စိုက်ပျိုးမွေးမြူရေး ပညာပေးသင်တန်းများကို ဘယ်လို ရှာဖွေဆက်သွယ်ရမလဲ?????
လက်ရှိကျေးရွာသစ် လှုပ်ရှားမှု သင်တန်းများတွင် စိုက်ပျိုးမွေးမြူရေးနည်းပညာသစ်များ စိတ်ဓာတ်မြင့်တင်ရေးသင်တန်းများ ခေါင်းဆောင်မှုသင်တန်းများကို အခမဲ့တက်ရောက်နိုင်တဲ့အပြင် မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာန များနှင့် အမြဲ ဆက်သွယ်ကာ အစိုးရနှင့် NGO အဖွဲ့အစည်းများမှ ပေးသော စိုက်ပျိုးမွေးမြူရေးသင်တန်းများကိုလည်း တက်ရောက်နိုင်ပါတယ်။
သင်တန်းများကို သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ရေဒီယို၊ စိုက်ပျိုးရေး စာစောင်များ စိုက်ပျိုးရေး ရုပ်သံလိုင်းများ ဆိုရှယ် မီဒီယာများမှလည်း စိုက်ပျိုးမွေးမြူရေး အသိပညာပေး သတင်းအချက်အလက်များကို ရယူနိုင်ပါတယ်။
စိုက်ပျိုးမွေးမြူရေး အသိပညာပေး သင်တန်းများကို အခမဲ့ တက်ရောက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်များ ရယူပြီး စိုက်ပျိုးပညာရှင်များထံမှ အကြံဉာဏ်များ ရယူကြပါစို့။
ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။
Content provider
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....