အမေရိကမှာ အမြတ်အများဆုံးရနိုင်တဲ့ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း (၅) မျိုး
မွေးမြူရေးလုပ်ငန်းဆိုတာ အောင်မြင်အောင်လုပ်နိုင်မယ်၊ ဈေးကွက်ကောင်းရမယ်ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းထက်ကို ဝင်ငွေပိုကောင်းနိုင်တဲ့ စီးပွားရေးတစ်ခုပါ။ တစ်ဖက်မှာတော့ ကူးစက် ရောဂါတွေကျရောက်လာရင်လည်း ထိန်းချုပ်ရပိုမိုခက်ခဲပြီး ထိခိုက်မှုပိုများနိုင်တာမျိုးတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးထိခိုက်မှုမျိုးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာအဖြစ်များပြီး ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာတော့ ထိန်းချုပ်နိုင်စွမ်းမြင့်သလို ဈေးကွက်လည်းကောင်းကြတဲ့အတွက် ဝင်ငွေလည်းကောင်းကြပါတယ်။ ဒီထဲကမှ အမေရိကမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေးတောင်သူတွေအတွက် ဝင်ငွေအကောင်းဆုံး ရှာဖွေပေးနိုင်တဲ့ လုပ်ငန်း (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့ထိပ်တန်းဒေသတစ်ခုမှာ ဘယ်လိုတွေကနေ အကျိုးအမြတ်ရနေသလဲဆိုတာကို ဗဟုသုတအနေနဲ့ သိရှိစေချင်လို့ဖြစ်သလို မိမိတို့လည်း စဉ်းစားစရာအတွေးတွေ နည်းနည်းပဲဖြစ်ဖြစ် ရစေချင်လို့ပါ။
(၁) နွားမွေးမြူရေး

အမေရိကန်နဲ့ ကနေဒါမှာဆိုရင် အမဲသားဈေးကွက်ဟာ ကြီးမားလွန်းတဲ့အတွက် နွားမွေးမြူရေးလုပ် ငန်းဟာ မွေးမြူရေးသမားတွေအတွက် ထိပ်တန်းရွေးချယ်မှုပါပဲ။ တခြားသတ္တဝါတွေ မွေးမြူတာ ထက်စာရင် နွားမွေးတာက ကရိကထမများတာကြောင့်လည်း ပါပါတယ်။ ဒီတိုင်း လွှတ်ကျောင်း မွေးထားလိုက်တဲ့နွားတွေကနေထွက်လာတဲ့ အမဲသား၊ နို့နဲ့ ဒိန်ခဲတွေဟာ ဈေးကောင်းတောင် ပိုရပါ သေးတယ်။
(၂) ကြက်မွေးမြူရေး

အသားတိုးကြက်ထက် ဥစားကြက်မွေးမြူရေးက ပိုလို့တောင် ဝင်ငွေကောင်းပါသေးတယ်တဲ့။ အစား အသောက်အမယ်အများကြီးမှာ ကြက်ဥပါနေလို့ပါ။ ပုံမှန်နှုန်းထားတစ်ခုမှာသာ ကြက်ဥထုတ်နေနိုင် ရင် တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားတစ်ယောက်အတွက် ဝင်ငွေဖြောင့်နေမှာပါပဲ။ အော်ဂဲနစ်ကြက်ဥ၊ အော်ဂဲနစ်ကြက်ဥတွေထုတ်နိုင်ရင် ပိုလို့တောင်အကျိုးအမြတ်ရနိုင်ပါသေးတယ်။ ဒေသတွင်းထုတ် ကြက်ဥ၊ ကြက်သား ဆိုတဲ့ တံဆိပ်ကပ်ရောင်းရင် ပိုလို့တောင် အဝယ်လိုက်ကြပါတယ်တဲ့။
(၃) ဆိတ်

