ဘွဲ့ရပေမဲ့ လခစားမလုပ်ဘဲ တောင်သူမယ်ဘဝကို ရွေးချယ်အောင်မြင်နေတဲ့ အိန္ဒိယအမျိုးသမီး
ကမ္ဘာကြီးရဲ့စားနပ်ရိက္ခာဖူလုံရေးအတွက်ဆိုရင် အိန္ဒိယစိုက်ပျိုးမွေးမြူရေးနယ်ပယ်ဟာ အဓိကအကျ ဆုံးနေရာကနေ ပါဝင်နေတာပါ။
အိန္ဒိယလူမျိုးတွေဟာလည်း စားဝတ်နေရေးအတွက် ဒီနယ်ပယ်ကို ကြီးကြီးမားမား မှီခိုကြရပြီး အမျိုး သမီးတွေဆိုရင် ၈၄ ရာခိုင်နှုန်းလောက်ထိ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနယ်ပယ်ကို မှီခိုနေရပါတယ်တဲ့။ ၃၃ ရာခိုင်နှုန်းဟာ စိုက်ပျိုးထုတ်လုပ်သူတွေဖြစ်ပြီး ၄၇ ရာခိုင်နှုန်းကတော့ အလုပ်သမားတွေအဖြစ် မှီခိုလုပ်ကိုင်နေကြတာပါ။
ဒီလို တောင်သူမယ်တွေထဲမှာ ပညာတတ်တွေလည်းပါဝင်နေပါတယ်။ ဒီထဲကမှ အမိုးခုံးစိုက်ပျိုးရေး စနစ်နဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အောင်မြင်နေသူကတော့ ဘာဗနာနီခမ်းပဲဖြစ်ပါတယ်။

ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပေမဲ့ ဘာဗနာဟာ လခစားဝန်ထမ်းအလုပ်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ သူမရဲ့ အသက်မွေးမှုအတွက် စိုက်ပျိုးမွေးမြူရေးတောင်သူမယ်ဘဝကိုသာ ရွေးချယ်ခဲ့ပါတယ်။
ဘာဗနာဟာ ၂၀၁၆ ခုနှစ်တုန်းက ဒဗာဒီလို့ခေါ်တဲ့ သူမနေထိုင်ရာ ကျေးရွာလေးမှာ ၂၀၀၀ စတုရန်းမီတာ (ဧကဝက်ခန့်) ပလတ်စတစ်အမိုးခုံးစိုက်ခင်းတစ်ခုနဲ့ စိုက်ပျိုးရေးသမားဘဝကို အစပြုခဲ့တာပါ။
ဒီထဲမှာ ငရုတ်ချိုတွေ၊ စပျစ်တွေ၊ ဟင်းသီးဟင်းရွက်တွေ အစုံထည့်စိုက်ပါတယ်။ ပညာတတ်တစ်ဦးပီပီ သူမဟာ ဒေသတွင်း သမားရိုးကျ လမ်းဟောင်းစိုက်နည်းစနစ်တွေနောက် မလိုက်ဘဲ ပိုမိုကောင်းမွန်တဲ့ ပလတ်စတစ်အမိုးခုံးစိုက်ပျိုးနည်းစနစ်ကို ရွေးချယ်လုပ်ကိုင်ခဲ့တာပါ။
အိန္ဒိယစိုက်ပျိုးရေးသုတေသနဌာန၊ အစိုးရစိုက်ပျိုးမွေးမြူရေးဌာနတွေကပေးတဲ့ ဘက်စုံစိုက်ပျိုးမွေး မြူရေးစနစ်သင်တန်းတွေကိုလည်း ဘာဗနာ တက်ရောက်ခဲ့ပါတယ်။ သူမကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သလို မိသားစုဘက်က ကူညီပံ့ပိုးမှုတွေလည်း ပေးပါတယ်။ ဒီလိုနဲ့ပဲ ဒေသ တွင်းရဲ့ စံပြုစရာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ပုံစံတစ်ခုကို သူမ အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆန်းသစ်တီထွင်လိုစိတ်ရှိသူ ဘာဗနာဟာ ပလတ်စတစ်အမိုးခုံးစိုက်ခင်း၊ ဇာပိုက်အုပ်စိုက်ခင်း၊ ပလတ် စတစ်ဘောင်အုပ်စိုက်နည်းစနစ်၊ မြေညှိစိုက်နည်းစနစ်၊ ထုပ်ပိုးနည်းစနစ်တွေမှာ ဒေသတွင်း တခြားသူ တွေနဲ့မတူ တမူထူးခြားလုပ်ကိုင်နိုင်ခဲ့တာကလည်း သူမကို အောင်မြင်မှုဆီ တွန်းပို့ပေးခဲ့တာပါ။
