွေက မြေကြီးထဲ ထယ်ထိုးထွန်မွှေမြှုပ်ပေးလိုက်ရင် ဆွေးလွယ်တယ်ဗျ။ မြေဆီလွှာ ပြုပြင်ရာမှာလည်း အကောင်းဆုံးဗျ။ မြေဆီလွှာကိုလည်း အာဟာရဓာတ်တွေနဲ့ ပြည့်စုံစေတယ်လို့ မြေဆီလွှာပညာရှင်တစ်ဦးက ဆိုထားတယ်ဗျ။

ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက တောင်သူတွေက နှမ်းရိုးကို မီးရှုိ့ပစ်ကြတယ်။ စပါးစိုက်ပျိုးတဲ့အခါ တောင်သူလယ်သမားအများစုက ယူရီးယားတစ်မျိုးပဲထည့်တယ်။ ဖော့စ်ဖရပ်တို့, ပိုတက်စီယမ်တို့ မထည့်ကြဘူး။ ကြာလာတော့ မြေဆီလွှာမှာ အာဟာရဓာတ်တွေ ချို့တဲ့လာတယ်။ မြေလည်းပျက်လာတယ်။ နှမ်းရိုးကို ထည့်ရင် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်တို့ရသလို၊ အဓိကပိုတက်စီယမ်ဓာတ်လည်းရတယ်။ စပါးအထွက်လည်းတိုးတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။

စပါးခင်းထဲကို နှမ်းရိုးထည့်ရင် စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ စပါးအထွက်တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စိမ့်ဆွဲမြေ၊ ဒုံပေါက်မြေတွေကို ပြုပြင်ဖို့ ခက်ခဲနေရင် သီးနှံတစ်ရာသီလှပ်ထားပြီး နှမ်းရိုးရသမျှ နှစ်နှစ် သုံးနှစ် ဆက်တိုက်ထည့်ပေးရင် မြေပြန်ကောင်းလာတယ်လို့လည်း ဆိုပါတယ်။ နှမ်းရိုးမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါတဲ့အတွက် မြေကြီးထဲထည့်ပြီး နှမ်းရိုးမဆွေးမြည့်မီကဘဲ နှမ်းရိုးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ရဲ့ ၄၀ ရာခိုင်နှုန်းကို စပါးပင်ကရတဲ့အတွက် စပါးအထွက်တိုးစေတယ်လို့ ဆိုပါတယ်။ စပါးခင်းထဲမှာ နှမ်းရိုးတစ်တန်၊ မြေဆွေးဖြစ်သွားစေလျှင် နှမ်းရိုးမှာ ယူရီးယား ၂၅ ပေါင်၊ ပိုတက်စီယမ် ၃၅ ပေါင်နှင့်ညီမျှတဲ့ ဓာတ်တွေ ရရှိနိုင်တယ်။ နှမ်းရိုးမှာ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် ၀ ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနဲ့ ကာဗွန်နိုက်ထရိုဂျင် ၃၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။ နှမ်းရိုးကို မီးရှို့လိုက်ရင် ပါဝင်တဲ့ဓာတ်တွေ ဆုံးရှုံးသွားတယ်ဗျ။

နှမ်းစိုက်ခင်းတစ် ဧကကို ရိတ်သိမ်းရင် နှမ်းရိုး ၁ ဒသမ ၅ တန် ကျော်ရရှိနိုင်တယ်။ စပါးခင်းတစ်ဧကအတွက်လုံလောက်တယ်။ ဒါ့ကြောင့် နှမ်းရိုးကို မီးမရှို့ဘဲ လယ်ထဲကို ထည့်ပေးမယ်ဆိုရင် အကျိုးကျေးဇူးတွေရမှာ သေချာတယ်ဗျာ"

ဟုတ်ပြီဆရာ။ ကျွန်တော် နှမ်းရိုးကို မီးမရှို့တော့ဘဲ ဆရာပေးတဲ့နည်းအတိုင်း လယ်ထဲထည့်တော့မယ်ဆရာ"

ကောင်းလိုက်တာဗျာ ကျွန်တော်လည်း ခရီးဆက်လိုက်ဦးမယ္်နော်

မောင်ငြိမ်းအောင် (တန့်ဆည်)

Source - ဒို့ကျေးရွာဂျာနယ်

 

 

myatsoe

myatsoe

လွန်ခဲ့သော ၁၁ လ က

နှမ်းဖိုရောဂါဘယ်လိုကာကွယ်မလဲ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....