အွန်လိုင်းချေးငွေလုပ်ငန်းများ၏ နည်းမျိုးစုံ လိမ်လည်မှုများ
ဒီနေ့အားလုံးကိုဝေမျှပေးမယ့်အကြောင်းအရာကတော့ အခုအချိန်မှာမြန်မာနိုင်ငံရှိ ပြည်သူအများကြုံတွေ့ နေရတဲ့ လူမှုမီဒီယာပေါ်ကနေ လိမ်လည်နေမှုများအကြောင်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ များပြားလာတာနဲ့အမျှ ရာဇဝတ်မှုကျူးလွန်သူတွေဟာလည်း အင်တာနက်ကမ္ဘာသို့ ရောက်ရှိလာကြပါတယ်။ အထူးသဖြင့် လူမှုမီဒီယာအမျိုးမျိုးကို အသုံးပြုပြီး ငွေကြေးလိမ်လည်မှုများဟာ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံမျိုးမှာ အများအပြားဖြစ်ပွားနေပါတယ်။
အရင်ဆုံးလူမှုမီဒီယာ Facebook မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ငွေကြေးလိမ်လည်မှု ဖြစ်ရပ်တစ်ခုအကြောင်း ကို ပြောပြချင်ပါတယ်။
မမြတ်နိုးအောင်(အမည်လွှဲ) က သူမရဲ့ Facebook ကို အသုံးပြုနေရင်းနဲ့ ကြော်ငြာတခုကို အမှတ်မထင် တွေ့ မိလိုက်ပါတယ်။ “အမြန်အွန်လိုင်းချေးငွေ အတိုးနှုန်းနည်းနည်းနှင့် ချေးငွေယူရန် app ကို အခုပဲ ဒေါင်းလုပ် (download) ဆွဲပါ” လို့ရေးသားထားတဲ့ အင်္ဂလိပ်နာမည်နဲ့ app တခုပါ။
သူမက စူးစမ်းချင်စိတ်နဲ့ ကြော်ငြာကို နှိပ်လိုက်တဲ့အခါမှာ Google Play Store သို့ ရောက်သွားပြီး ဒေါင်းလုပ် ဆွဲလိုက်မိပါတယ်။ သူမ မသိလိုက်တာက အဲ့ဒီ app ကိုဒေါင်းလုပ်ဆွဲလိုက်ချိန်မှာဘဲ သူမဖုန်းထဲမှာရှိတဲ့ ဖုန်းနံပါတ်များ၊ ဓာတ်ပုံများကို အလိုအလျောက် ယူဆောင်သွားတယ်ဆိုတာပါပဲ။
မမြတ်နိုးအောင်လည်း app ထဲသို့ ဝင်ကြည့်တဲ့အခါမှာ အချက်အလက်များစွာကို ဖြည့်ခိုင်းတာတွေ့တဲ့အတွက် app ကို ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ app ကို uninstall တော့ မလုပ်လိုက်မိပါဘူး။
မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး တပတ်လောက်အကြာမှာတော့ သူမဆီကို သူမမသိတဲ့ ဖုန်းနံပါတ်တခုက ဆက်သွယ်လာပြီး သူမဝင်ခဲ့သော app မှဖြစ်ကြောင်းနဲ့ သူမချေးထားသော ငွေကို ပြန်ဆပ်ရန် ဆက်သွယ် ခြင်းဖြစ်ကြောင်း ပြောပါတယ်။ သူမက ငွေကြေးချေးယူခြင်းမပြုခဲ့ကြောင်း ပြောဆိုတဲ့အခါမှာ ဆဲဆိုခြင်းများ ပြုလုပ်၍ ၎င်းတို့ဆီမှာ သူမရဲ့ ဖုန်းနံပါတ်များအားလုံးနဲ့ ဓာတ်ပုံများရှိကြောင်း၊ ပိုက်ဆံကို ပြန်မဆပ်မချင်း သူမရဲ့မိဘဆွေမျိုး၊ အပေါင်းအသင်းများထံသို့ ဖုန်းဆက်၍အရှက်ခွဲမည်ဖြစ်ကြောင်းနဲ့ Facebook ပေါ် တွင်တင်၍လည်း အရှက်ခွဲမည်ဖြစ်ကြောင်းများဖြင့် ခြိမ်းခြောက်ပါတော့တယ်။
မမြတ်နိုးအောင်လည်း သူမပိုက်ဆံ မချေးမိကြောင်းရှင်းပြမှုကို လက်မခံတာကြောင့် ဖုန်းကိုချပြီး အဲ့ဒီ ဖုန်းနံပါတ်ကို Block လိုက်ပါတယ်။ အဲ့ဒီနေ့ကစလို့ သူမဆီကိုကော၊ သူမဖုန်းအတွင်းမှတ်ထားတဲ့ နံပါတ်တွေဆီကော ဖုန်းနံပါတ်အမျိုးမျိုးနဲ့ အမျိုးသမီး၊ အမျိုးသား တဦးပြီး တဦး ဖုန်းဖြင့်ဆက်သွယ်ကာ ပိုက်ဆံပြန်ဆပ်ပေးဖို့ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်းတွေ ပြုလုပ်ပါတော့တယ်။




