လက်ဖက်နိဒါန်းနှင့် လက်ဖက်ပင်ကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတု
လက်ဖက်နိဒါန်း
လက်ဖက်သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာ့ယဉ်ကျေးမှုပွဲလမ်းသဘင်များတွင်လည်း ကောင်း၊ နေ့စဉ်အစားအစာများတွင်လည်းကောင်း မပါမဖြစ် မြတ်နိုးတန်ဖိုးထားရသော အစား အစာဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်ကိုသောက်သုံးရန် လက်ဖက်ခြောက် (အချိုနှင့်အခါး) အပြင် လက်ဖက်အစိုကို အချဉ်ဖောက်၍ လက်ဖက်သုပ်အဖြစ် စားသုံးကြပါသည်။
လက်ဖက်ပင်၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး တစ်နှစ်ပတ်လုံးစိမ်းလန်းသောအပင် ဖြစ် သည်။ လက်ဖက်၏ အင်္ဂလိပ်အမည်မှာ Tea ဖြစ်ပြီး ယေဘုယျအားဖြင့် တရုတ်မျိုး(Camellia sinensis )နှင့် အာသံမျိုး(Camellia assamica)ဟူ၍ နှစ်မျိုးရှိသည်။
တရုတ်မျိုး- အရွက်များသည် သေးငယ်ပြီးထောင်မတ်ကာ အရွက်၏ထောင်မတ်ထောင့်သည် ၅၀ ဒီဂရီထက် ကျဉ်းသည်။ ခြုံပုတ်သဏ္ဌာန်ပင်စည်များကာ အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး အနည်းဆုံးနှစ်ပေါင်း ၁၀၀ ထိ ရှင်သန်နိုင်သည်။
အာသံမျိုး- အရွက်များသည် အပြားလိုက်ထွက်ပြီး ကျယ်ပြန့်သည်။ အပင်ငယ်များသည် မူလက သစ်တောများအတွင်း ပေါက်ဖွားခဲ့သည်ဟု ယူဆရသည်။ အရွက်၏ထောင်မတ်ထောင့်သည် ၇၀ ဒီဂရီထက်ကျယ်သည်။ ပင်စည်တစ်ခုတည်းရှိပြီး အမြင့်ပေ ၆-၁၈ မီတာ ထိရှိသည်။ မျိုးကွဲများစွာရှိပြီး ပုံမှန်ကိုင်းဖြတ်ခြင်းနှင့် ခူးဆွတ်ခြင်းပြုလုပ်ခြင်းဖြင့် သက်တမ်း နှစ် ၄၀ ထိရှင်သန်နိုင်သည်။
မြန်မာပြည်မြောက်ပိုင်းတွင် မြန်မာ့လက်ဖက်မျိုးရင်းများကို စတင်တွေ့ရှိရပြီး မြန်မာနှင့် တရုတ်နိုင်ငံ ယူနန်၊ စီချွမ်း ပြည်နယ်မှ Camellia sinensis (တရုတ်မျိုး)မူရင်းဟု ယူဆကြသည်။ သို့သော် မြန်မာနိုင်ငံတွင် အာသံလက်ဖက်မျိုးများကို အများဆုံး တွေ့ရှိရသည်။ ရှမ်းပြည်နယ်သည် လက်ဖက်အများဆုံးစိုက်ပျိုးသော ပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်းစိုက်ဧက၏ ၈၀ % ခန့် ရှိသည်။
လက်ဖက်ပင်ကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတုအခြေအနေ
ရာသီဥတုအခြေအနေနှင့် မြေမျက်နှာပြင်အနေအထားများသည် လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပြီး လက်ဖက်အရည်အသွေးနှင့် အထွက်နှုန်းကိုပါ သက်ရောက်မှုရှိသည်။
- လက်ဖက်ပင်ကြီးထွားရန်အပူချိန်မှာ ၁၈ မှ ၃၅ ဒီဂရီစင်တီဂရိတ်အတွင်း အသင့်တော်ဆုံးဖြစ်သည်။ ၃၅ ဒီဂရီစင်တီဂရိတ်ထက်များပြီး ၁၈ ဒီဂရီစင်တီဂရိတ်အောက်လျော့ပါက အပင်ကြီးထွားမှုကို ထိခိုက်စေသည်။
- လက်ဖက်ပင်သည် မိုးများခြင်းကိုနှစ်သက်ပြီး တစ်နှစ်ပတ်လုံး မိုးရေချိန် ၁၂၀ မှ ၂၈၀ စင်တီမီတာ လိုအပ်သည်။
- လက်ဖက်ပင်များသည် အရိပ်ကြိုက်ပင်များဖြစ်ကာ အရိပ်ရလျှင် ပို၍မြန်စွာ ကြီးထွားကြသည်။
- လက်ဖက်စိုက်ပျိုးရန် လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်းသည် အသင့်တော်ဆုံး ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းထက်များပါက မှိုရောဂါဖြစ်ပွားမှု များစေပြီး ၄၀ ရာခိုင်နှုန်းအောက်နည်းပါက ကောင်းစွာရှင်သန်မဖြစ်ထွန်းနိုင်ပါ။
- ပင်လယ်ရေ မျက်နှာပြင်အထက် ၁၅၀၀ မှ ၂၂၅၀ မီတာအထက်တွင် လက်ဖက်ပင်သည် အကောင်းဆုံးအရည်အသွေးကို ရရှိနိုင်ပါသည်။
- လက်ဖက်ပင်သည် ရေစီးရေလာကောင်းသော နုန်းမြေတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေဝပ်သောနေရာတွင် မဖြစ်ထွန်းပေ။
- လက်ဖက်စိုက်ပျိုးရန်အတွက် မြေချဉ်ငန်ကိန်း ၄ - ၅.၅ လိုအပ်သည်။ အယ်ကာလီဓာတ်များသောမြေသည် အပင်ကြီးထွားမှုကို နှောင့်နှေးစေပြီး အချိန်မမှန်ဘဲ ပန်းပွင့်ခြင်းနှင့် အသီးသီးခြင်းတို့ ဖြစ်စေသောကြောင့် ထိုမြေများတွင် မစိုက်ပျိုးသင့်ပါ။
- လက်ဖက်သည် မြေစေးကို မနှစ်သက်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....