စိုက်/မွေး နယ်ပယ်က သူဌေးကြီးများနှင့် ချမ်းသာလာခြင်းနည်းလမ်းစနစ်များ (၂)
အပိုင်း (၁) မှာတုန်းက ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံးစိုက်မွေးလုပ်ငန်းရှင် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။ အခုအပိုင်းမှာတော့ သူတို့ ဒီလိုမျိုးချမ်းသာလာဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ်၊ ဘယ်လို နည်းစနစ်တွေ၊ နည်းလမ်းတွေကို သုံးပြီးလုပ်ကိုင်ခဲ့ကြတယ်ဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မိရိုးဖလာနှင့် ခေတ်မီနည်းစနစ်များကို ပေါင်းစပ်အသုံးချနိုင်ခြင်း
သူတို့တွေ လုပ်ကိုင်ကြတဲ့ထဲမှာ မျိုးစေ့တွေထုတ်တာ၊ သီးပင်စားပင်တွေစိုက်ပျိုးတာ၊ မွေးမြူရေးဆိုရင် လည်း သားပေါက်မျိုးစပ်ထုတ်လုပ်တာ၊ အစာထုတ်တာ စတဲ့ လုပ်ငန်းအမျိုးမျိုးရှိကြတာကို တွေ့ရမှာပါ။ ဒီလိုလုပ်တဲ့အခါမှာ မိရိုးဖလာနည်းလမ်းတွေကစလို့ ခေတ်သစ်နည်းပညာတွေအထိ အသုံးချ လုပ်ကိုင်ကြတာကိုလည်း တွေ့ရပါတယ်။
ဥပမာအားဖြင့် သလဲသီး၊ အယ်လ်မွန်စေ့၊ ပစ္စတာချီယိုစေ့နဲ့ ရှောက်၊ လိမ္မော်သီးတွေ ထုတ်လုပ်ရောင်းချ တဲ့ စတူးဝပ်နဲ့ လင်ဒါရက်စ်နစ်တို့ ဇနီးမောင်နှံဆိုရင် စိုက်ပျိုးတာ၊ စောင့်ကြည့်ထိန်းသိမ်းတာတွေမှာ ခေတ်မီနည်းလမ်းတွေကို အသုံးချကြပါတယ်။
ပြီးတော့ သူတို့နှစ်ဦးဟာ ပြန်ပြည့်မြဲစွမ်းအင်အသုံးချတဲ့နေရာမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေရောင်ခြည်စွမ်းအင်(Solar Power)ကို အကြီးမားဆုံး ထုတ်လုပ်ရယူ အသုံးချသူတွေ ဖြစ်လာပါတယ်။
နောက်ထပ် ဥပမာပြောရရင် ချက်ပြည်ထောင်စုနိုင်ငံရဲ့ အကြီးဆုံးစိုက်ပျိုးရေးလုပ်ငန်းပိုင်ရှင် အန်ဒရေ ဘာဗစ်ဆိုရင်လည်း ဒရုန်းတွေအသုံးပြုပြီး သီးနှံတွေရဲ့ကြီးထွားမှုနဲ့ မြေအရည်အသွေးကို စောင့်ကြည့် အကဲဖြတ်စစ်ဆေးတာလိုမျိုး ခေတ်မီနည်းလမ်းတွေကို မိရိုးဖလာနည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။
စိုက်ပျိုးမွေးမြူရေးကို စီးပွားရေးတစ်ရပ်အဖြစ် စိတ်ဝင်စားယုံကြည်မှု
လိုအပ်တဲ့ကျွမ်းကျင်မှုတွေ၊ အရင်းအမြစ်တွေသာ ရှိမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးနယ်ပယ်ဟာ ကြီးကြီးမားမား အကျိုးအမြတ်ရနိုင်တယ်ဆိုတာကို သူတို့ ယုံကြည်စွာနဲ့ လုပ်ကိုင်ကြတာပါ။
ဒီထဲမှာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်၊ မြေအငှားချတဲ့လုပ်ငန်း၊ မြေယာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဟာ မဟာကြွယ်ဝချမ်းသာမှုတွေထိ ရနိုင်တယ်ဆိုတာ သူတို့က သက်သေပြနေပါတယ်။
ဥပမာပြောရရင် တရုတ်နိုင်ငံရဲ့ အကြီးဆုံးတိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ East Hope Group ရဲ့ ပိုင်ရှင် လျူယောင်ရှင်ဟာဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၂၀၀ (၇.၂ ဘီလျံ) ထိ ကြွယ်ဝချမ်းသာနေတာပါ။ သူ့ကုမ္ပဏီကထုတ်လုပ်တဲ့ တိရစ္ဆာန်စာတွေဟာဆိုရင် တရုတ် နိုင်ငံရဲ့ ကြီးမားလာတဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နဲ့အတူ ဝယ်လိုအား ကြီးကြီးမားမား ရှိလာတာ ဖြစ်ပါတယ်။
လုပ်ငန်းအပေါ် စိတ်နှစ်အားစိုက်လုပ်ကိုင်မှု
ဖော်ပြခဲ့ပြီးတဲ့ ကမ္ဘာ့အချမ်းသာဆုံး စိုက်ပျိုးမွေးမြူရေးတောင်သူ ၁၂ ဦးမှာ တူညီတဲ့အချက်တချို့ ရှိပါတယ်။ အဲ့ဒါတွေကတော့ ဒီအလုပ်တွေအပေါ် စိတ်နှစ်ပြီးအားစိုက်လုပ်ကိုင်မှုနဲ့ စွန့်စားမှုတွေကို လိုလိုလားလား စိန်ခေါ်ရင်ဆိုင် လုပ်ကိုင်ကြခြင်းပါပဲ။
