ဂွေးသီးရဲ့ အကျိုးသက်ရောက်မှု..
ဒီနိုင်ငံ နေရာတော်တော်များများမှာ ပေါပေါများများရနိုင်တဲ့ ဂွေးသီးကိုစားပေးရင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်တာ၊ ဝမ်းမှန်စေတာ၊ သံဓာတ်ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တာ၊ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာ စတဲ့ ကျန်းမာရေးကောင်းကျိုး တော်တော်များများ ရှိနေပါတယ်..။
သူ့မှာ အမျှင်ဓာတ် ကြွယ်ဝစွာပါရှိပြီး အသီးအစိမ်းနဲ့ရော၊ အမှည့်အနေနဲ့ကော နှစ်မျိုးလုံး စားသုံးနိုင်ပါတယ်..။ ဂွေးသီးကို သုပ်စားခြင်း၊ ဖျော်ရည်ဖျော်ခြင်း၊ ယိုထိုးစားခြင်း၊ အချဉ် ပေါင်းလုပ်စားခြင်းအပြင် ဂွေးသီးထောင်း၊ ဂွေးသီးငပိချက်တွေကို ထမင်းနဲ့စားရင်လည်း အလွန်ခံတွင်းမြိန်လှပါတယ်..။ အချို့ဒေသတွေမှာတော့ ဂွေးသီးအမှည့်ကို မီးကင်၊ မီးဖုတ်ပြီး ငရုတ်သီးနဲ့လည်း ထောင်းစားလေ့ ရှိကြပါတယ်တဲ့..။
သရက်သီးနဲ့ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည်ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပိုလျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်..။ ဆိုတော့ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ် တွေ ပါဝင်ပြီးကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာ ကြည့်ရအောင်ပါ..။
(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း
ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအလွန်နည်းပါးတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်..။ ဂွေးသီး ၁၀ဝ ဂရမ် အလေးချိန်မှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်..။ သရက်သီး ၁၀ဝ ဂရမ်မှာဆို ၆၄ ကယ်လိုရီပါဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေးသီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းတာပါ..။
ဒါကြောင့် ကယ်လိုရီများများ မရရှိဘဲ အစာစားချင်စိတ်ကို ကျေနပ်မှု ရရှိစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိစေပါတယ်။
(၂) နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
ဂွေးသီးမှာ ကယ်လ်ဆီယမ်ဓါတ်တွေ ကြွယ်၀စွာပါ၀င်သလို အရည်ရွှမ်းပြီး အမျှင်ဓာတ် တွေလည်း ပေါကြွယ်ဝတာမို့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်..။ ဒီလို သွေးလည်ပတ်မှုကောင်းစေတာက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်တဲ့..။
(၃) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း
ဂွေးသီးမှာ အမျှင်ဓာတ်များများ ပါဝင်ပါတယ်..။ ဂွေးသီး ၁၀ဝ ဂရမ်မှာ အမျှင်ဓာတ် ၅.၇ ဂရမ် ပါဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်..။ အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန်သွားစေတာ၊ အူမကြီးရဲ့ လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်းကင်းစေတာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်..။ ဒါ့အပြင် အမျှင်ဓာတ်ဟာ အစာကြေခက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားနိုင်သလို ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင် ပါတယ်..။
(၄) ဗီတာမင်စီ ပါဝင်မှု များခြင်း
ဂွေးသီးဖျော်ရည်တစ်ခွက်စာမှာ လူတစ်ဦးတစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ တစ်ဝက် နီးပါး ပါဝင်ပါတယ်..။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အတော်လေး လိုအပ်ပါတယ်။ ကော်လာဂျင် တည်ဆောက်မှုအတွက်လည်း လိုအပ်သလို အနာလည်း ကျက်စေပါတယ်..။ ဒါ့အပြင် ဗီတာမင်စီ က အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင်ကာကွယ်ပေးကာ နှလုံးရောဂါနဲ့ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်..။ နောက်ထပ်အနေနဲ့ တော့ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာရေးအတွက် အရေးပါသလို ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်..။
(၅) သံဓာတ်ပါဝင်မှု များခြင်း
ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မားပါတယ်..။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ..။ ကမ္ဘာပေါ်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါက အဖြစ်များပါတယ်..။
ဂွေးသီး ၁၀ဝ ဂရမ်မှာ သံဓာတ် ၃.၂ မီလီဂရမ် ပါဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့၁၈ ရာခိုင်နှုန်းကို ရရှိစေနိုင်ပါတယ်..။
(၆) ကယ်လ်စီယမ်ပါဝင်ခြင်း
ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီယမ် ၃၂ မီလီဂရမ် ပါဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင်နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ..။ ပုံမှန်ကြွက်သား လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေးအတွက် ကယ်လ်စီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်ပါတယ်။
ကဲ.. အခုဆိုရင် ဂွေးသီးရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိကြပြီမို့ စျေးချိုချိုနဲ့ ဝယ်စားလို့ရတဲ့ဂွေးသီးကို စားကြည့်ဖို့ မမေ့ကြပါနဲ့နော်။
ဘယ်အရာမဆို “တန်ဆေး….လွန်ဘေး” မို့ အလွန်အကျွံမစားဖို့တော့ ဂရုပြုသင့်ပါတယ်နော်။
မှီငြမ်း-ကျန်းမာရေးစာစောင်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လှမြင့်
လွန်ခဲ့သော ၄ နှစ် ကဂွေးပင်အပင်ဖောက်နည်းသိလိုပါသည် ။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....