အစိမ်းရောင်လမ်း
အီးမေးလ်(Email)နှင့် ဂျီမေးလ်(Gmail)အကြောင်း

အီးမေးလ်(Email)နှင့် ဂျီမေးလ်(Gmail)အကြောင်း

ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့ အစီစဥ်လေး ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ အီးမေးလ်နဲ့ ဂျီမေးလ် အကြောင်း မျှဝေပေးသွားပါမယ် ခင်ဗျ။

ကျွန်တော်တို့နိုင်ငံမှာ မိုဘိုင်းဖုန်းတွေ ခေတ်စားလာပြီး အင်တာနက်အသုံးပြုမှုတွေလည်း များလာပါတယ်။ Google ဂူးဂဲလ် အကောင့်တွေဖွင့်ပြီး လူမှုကွန်ယက် မီဒီယာတွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဒီအခြေအနေမှာ အီးမေးလ် (Email) နဲ့ ဂျီမေးလ် (Gmail) တို့ဟာလည်း အရေးပါလာပါတယ်။

အီးမေးလ် ဆိုတာကတော့ လျှပ်စစ်နည်းပညာသုံး စာပို့စနစ်တစ်ခု ဖြစ်ပါတယ်။ အီးမေးလ် အုပ်စုထဲမှာ ဂျီမေးလ် (Gmail) လည်း ပါဝင်ပါတယ်။ အင်တာနက်မှာ အသုံးပြုတဲ့ မေးလ် (mail)အားလုံးကို အီးမေးလ် (Email) လို့ ခေါ်ဆိုနိုင်ပါတယ်။

ဂျီမေးလ် (Gmail) ဆိုတာကတော့ ဂူးဂဲလ် (Google) ကနေ ဝန်ဆောင်မှုပေးထားတဲ့ အီးမေးလ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂျီမေးလ် (Gmail) ဆိုတာ ဂူးဂဲလ် အကောင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဂူးဂဲလ်ရဲ့ ဝန်ဆောင်မှုတွေကို ဂူးဂဲလ်အကောင့်နဲ့ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

ယနေ့ခေတ်မှာ လူတိုင်း ဖုန်းကိုယ်စီရှိကြသလို အင်တာနက်ကနေ စိုက်ပျိုးနည်းပညာတွေ လေ့လာနိုင်ဖို့၊ အွန်လိုင်းမှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ၊ အခမ်းအနားတွေ တက်ရောက်နိုင်ဖို့ တောင်သူဦးကြီးတို့အတွက် မေးလ် (Mail) တစ်ခုလည်း ရှိဖို့လိုအပ်ပါတယ်။ အခုဆိုရင် အီးမေးလ်နဲ့ ဂျီမေးလ် အကြောင်းဗဟုသုအနေနဲ့ သိသွားမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။

ယခင်က ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

စမတ်ဖုန်းနဲ့ ကျန်းမာရေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....