လက်ဖက်အရွက်စိမ်းမှသည် လက်ဖက်သုပ်ဆီသို့
ကမ္ဘာမှာမြန်မာ့လက်ဖက် သုပ်ဟာနာမည်ကြီးပါတယ်။ အမေရိကန်နိုင်ငံသူ တစ်ယောက်ကတော့ပြောဖူး ပါတယ်။ဆန်ဖရန်စစ္စကိုမှာအရမ်း နာမည် ကြီးတဲ့မြန်မာအစား အစာဆိုင် ရှိပါတယ်တဲ့။ အဲ့ဒီ့ဆိုင်က လက်ဖက်သုပ်ကို စားဖို့အတွက် တစ်နေ့တစ်နေ့ တန်းစီနေတဲ့လူတွေ လည်းမနည်း ပါဘူး တဲ့(ဒီ အကြောင်း ကိုနောက် ဆောင်းပါးတစ်ပုဒ်ရေးပါ အုန်းမယ်။)။ ကဲ ဒီလောက်ကောင်း လှတဲ့ လက်ဖက်၊ ဟိုးအရွက်စိမ်းဆီကနေစားပွဲ အရောက် လက်ဖက်သုပ်ထိ ဘယ်လိုဖြစ်လာလဲဆိုတာ သိချင်တာနဲ့လေ့လာရင်း အစားကောင်းစားခင်တဲ့သူ သတိရဆိုသလို ဒီပြုလုပ်နည်း အဆင့်ဆင့်ကိုပြန်လည်ဝေမျှ လိုက် ပါတယ် ။မေးသမျှကို စိတ်ရှည် လက်ရှည်ဖြေကြား ပေးသော ရှမ်းပြည်မှ သူငယ်ချင်းများကိုလည်း အထူး ကျေးဇူး တင်ကြောင်းပြောကြား ပါရစေ ။မြန်မာပြည်ကိုရောက် လာသောနိုင်ငံခြားသားတိုင်းလိုလိုက လက်ဖက်သုပ်ကြိုက်ကြတာမို့ သီရီလကာင်္က သူငယ်ချင်း တစ်ယောက်က အင်္ဂလိပ်လိုရေးပေးပါ လို့ပြောတဲ့အတွက် အင်္ဂလိပ်လို ရေးထားတာကိုလည်း ဒီနေရာ မွာ ဖတ်ရှုနိုင်ပါပြီ။
ဒါဆိုလက်ဖက် အရွက်စိမ်း ကနေလက်ဖက်သုပ်စားနိုင် တဲ့ထိဖြစ်ပေါ် လာပုံ လေးစလိုက် ကြရအောင်။
၁။လက်ဖက်အရွက်လေးနုနုလေး တွေကိုခူးပါ။ မြန်မာ နိုင်ငံ မှာတော့လက်ဖက်ရွက် အရွယ်အစားနူးညံ့မှု ပေါ် မူတည် ပြီးအဆင့် အမျိုးမျိုးသတ်မှတ် ထားကြပါတယ်။
လက်ဖက်ရွက်သိပ်ခြင်း(Fermentation Process of Tea Leaves)
၂။ခူးလာတဲ့လက်ဖက်အရွက်တွေကိုရေဆူဆူထဲမှာအရွက်တွေအနည်းငယ်နွမ်းသွားတဲ့အထိပြုတ်ပါ။(စက်ရုံ တွေမှာတော့ပေါင်းအိုးကြီးတွေ သုံးပြီးရေနွေးငွေ့နဲ့ပေါင်းပါတယ်။ပြီးရင်Roller လို့ခေါ်တဲ့စက်ကြီးနဲ့နွမ်းအောင် နယ်လိုက်ပါတယ်။ပြီးတော့ တစ်ခါတည်းပတ်ပတ်လည် ကျောက်တုံးတွေနဲ့ စီထားတဲ့မြေကျင်းထဲကို သိပ်လိုက်ပါတယ်။)
၃။အရွက်တွေနွမ်းသွားပြီဆိုရင်အိုးထဲကနေဆယ်ပြီးအဖန်ရည်တွေကုန်အောင်နယ်ပေးရမှာဖြစ်ပါ တယ်။ဒီမှာသတိထား ရမှာကအရွက်ကိုရေကုန်တဲ့အထိညှစ်ပေးရပါမယ်။မဟုတ်ရင်သိမ်းတဲ့အခါအရွက် တွေကိုမှိုတက်နိုင်ပါတယ်။
၄။နယ်ထားတဲ့လက်ဖက်ရွက်တွေကိုရေကုန်အောင် သေချာညှစ်ရပါမယ်။ အရွက်တွေရေကုန် သွားပြီဆိုရင်တော့ အိုး (ဒါမှမဟုတ်) အိတ်ထဲမှာအနည်းဆုံး နှစ်လကြာ သိပ်ထားရပါမယ်။သိပ်တဲ့ နေရာမှာလက်ဖက်ရွက် ထဲက ရေတွေတစ်ဖြည်းဖြည်းထွက်သွား နိုင်တဲ့ ပစ္စည်းမျိုးဖြစ်ရ ပါမယ်။အိုးထဲထည့်ရင် ရေစိမ့်ထွက်လို့ မရလို့ မှိုတက်တတ် တာကြောင့် ပီနံအိတ်လို၊ အဝတ်အိတ်လို မျိုးတွေက ပိုကောင်းပါတယ်။