ရှားပါးဟင်းသီးဟင်းရွက်မျိုးတွေကိုလည်း စိုက်ခင်းထဲမှာထည့်စိုက်ပါတယ်။ ဒါကြောင့် ဘာဗနာရဲ့ စိုက်ခင်းဟာ ဇီဝမျိုးစုံမျိုးကွဲတွေ လေ့လာစရာနေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ လာရောက်လည် ပတ်သူ၊ လေ့လာသူပညာတော်သင်တွေထဲမှာ စိုက်ချင်သူတွေရှိရင်လည်း အဲ့ဒီရှားပါးအပင်တွေရဲ့ မျိုးစေ့တွေ၊ အပင်တွေကို မျှဝေပေးပါတယ်။
ဘာဗနာရဲ့ စိုက်ခင်းမှာ နောက်ထပ်လေ့လာစရာတွေကတော့ မိုးရေရယူနည်းစနစ်တွေနဲ့ ရေသိုလှောင်တဲ့ ကန်တွေပါပဲ။ ဒီကန်တွေဟာ ခြောက်သွေ့ရာသီ စိုက်ပျိုးရေးမှာ ရေသွင်းစိုက်နိုင်ဖို့ ရေသိုလှောင် ထားရုံတင်မဟုတ်ဘဲ ငါးတွေလည်းမွေးထားလို့ အပိုဝင်ငွေလည်း ရနေစေတာဖြစ်ပါတယ်။
ဘာဗနာရဲ့ အောင်မြင်နေတဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ပလတ်စတစ်ဘောင်အုပ် အစက်ချစနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ခြင်း
- စပျစ်စိုက်ပျိုးရေး
- ငါးမွေးမြူရေး
- ငရုတ်ချို၊ ခရမ်းချဉ်နှင့် ပဲမျိုးစုံကို ပလတ်စတစ်အမိုးခုံးစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ခြင်း
- ကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်း
ဒီလိုလုပ်ငန်းတွေလုပ်ရာမှာ ဘာဗနာအနေနဲ့ အမျိုးမျိုးသော ဆန်းသစ်တီထွင်မှုတွေ၊ နည်းပညာသစ် တွေ အသုံးချလုပ်ကိုင်နေတာကြောင့် သူမရဲ့အောင်မြင်မှုခြေရာကို နင်းလိုတဲ့ တခြားတောင်သူတွေနဲ့ လူငယ်တွေ အများအပြားဟာ စိုက်ခင်းဆီကို ပုံမှန်လာရောက်လေ့လာမှုတွေ ရှိနေတာပါ။ ဒဗာဒီ ဒေသမှာတော့ သူမဟာ သူတို့အတွက် စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။
ဘာဗနာရဲ့အောင်မြင်မှုတွေဟာ ဒီလောက်တင်ပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယစိုက်ပျိုးမွေးမြူရေးဝန်ကြီးကပေးတဲ့ ဆန်းသစ်တီထွင်တောင်သူမယ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးတောင်သူဆုအပါအဝင် တခြားအဖွဲ့အစည်းတွေက ပေးအပ်တဲ့ ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိနိုင်ထားတာဖြစ်ပါတယ်။
ဆိုတော့ ဘာဗနာရဲ့အောင်မြင်မှုဟာ ဘာကိုပြနေသလဲဆိုတော့ တောင်သူအလုပ်ဆိုတာ ပညာမတတ်သူတွေ လုပ်ကိုင်ရတဲ့အလုပ်ဆိုတာမျိုးချည်း သဘောထားမနေသင့်ဘူးဆိုတာပါ။ ပညာတတ်သူ တွေသာ စိုက်ပျိုးမွေးမြူရေးကို စီးပွားရေးတစ်ရပ်အနေနဲ့ သဘောထားလုပ်ကိုင်မယ်ဆိုရင် ပိုမိုတီထွင် ဆန်းသစ်နိုင်မှုတွေနဲ့အတူ အောင်မြင်မှုဆီလှမ်းတက်နိုင်ပါတယ်ဆိုတာ ဘာဗနာက ကိုယ်တိုင်ကြိုးစားမှုတွေနဲ့အတူ ပြသနေပါကြောင်း...။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tun Tun Naing
လွန်ခဲ့သော ၃ နှစ် ကနေရာကအဓိကမဟုတ်။ ကောင်းမွန်စွာနေထိုင်တတ်ဖိုပါဘဲ။
ခွန်ရဲထွဋ်
လွန်ခဲ့သော ၃ နှစ် ကOk
Khin Thandar Aung
လွန်ခဲ့သော ၃ နှစ် ကVPn မပိတ်ဘဲ ဖတ်လို့ရအောင် လုပ်ပေးစေချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....