Gmail အကောင့်တစ်ခုကို ဘယ်လိုဖန်တီးမလဲ
ယနေ့ခေတ်မှာ လူတိုင်း ဖုန်းကိုယ်စီရှိကြသလို အင်တာနက်ကနေ စိုက်ပျိုးနည်းပညာတွေ လေ့လာနိုင်ဖို့၊ ဆော့ဝဲလ်တွေ အသုံးပြုနိုင်ဖို့နဲ့ Google ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ဖို့အတွက် ဂျီမေးလ် (Gmail) အကောင့်တစ်ခုတော့ ရှိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာ ဂျီမေးလ် (Gmail) အကောင့်တစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
အဆင့် ၁
ပထမဦးစွာ မိမိ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင်ရှိသော Web Browser မှ www.gmail.com သို့သွားပါ။ ထို့နောက် Create account ကိုနှိပ်နိုင်ပါတယ်။
နောက်တစ်နည်း
Web Browser တွင် Create Gmail account ဟု ရေးသားကာလည်း ရှာဖွေနိုင်ပါသည်။ ထို့နောက် Link ထဲသို့ဝင်ရောက်ကာ Create an account ကို နှိပ်ပေးပါ။
အဆင့် ၂
ဝင်ရောက်ပြီးပါက မိမိ၏ နာမည် First Name နှင့် Last Name တို့ကိုထည့်သွင်းပေးရပါမယ်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။
အဆင့် ၃
ထို့နောက် မိမိ၏ မွေးလ၊ မွေးရက်၊ ခုနှစ် နှင့် ကျား/မ တို့ကို ဖြည့်စွက်ပေးရပါမယ်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။
အဆင့် ၄
ပြီးလျှင် မိမိနာမည်ဖြင့် ကိုယ်ပိုင်အကောင့်ဖွင့်ရန်အတွက် မိမိနှစ်သက်ရာ နာမည် User Name အားထည့်သွင်းပေးပါ။ ပြီးလျှင် Next ကိုနှိပ်ပါ။
အဆင့် ၅
ပြီးလျှင် မိမိ၏ ကိုယ်ပိုင်အကောင့်တွက် လျှို့ဝှက်နံပါတ် သတ်မှတ်ရမည် ဖြစ်ပါသည်။ မိမိနှစ်သက်ရာ လျှို့ဝှက်နံပါတ်ကို ထည့်သွင်းပေးနိုင်ပါသည်။ ပြီးလျှင် Next ကိုနှိပ်ပါ။
မှတ်ချက် - (လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အက္ခရာ၊ နံပါတ်၊ သင်္ကေတများ ပါလျှင် အကောင့်လုံခြုံမှုအတွက် ပို၍ စိတ်ချရပါသည်။)
အဆင့် ၆
မိမိ၏ ဖုန်းနံပါတ်ကို ထည့်သွင်းပေးရပါမည်။ ပြီးလျှင် Next ကိုနှိပ်ပေးပါ။
အဆင့် ၇
မိမိ၏အကောင့်ကို တွေ့ရှိရမည် ဖြစ်ပြီး Next ကို ဆက်နှိပ်ပေးပါ။ ပြီးလျှင် Privacy & Terms များကို မြင်တွေ့ရမည် ဖြစ်ပြီး ၎င်းတို့ကို မိမိအနေဖြင့် ခွင့်ပြုကြောင်း စာမျက်နှာအောက်ဆုံးတွင်ရှိသော I agree (ခွင့်ပြုသည်) ဆိုသည့် စာသားအား နှိပ်ပေးပါ။
အဆင့် ၈
ထို့နောက် မိမိ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင် ရှိသော Gmail ဆိုသည့်နေရာ၌ အဆင့် ၄ နှင့် အဆင့် ၅ တွင် ပြုလုပ်ခဲ့သော အကောင့်နာမည် (User Name) နှင့် လျှို့ဝှက်နံပါတ် (Password) တို့ထည့်သွင်းကာ gmail ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
စစ်တောင်းမင်းသား
လွန်ခဲ့သော ၅ နှစ် ကကျွန်တော်ကို gmail account ဖွင့်ပေးပါလားခင်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026