ဒါပေမဲ့ သူတို့ရဲ့အောင်မြင်မှုမှာ အကူအညီအများကြီးဖြစ်စေခဲ့တာက နည်းဗျူဟာ၊ နည်းစနစ်အမျိုးမျိုး အသုံးချလုပ်ကိုင်ခဲ့တာတွေလည်း ပါဝင်ပါတယ်။ အဲ့ဒါက ဘယ်လိုမျိုးတွေလဲဆိုတာကို တချက်ကြည့် လိုက်ကြရအောင်။
စိုက်ပျိုးသင့်သည့်သီးနှံ မှန်ကန်စွာရွေးချယ်နိုင်ခြင်း
သီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖို့ဆိုရင် မြေအနေအထား၊ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ဘယ်သီးနှံကိုရွေးချယ်စိုက်ပျိုးသင့်သလဲဆိုတာ မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့လိုပါတယ်။
ဥပမာအားဖြင့် ‘ ပဲပုပ်ဘုရင်’ လို့ လူသိများတဲ့ ဟာရီစတိုင်းဟာဆိုရင် ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးဗီဇပြုပြင်ထားတဲ့ပဲပုပ်မျိုးစေ့တွေကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သူ့ရဲ့အနာဂတ်အောင်မြင်မှုကို ဖန်တီးယူခဲ့တာဖြစ်ပါတယ်။
ဈေးကွက်ရှာဖွေထိုးဖောက်နိုင်ခြင်း
ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ စိုက်ပျိုးမွေးမြူရေးဈေးကွက်နယ်ပယ်မှာ ဘယ်လိုဈေးကွက်ရှာဖွေ ထိုး ဖောက်ရမလဲဆိုတာကို သိတဲ့အပိုင်းမှာလည်း ဒီသူဌေးကြီးတွေ တူညီပါတယ်။ ဥပမာအားဖြင့် ဩစတေးလျရဲ့အကြီးဆုံးနို့ထွက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် တိုနီပါရစ်ချ်ဟာ သူ့ရဲ့ထုတ်ကုန် တွေကို ဈေးကွက်ထိုးဖောက်ဖို့အတွက် လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းပလက်ဖောင်း ကို ကောင်းကောင်းအသုံးချနိုင်သူဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုမူဝါဒကောင်းများ ချမှတ်နိုင်မှု
ကမ္ဘာပေါ်မှာရှိတဲ့ သူဌေးအများစုဟာ လုပ်ငန်းခေါင်းစဉ်တစ်ခုတည်းမှာ ရင်းနှီးမြှုပ်နှံတာမျိုးထက် နယ်ပယ်ခွဲတွေမှာပါ ရင်းနှီးမြှုပ်နှံတာမျိုးတွေ လုပ်ကြပါတယ်။ ဥပမာအားဖြင့် နယူးဇီလန်ရဲ့ အကြီးဆုံး နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီးတွေဖြစ်တဲ့ ကောလင်းနဲ့ ဒေးလ်အာမာညီအစ်ကိုဟာဆို ရင် တခြားနယ်ပယ်တွေဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်း၊ သစ်တောလုပ်ငန်းနဲ့ စွမ်းအင်လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံမှုတွေလုပ်ထားတာဖြစ်ပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးနယ်ပယ်ဟာလည်း ကမ္ဘာ့အချမ်းသာဆုံးသူဌေး ကြီးတွေထိ ဖြစ်ခွင့်ရှိတဲ့ စီးပွားရေးနယ်ပယ်တစ်ခုဆိုတာ ဒီသူဌေးကြီးတွေက သက်သေပြနေပါတယ်။ သူတို့တွေဟာ ဘယ်လိုအချက်တွေမှာ အားသာချက်တွေရှိတယ်၊ ဘယ်လိုဘုံတူညီမှုတွေရှိတယ်ဆိုတာ လည်း ဖော်ပြခဲ့ပြီးပါပြီ။
ဆိုတော့ အလုပ်ကြိုးစားမယ်၊ အာရုံစူးစိုက်ပြီးတစိုက်မတ်မတ်လုပ်ကိုင်နိုင်မယ်၊ တီထွင်ဆန်းသစ် လုပ်ကိုင်တတ်တဲ့ အတွေးအခေါ်မျိုးရှိမယ်ဆိုရင် ဘယ်သူမဆို ဒီလိုသူဌေးကြီးတွေမျိုးထိ ဖြစ်ခွင့်အိပ် မက် ရှိနိုင်ပါတယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။
အဘက်ဘက်က ပြည့်စုံတဲ့၊ ထောက်ပံ့ကူညီမှုတွေ အပြည့်အဝရနိုင်တဲ့အခြေအနေ၊ အချိန်အခါတွေတော့ လိုမှာပေါ့လေ။
စိုက်မွေးနယ်ပယ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၂ ယောက်က ဘယ်သူတွေလဲဆိုတာ သိချင်ရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
စိုက်/မွေး နယ်ပယ်က သူဌေးကြီးများနှင့် ချမ်းသာလာခြင်းနည်းလမ်းစနစ်များ (၁)>>>
https://greenwaymyanmar.com/posts/Top_12_Wealthiest_Farmers_in_Agri_field
Ref: https://agrolearner.com/richest-farmers-in-the-world
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Jat
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....