အထက်ဖော်ပြပါအကြောင်းအရာကတော့ အသိညီမတစ်ဦး အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ ဆက်တိုက် ဖုန်းဆက် နှောင့်ယှက်ခံရတဲ့ သူမရဲ့အသိတစ်ဦးကတော့ စိတ်ရှုပ်မခံနိုင်မှုကြောင့် ဖုန်းနံပါတ်ပြောင်းပစ်လိုက်ရတဲ့ အထိ ဖြစ်သွားပါတယ်။ နောက်ထပ် ဘယ်သူတွေ ဘယ်လိုခံနေရသေးသလဲတော့ မပြောတတ်ပါဘူး။
ဒါဟာ သူမတစ်ဦးတည်းကြုံခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ ယခုဖြစ်ပွားခဲ့တဲ့ပုံစံအတိုင်း အများအပြား တိုက်ခိုက်ခံနေရတာကို လူမှုမီဒီယာ Facebook ပေါ်မှာ တွေ့နေရပါတယ်။ မီဒီယာတွေကလည်း ဒါကို သတိထားဖို့ အသိပေးနေပေမဲ့ ဒါကိုမမြင်ခဲ့သူတချို့ကတော့ အခုလို ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ဆက်ကြုံနေကြရဆဲပါပဲ။
ဒီလိုမျိုး အွန်လိုင်း ငွေကြေးလိမ်းလည်နည်းပေါင်းများစွာ ရှိတဲ့အနက် အဓိကလိမ်လည်ခြင်းနှင့် ခြိမ်းခြောက်ခြင်း ပြုလုပ်ကြလေ့ရှိတဲ့ ပုံစံ (၂) မျိုးကို ဖော်ပြလိုပါတယ်။

(၁) App များမှတဆင့်လိမ်လည်ခြင်း၊ခြိမ်းခြောက်ခြင်းနှင့်အနိုင်ကျင့်ခြင်း
လိမ်လည်သူများဘက်က နည်းပညာမြင့် ဖန်တီးထားတဲ့ ဖုန်းဆော့ဝဲမျိုးကို မိမိ၏ဖုန်းအတွင်းသို့ အကြောင်း အမျိုးမျိုးကနေ ထည့်သွင်းမိသွားမယ်ဆိုရင် ယင်းဖုန်းဆော့ဝဲကို ထည့်သွင်းမိသူရဲ့ဖုန်းအတွင်းရှိ အချက်အလက်များ (ဖုန်း contact များ၊ ဓာတ်ပုံများ) ကို ဆော့ဝဲဖန်တီးသူများဆီ ရောက်သွားပါတယ်။ (တချို့သောဆော့ဝဲများဟာ အဲ့ဒီလိုမျိုး ဖုန်းအတွင်းသုံးစွဲမှုအားလုံးကို မှတ်တမ်းယူထားနိုင်တာမျိုး ရှိပါတယ်။ တကယ့်ကို သတိထားသင့်ပါတယ်)
အဲ့ဒီနောက်မှာတော့ လိမ်လည်သူတွေဟာ ရရှိသွားတဲ့အချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြု ကြပါတော့တယ်။ ဖုန်းဆက်၍ ငွေတောင်းခြင်း၊ နေထိုင်တဲ့လိပ်စာများသို့ ရှာဖွေနှောင့်ယှက်နိုင်ခြင်း၊ ဓားပြမှုကျူးလွန်ခြင်း နှင့် ပြန်ပေးဆွဲခြင်း စသည်ဖြင့် ရာဇဝတ်မှုများကို ပြုလုပ်နိုင်တာဖြစ်ပါတယ်။
ဒါကတော့ အထက်မှာပြောခဲ့တဲ့ညီမလေးကြုံခဲ့ရတဲ့ အဖြစ်အပျက်မျိုးပါ။
နောက်ထပ်ဆင်တူတဲ့ဟာတစ်ခုလည်း ရှိပါတယ်။
လိမ်လည်သူများရဲ့ တချို့သောဖုန်းဆော့ဝဲများဟာ ဖုန်းထဲကအချက်အလက်များကို တိုက်ရိုက်တော့ မခိုးယူနိုင်ပါဘူး။
ဒါပေမဲ့ ‘ငွေကြေးပမာဏ တခုကိုချေးငှားနိုင်သည်’ ဆိုသလိုမျိုး နည်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံနဲ့ သိမ်းသွင်းစည်းရုံးထားတဲ့ လင့်တစ်ခုခုကနေ ဖုန်းဆော့ဝဲကို သွင်းလိုက်မိရင်တော့ ပြဿနာက စပါပြီ။
သူတို့ဟာ ချေးငွေလိုမျိုး သုံးစွဲသူလိုချင်တဲ့မက်လုံးတစ်ခုပေးမယ်ဆိုပြီး အချက်အလက်များကို ဖြည့်စွက်ခိုင်းပါတယ်။