သတိပြုဖို့။ ။အခုချိန်ထိ လက်ဖက်ဟာ စားသုံးနိုင်တဲ့ အဆင့် မရောက်သေးပါဘူး။ လက်ဖက်အစို လို့ခေါ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ လက်ဖက် စသိပ်တာနဲ့နောက်ဆုံး ဆားတွေနဲ့ မနှပ်ခင်ထိကို လက်ဖက်စိုလို့ ခေါ်ပါတယ်။ သူ့ကိုအရသာ ရှိရှိ စားသုံးနိုင်အောင်နှပ် ရပါ အုန်းမယ်။ သိပ်ထားတဲ့ လက်ဖက်ကိုနှပ်ခါနီး ကျရင်ရေဆေးပေး ရပါသေးတယ်။အခါးဓာတ် သက်သာအောင် ပထမ တစ်ရေကိုရေနွေးနဲ့ ဆေးပေးပါ။ ဒါမှမဟုတ် ရေနွေးနဲ့ တစ်ညလောက် စိမ်ထားလိုက်ပါ။
လက်ဖက်နှပ်ခြင်း(Tea Leaves Pickling)
တစ်လ ကြာပြီးတဲ့အခါလက်ဖက် က ခြောက်သွေ့ သွားပြီ ဆိုရင် လက်ဖက်ကိုနှပ်လို့ရပါပြီ (သိပ်ထားတဲ့အချိန်မှာ အဖန်ရည်တွေထွက်သွားပေမယ့် လက်ဖက်သားက အိနေပါတယ်။ ဒါ့ကြောင့် ခြောက်သွေ့သွားတဲ့ လက်ဖက်ဆိုပေမဲ့ သူ့မှာ အစိုဓါတ် ကျန်နေပါသေးတယ်) ။မြန်မာ့ဓလေ့ အရတော့ ကိုယ်စားချင် သလောက်ကို သာနှပ်စားကြပြီး လက်ဖက်အစို အတိုင်းလေလုံအောင် သိမ်းထားလေ့ရှိပါတယ်။ လက်ဖက်ကိုနှပ်တဲ့ အခါမိမိ စားလို တဲ့အရသာ ပေါ်မူတည်ပြီး စိတ်ကြိုက် နှပ်လို့ရပါတယ်။ အခု ခေတ် မှာတော့ အသင့်စားလက်ဖက်ထုပ် တွေလည်းပေါနေ ပါပြီ။
လက်ဖက်နှပ်ပုံစံအမျိုးမျိုးကတော့
ထောင်းထားသော လက်ဖက်များမှာ အရွက်ရင့်များဖြစ်ပြီး အရွက်နု၊ အညွန့်များကို ထောင်းလေ့မရှိပါ။
၁။ ဆီနဲ့နှပ်ခြင်း_ ရိုးရိုးလက်ဖက်ခါး( အခြေခံအကျဆုံးနဲ့လက်ဖက် အရသာခါးစိမ့်စိမ့်လေးအတိုင်း စားချင် သူတွေအတွက်)
ရလာတဲ့ လက်ဖက်သား အစိုကိုဆုံထဲမှာ ဆားအနည်းငယ် (ကိုယ်လိုချင်တဲ့အရသာအတိုင်း) နဲ့ထည့်ပြီးထောင်း လိုက်ပါ။ လက်ဖက်သားလေးတွေ ညက်သွားပြီဆိုရင် ခွက်တစ်ခုထဲမှာ ထည့်ပြီး ဆီကို လက်ဖက်သားတွေမြှပ်နေအောင် ထိနှပ်လိုက်ပါ ။ပြီးရင် အကြော်စုံ (ပဲခြမ်းကြော်၊ ပဲလုံးကြော် ၊ကြက်သွန်ကြော် ၊မြေပဲဆံကြော် ၊နှမ်းလှော်) ၊ပုစွန်ခြောက်၊ စတာတွေနဲ့ရောနယ် တာပဲဖြစ်ဖြစ် တစ်ပုံဆီပုံပြီး စားတာဖြစ်ဖြစ် စားနိုင်ပါပြီ။ တစ်ချို့ကတော့ကြက်သွန်ဖြူလေး ငရုတ်သီးလေး ကိုက်လို့စားကြတာပေါ့။ အရွက်နုနုလေးတွေဆိုရင် သဘာဝအတိုင်း အရသာခံချင်သူတွေက ဆုံထဲထည့်မထောင်းပဲ ဒီအတိုင်းအညွန့်လေးတွေကို ဆီဆမ်းပြီးစားလေ့ရှိပါတယ်။
၂။ ဆီ၊ကြက်သွန်ဖြူနဲ့နှပ်ခြင်း_ ကြက်သွန်ဖြူ လက်ဖက် (ကြက်သွန်ဖြူရနံ့ကြိုက်သူများအတွက်)
လက်ဖက်သားအစိုကို ဆုံထဲမှာ ဆားအနည်းငယ် ၊ကြက်သွန်ဖြူနဲ့ ထည့်ပြီးထောင်းပါ ။ပြီးရင် လက်ဖက်သားမြှပ်အောင် ဆီနဲ့နှပ်လိုက်ပြီး ရင်ပြီးပါပြီ။ ဒီလိုစားရင် လက်ဖက်ကြောင့်လေပွနိုင်တာ ကိုကြက်သွန်ဖြူ ကလေကြေစေတဲ့ အစွမ်းနဲ့ပြန်ထိန်းထားတယ်လို့ တစ်ချို့ကယူဆကြပါတယ်။