ဆိတ်မွေးမြူရေးထွက်ကုန်တွေရဲ့ဈေးကွက်ဟာ ကြီးထွားလာနေပါတယ်။ ပထမဆုံးပြောရမှာကတော့ ကမ္ဘာလုံးဆိုင်ရာ အနီရောင်အသားစားသုံးမှုရဲ့ ၆၅ ရာခိုင်နှုန်းဟာ ဆိတ်သားဖြစ်ပါသတဲ့။ မြောက် အမေရိကမှာတော့ ဆိတ်သားစားတာဟာ ဆန်းသလိုလိုဖြစ်နေပေမဲ့ ဈေးကွက်ဝယ်လိုအားတော့ ပိုမို မြင့်တက်နေပါတယ်။ နောက်ထပ်ပြောရမှာက ဆိတ်နို့နဲ့ ဆိတ်နို့ဒိန်ခဲပါ။ နွားနို့နဲ့ နွားနို့ဒိန်ခဲတွေအစား ဒါတွေက ကျန်းမာရေးအတွက် စားသုံးသင့်စရာလို့ ယူဆလာကြလို့ပါ။ ဒီမှာလည်း ကြက်တုန်းက ပြောခဲ့သလို အော်ဂဲနစ်အသိ အမှတ်ပြုလက်မှတ်တွေ ရနိုင်မယ်ဆို ဆိတ်ထွက်ကုန်တွေလည်း ပိုမိုရောင်းကောင်းပါတယ်တဲ့။
(၄) ပျားမွေးမြူရေး

ပျားရည်ထုတ်ပေးတဲ့ ပျားမွေးမြူရေးလုပ်ငန်းဟာလည်း လုပ်ရကိုင်ရလွယ်သလို တန်ဖိုးရှိတဲ့ မွေးမြူ ရေးလုပ်ငန်းတစ်ခုပါပဲ။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေကို သူတို့သီးနှံတွေ ဝတ်မှုန်ကူးဖို့ ငှားပေး လို့ရသလို ကိုယ်တိုက်စိုက်ပျိုးရေးလုပ်မယ်ဆိုရင်လည်း အသုံးချလို့ရပါတယ်။ ဒီဒေသတွင်း ပျားမွေး မြူရေးကနေ ရရှိလာတဲ့ ပျားရည်နဲ့ ပျားဖယောင်းတွေဟာလည်း စားသုံးသူတွေအတွက် အရေးပါတဲ့ထုတ်ကုန်တွေ ဖြစ်နေတာပါ။
(၅) ယုန်မွေးမြူရေ

တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားတွေအတွက် နောက်ထပ်ကြီးထွားလာတဲ့ဈေးကွက်ကတော့ ယုန်မွေးမြူရေးထုတ်ကုန်တွေပါပဲ။ ဥပမာပြောရရင် ယုန်သားဟာ ပရိုတိန်းမြင့်ပြီး ကယ်လိုရီနည်းလို့ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆလာကြတာပါပဲ။ အမွေးပါတဲ့ ယုန်သားရေတွေဟာလည်း လက်မှုပစ္စည်းတွေ၊ ကုတ်အင်္ကျီတွေ၊ ဦးထုပ်တွေလုပ်ရာမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် ဒီအကောင် လေးတွေဟာ ချစ်စရာလည်းကောင်းတော့ သားဖောက်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းလို့လည်း ရပါသေးတယ်။ နောက်ဆုံးပြောရရင် ယုန်ချေးဟာတောင်မှ အကောင်းဆုံးအော်ဂဲနစ်မြေဩဇာအဖြစ် အသုံးဝင်နေသေးတာမို့ ချေးတောင်လွှင့်မပစ်ရတဲ့ သတ္တဝါမွေးမြူရေးလုပ်ငန်းပါပဲတဲ့။
ဒါဟာ အမေရိကလို ဖွံ့ဖြိုးပြီးဒေသတစ်ခုက တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားတွေအတွက် ဝင်ငွေ အကောင်းဆုံးမွေးမြူရေးလုပ်ငန်း (၅) ခုကို ဖော်ပြပေးခဲ့တာပါ။ ဒီထဲကနေ မြန်မာနိုင်ငံက မွေးမြူရေးသမားတွေအတွက်လည်း တွေးစရာတစ်ခုခုတော့ ရကြမယ်လို့ မျှော်လင့်မိပါတယ်။
Ref: https://www.zarebasystems.com/articles/profit-livestock-small-farm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိုးလင်း
လွန်ခဲ့သော ၂ နှစ် ကယုန်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....