အဲ့ဒီအချက်အလက်တွေကို ဖြည့်စွက်လိုက်ပြီးရင်တော့ ၎င်းတို့ချေးငှားမယ်ဆိုတဲ့ ငွေပမာဏရဲ့ ၇၀% ကို ဖြည့်သွင်းသူထံသို့ ပေးပို့ပေးပါတယ်။ ဥပမာ ငွေ ၅၀၀၀၀ ကို ချေးမယ်လို့ ဖြည့်လိုက်ရင် ဖြည့်သူထံသို့ ၃၅၀၀၀ သာပေးပို့ပြီး ၁၅၀၀၀ ကို ဝန်ဆောင်ခဟုဆိုကာ ဖြတ်ထားပါတယ်။
အဲ့ဒီနောက် ၇ ရက်အကြာမှာတော့ ပိုက်ဆံချေးငှားထားသူထံသို့ ဖုန်းဆက်ကာ ၎င်တို့သတ်မှတ်ထားသော မြင့်မားတဲ့အတိုးနှုန်း(သို့) ၎င်းတို့ စိတ်ကြိုက်တောင်းယူလိုသော ပမာဏကို ပြန်လည်တောင်းယူကြပါတယ်။ အရင်းနဲ့ကျသင့်တဲ့အတိုးကို ပြန်ဆပ်မယ်ဆိုရင်လည်း လက်မခံဘဲ ၎င်းတို့ တောင်းဆိုတဲ့ ပမာဏကိုသာ မရမက အတင်းတောင်းယူကြတာမျိုးပါ။
ချေးငွေ ပြန်ဆပ်ပြီးသွားရင်လည်း အကြိမ်ကြိမ်ဖုန်းဆက်ပြီး ပိုက်ဆံဆက်လက်တောင်းခြင်းများ ပြုလုပ်ပါတယ်။ သူတို့လိမ်လည်နေမှန်းသိသွားသူတွေကိုဆိုရင်တော့ လိမ်လည်သူတွေဟာ သူတို့ရရှိထားသော ဖုန်းနံပါတ်များနဲ့ အချက်အလက်များမှတဆင့် ကာယကံရှင်ကိုကော၊ ကာယကံရှင်ရဲ့ဖုန်းထဲက နံပါတ်တွေထံကော ခြိမ်းခြောက် ခြင်း၊ အရှက်ရအောင်ပြုလုပ်ခြင်း၊ အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ကြပြီး ငွေညှစ်သလိုမျိုး ပြုလုပ်ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာန ကတော့ အောက်ဖော်ပြပါ အန္တရာယ်ရှိ အွန်လိုင်းချေငွေးလုပ်ငန်း (၃၅) ခုကို ဆက်သွယ်ခြင်း၊ အသုံးပြုခြင်းမပြုလုပ်ဖို့ ကြေညာထားပါတယ်။
Mm Finance ,U Finance ,Easy Wallet ,Sun Bag, Money Bag, Pp money , Pigeon Loan, wl Loan, Zuriloan, Loan me,Loan M, Quick Kyat ,Fast Kyat, Kyat Wave, Morning Cash, Happy Cash, Sky Cash, Lxora Cash, Kind Cash, Rapid Cash,Cash Tree, Cash Woo, Cash Now, Sun Cash, Pk Cash, Kk Money, JK Money, HappyNow, Bukcash, Wa Wallet, Flash, Smile Loan, BadaLoan, MMcash, Uumoney, Quick Cash, Cash Steward, Ukuloan, Kyat Finacne, Jk Money, Fast Kyat, TT cash, AC Money
အောက်ပါ Facebook link နဲ့ Website link တို့ကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
နောက်ထပ်လိမ်နည်းတစ်မျိုးလည်းရှိပါသေးတယ်။ အဲ့ဒါကိုလည်း နောက်တစ်ပုဒ်မှာ ဆက်လက်ဖော်ပြ ပေးသွားပါ့မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ခင်သန္တာအောင်
လွန်ခဲ့သော ၄ လ ကhi
ထွင်မောင်
လွန်ခဲ့သော ၅ လ ကhi
Soe Moe
လွန်ခဲ့သော ၁ နှစ် ကချေငွေယး
U Saw
လွန်ခဲ့သော ၃ နှစ် ကမှန်တယ်။ အဆိုးဆုံးက ဖုန်းအော်ပရေတာတွေ ၊ အင်တာနက်ပရိုဗိုက်တာတွေကအစ လုံခြုံရေးကို မကာကွယ်ပေးနိုင်ရုံမက သူတိူ့က လည်း... ဒန် တန် တန်..
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....