၃။ ဆီ၊ကြက်သွန်ဖြူ၊ သံပုရာသီး၊ ငရုတ်သီးနဲ့နှပ်ခြင်း_ လက်ဖက်ချဉ်စပ်(ချဉ်စပ်အရသာကြိုက်နှစ်သက်သူများအတွက်)
လက်ဖက်သားအစိုကို ဆုံထဲမှာ ဆားအနည်းငယ်နဲ့ထောင်းပါ။ ညက်နေတဲ့ လက်ဖက်သားကို ခွက်တစ်ခုထဲမှာ ခဏဖယ်ပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကို ညက်နေအောင်ရောထောင်းပါ ။ပြီးရင်ထောင်းထားတဲ့ လက်ဖက်သား၊ ငရုတ်သီး ၊ကြက်သွန်ဖြူ အားလုံးကိုရောသွားအောင်ပြန်ထောင်းပေးပါ။ အားလုံးရောသွားပြီဆိုရင် ခွက်တစ်ခုထဲမှာ ထည့် သံပုရာသီးလေးညှစ်လို့သုံးဆောင်နိုင်ပါပြီရှင်။ ညှစ်ပြီးသား သံပုရာ အခွံကိုပါးပါးလေး လှီးပြီး ထည့်စားရင်လည်း အရသာသစ် တစ်မျိုးကို စားသုံးရမှာဖြစ်ပါတယ်။
၄။ ဆီ၊ဂျင်းနဲ့နှပ်ခြင်း_ ဂျင်းလက်ဖက် ( ဂျင်းအရသာ ပူစပ်စပ်ကြိုက်နှစ်သက်သူများ အတွက်)
မြန်မာလူမျိုးတွေ အတွက် ဂျင်းဟာ အနံ့မွှေးစေရုံ တင်မကဆေးဖက်ဝင်တာကြောင့် မရှိမဖြစ်လိုပါပဲ။ အခုလို လက်ဖက်နဲ့ တွဲလိုက်တော့လည်း စားလို့ကောင်းတဲ့ အသုပ်တစ်မျိုးဖြစ်သွားပြန်ရော။ လက်ဖက်အစိုကို ထုံးစံအတိုင်း ဆားနဲ့ညက်အောင်ထောင်း ။ပြီးရင် အချဉ်ဖောက်ထားတဲ့ ဂျင်းနဲ့ရောထောင်းတာပဲဖြစ်ဖြစ်၊ ဒီအတိုင်းလေးရော နယ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ် ။ပြီးရင် ဆီဆမ်းပြီး စားနိုင်ပါပြီ။
၅။ ဆီ၊ဒညင်းသီးနဲ့နှပ်ခြင်း_ ဒညင်းသီးလက်ဖက် ( ဒညင်းသီးကြိုက်သူများအတွက်)
ဒညင်းသီးဆိုရင် သူ့မှာ အဟာရမရှိ၊ အနံ့ပြင်းပေမဲ့ လူတိုင်းနီးပါးကြိုက်ကြပါတယ်။ ဒီနည်းကတော့ စားပြီးရင် ခံတွင်းနံ့ကို အတော်ဂရုစိုက်ရမှာပါ။ ထုံးစံအတိုင်း လက်ဖက်ကို ဆားနဲ့ထောင်းပြီးရင်ပြုပ်ထားတဲ့ ဒညင်းသီးကို ပါးပါးလှီးပြီးရော နယ်လိုက်ရင်ရပါပြီ။
ရေရှည်အတွက်
ရေရှည်အတွက် သိမ်းထားချင်တယ်ဆိုရင်တော့ ဆီကို လက်ဖက်သား အစို မြုပ်နေအောင်ထိ လောင်းပြီး လေလုံတဲ့ ပုလင်း (သို့) ဘူး ထဲမှာ သိမ်းထားနိုင်ပါတယ်။
ဒီလောက်ဆိုရင် လက်ဖက်သုပ်နဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး အရာတွေကို တီးမိခေါက်မိ ပြီလို့ ထင်ပါတယ်။ တစ်ကယ်လို့များ အကြံပြုချင်တာ ရှိရင်လည်း info@greenwaymyanmar.org ဆက်သွယ် နိုင်ပါတယ်လို့ ဖော်ပြရင်း နိဂုံးချုပ်ပါရစေ။
ဖတ်ရှုမှုကို ကျေးဇူးတင်စွာဖြင့်
အစိမ်းရောင်လမ်း
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....