ဖုန်းဆော့ဝဲလ်တွေကို ဘာနဲ့ဒေါင်းလုဒ်ဆွဲကြမလဲ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းအကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ဆော့ဝဲလ်တွေကို ဘယ်နေရာကနေ ဒေါင်းလုဒ်လုပ်နိုင်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တောင်သူ ဦးလေး ဒေါ်လေးတို့ ဖုန်းဆော့ဝဲလ် လေးတွေ လိုချင်ရင် ဘယ်လိုလုပ်ကြလဲ ခင်ဗျ။ ပုံမှန်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် လိုချင်တဲ့ ဆော့ဝဲလ်လေးတွေကို ဒေသအခေါ် ဇာပြာ၊ ဇက်နီ (Zapya) နဲ့ ကူးယူကြမယ် ထင်ပါတယ် ခင်ဗျ။ မိမိကိုယ်တိုင်လည်း ဆော့ဝဲလ်တွေကို ဒေါင်းလုဒ် ရယူနိုင်တယ်ဆိုတာ သိပါသလား ခင်ဗျ။
အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့အတွက် ဆော့ဝဲလ်တွေကို ဖုန်းအရောင်းဆိုင်တွေမှာ လာရောက် ထည့်သွင်းခိုင်းစရာ မလိုတော့ဘဲ ပလေးစတိုး (Play Store) အက်ပလီကေးရှင်း ထည့်လိုက်တာနဲ့ မိမိ အသုံးပြုချင်တဲ့ အက်ပလီကေးရှင်း တွေကို ဒေါင်းလုဒ် လုပ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မိမိ လိုချင်တဲ့ ဆော့ဝဲလ်ကို ပလေးစတိုး (Play Store) ထဲမှာ နာမည်ရိုက်ပြီးတော့ ရှာလိုက်တာနဲ့ လိုချင်တဲ့ ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေကို ရရှိမှာဖြစ်ပါတယ် ခင်ဗျ။
ပလေးစတိုး (Play Store) ကနေ ဆော့ဝဲလ်တွေ ဒေါင်းလုဒ် လုပ်နိုင်ဖို့အတွက် အောက်မှာ ရေးထားတဲ့ အချက်တွေ ပြည့်စုံဖို့တော့ လိုအပ်ပါတယ် ခင်ဗျ။
(၁) အရင်ဆုံး မိမိရဲ့ ဖုန်းမှာ ဂူးဂဲလ် ဝန်ဆောင်မှု (google service) ရှိဖို့ လိုအပ်ပါတယ်။ အချို့သော ဖုန်းတွေမှာ ဂူးဂဲလ် ဝန်ဆောင်မှု မပါဝင်တဲ့အတွက် ပလေးစတိုး (Play Store) ), ဂျီတော့ခ် (Talk), ဂျီမေးလ် (Gmail) စတာတွေ သုံးလို့မရပါဘူး။
(၂) ဖုန်းမှာ ဂူးဂဲလ် အကောင့် (google account) တစ်နည်းအားဖြင့် ဂျီမေးလ် (Gmail) ဖွင့်ပြီးသား ထည့်ထားပြီးသား ဖြစ်ရပါမယ်။ ဖုန်းရဲ့ ဆက်သွားပုံစံ
Setting ထဲကိုဝင် ပြီးရင် account & sync ဆိုတဲ့ နေရာလေးမှာ မှာ မိမိရဲ့ ဂျီမေးလ် (gmail) အကောင့်ကို ဝင်ထားပေးရမှာ ဖြစ်ပါတယ်။
(၃) ပြီးရင်တော့ မိမိရဲ့ ဂျီမေးလ် (gmail) အကောင့်ကို သုံးပြီး ပလေးစတိုး (Play Store) ဆော့ဝဲလ်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရောက်ရင်တော့ စသုံးလို့ ရပြီ ဖြစ်ပါတယ်။
(၄) တစ်ချို့ဖုန်းတွေမှာတော့ာ Play Store ပုံ ပါနေပြီး ဒေါင်းလုဒ် လုပ်မရတာနဲ့ အဆင်မပြေတာမျိုး ဖြစ်နေရင်တော့ ပလေးစတိုး ဆော့ဝဲလ် ဗားရှင်း (version) ပြောင်းသုံးရမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖုန်းအသုံးပြုရာမှာ အဆင်ပြေကြပါစေ ခင်ဗျ။
ယခင်တစ်ပတ်က အအင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်းကြောင်း ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
မိမိဖုန်းမှ အင်တာနက်(ဟော့စပေ့ါ)လွှင့်ပေးနည်း
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026