အစိမ်းရောင်လမ်း
တန်ဖိုးမြင့်မြေဆွေးအဖြစ် ပြန်အသုံးချနိုင်တဲ့ မှိုပွားစာဟောင်း

တန်ဖိုးမြင့်မြေဆွေးအဖြစ် ပြန်အသုံးချနိုင်တဲ့ မှိုပွားစာဟောင်း

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၇၈)

စားမှိုများမှ တန်ဖိုးမြင့် ပစ္စည်းအမျိုးမျိုး ထုတ်ကြရအောင် (၅)

တစ်ပတ်လည်စီးပွားရေးကွင်းဆက်အတွက် ပင်ကြွင်းပင်ကျန်များလျော့နည်းရန်နှင့် အရင်းအမြစ်များထိန်းသိမ်းရာတွင် စားမှိုစိုက်ပြီးပွားစာဟောင်း မြေဆွေးသုံးပါ။

အသုံးချနိုင်သော တန်ဖိုးမြင့်ပစ္စည်းများ

ပွားစာဆွေးဆိုသည်မှာ

စားမှိုစိုက်ပြီးပွကျန်သည့် ပွားစာဟောင်းကို ဆွေးမြည့်ထားသော မြေဆွေးဖြစ်သည်။ ပွားစာဟောင်းများတွင် မြေပြုပြင်ရန်လိုအပ်သော အာဟာရများပါဝင်သည်။ အသုံးပြုရာတွင် သတိထားရမည့် အချက်များရှိပါသည်။

  • ထုံးဓာတ်မြင့်သဖြင့် အယ်ကာလိုင်းဖြစ်သည်။
  • မကြာခဏ၊ အကြိမ်ကြိမ် မထည့်သင့်ပါ။
  • မြေ၏ ပီအိပ်ချ်မြင့်စေသည်။ အက်ဆစ်ကြိုက်သော အပင်တွင်မသုံးသင့်ပါ။
  • စားမှိုစိုက်ပြီး ကျန်သော ပွားစာဆွေးသည် မြေအတွက် ပိုကောင်းသည်။ 

 ပွားစာဟောင်းနှင့် ပွားစာဆွေးတွင်ပါဝင်သော ရုပ်ပိုင်းဓာတုပိုင်းဆိုင်ရာ အရည်အသွေးများ

မှိုစိုက်ပျိုးထုတ်သူများ အများဆုံးစိုက်ပျိုးနေသော  ကောက်ရိုးမှို နှင့် ငွေနှင်းမှို/ငွေမိုးမှိုများ၏ ပွားစာဟောင်းတွင်ပါဝင်သည့် ရုပ်ပိုင်းနှင့်ဓာတုပိုင်းဆိုင်ရာ အရည်အသွေးများကောင်မွန်ကြောင်း နိုင်းယှဥ်ချက် (Ahlawat 2007)

ကောက်ရိုးမှို စိုက်ပြီးပွားစာဟောင်း နှင့် ငွေနှင်းမှို/ငွေမိုးမှိုစိုက်ပြီး ပွားစာဟောင်း

မှိုစိုက်ပျိုးထုတ်သူများ အများဆုံးစိုက်ပျိုးနေသည့်  မှိုများ၏ ပွားစာ မြေဆွေး၏ ပရိုတင်းအမျှင်နှင့် ပြာ ကြွယ်ဝမှု 

စိုက်ပျိုးရေးတောင်သူများသည် သဘာဝအတိုင်းဆွေးမြည့်သော စိုက်ပြီးပွားစာဆွေးများကို  စိုက်ပျိုးရေးတွင် အသုံးပြုသင့်သည်။ အဘယ်ကြောင့်ဆိုသော်

သဘာဝအတိုင်းဆွေးမြည့်သော ၆ လမှ ၁၂ လ သက်တမ်းရှိ စိုက်ပြီးပွားစာဟောင်းမြေဆွေးများသည် အသုံးပြုရန် ကောင်းသည်။ စုစုပေါင်း ဖော့စပရပ် ဝ.၆၇%၊ ပိုတက် ၁.၂၄%၊ ကယ်လစီယံ ၂.၂၉% ၊ မက်ဂနီစီယံ ဝ.၃၅%၊ အိုင်းယွန်း ၁.ဝ၇% ပါဝင်သည်။ နိုက်ထရိုဂျင်ကြွယ်ဝသော အော်ဂဲနစ်ပစ္စည်း၊ မင်နရယ်မြေသြဇာများ၊ တီမြေဆွေးနှင့် ရောသုံးပါက ကာဗွန်နိုက်ထရိုဂျင် အချိုးကျမည်။ ပိုကောင်းသည်၊ ပဲမျိုးစုံတွင်လည်းသုံးနိုင်သည်၊ စားမှို စိုက်ပြီးပွားစာ မြေဆွေးကို မြေကြီးနှင့် ၅ဝး၅ဝ ရောသုံးနိုင်သည်၊ စားမှို စိုက်ပြီးပွားစာဟောင်း ၇၅% ထည့်စိုက်ထားသော မြေစိုက် ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်ဟု သုတေသနပြုသူများက ဖော်ပြထားသည်။ လေ့လာချက်အရ သယ်ယူပို့ဆောင်ရေး လွယ်ကူသော နေရာတွင်ရှိပါက  စားမှို စိုက်ပြီးပွားစာဆွေးကို ပြန်လည်သုံးစွဲခြင်းသည် တစ်ပတ်လည် စီးပွားရေးအတွက် ကွင်းဆက် လမ်းကြောင်းတခုဖြစ်သည်။ မှိုစိုက်ပျိုးထုတ်လုပ်သူများ၏အာဟာရ များစွာကျန်ခဲ့သော စားမှို စိုက်ပြီးပွားစာ ဟောင်း များကို စိုက်ပျိုးရေးတောင်သူများသည် ဇီဝမြေသြဇာဆွေး တန်ဖိုးမြင့် ပစ္စည်းများအဖြစ် ပြန်လည်သုံးနိုင်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်၊

ကိုးကား

Ahlawat OP. Recycling of Spent Mushroom Substrate to use as Organic Manure.National Research Centre for Mushroom (2007 ) Indian Council of Agricultural Research Chambaghat, Solan-173 213 (HP)

Tuh L. et al., Using Spent Mushroom Substrate as the Base for Organic-Mineral Micronutrient Fertilizer – Tests on Maize                                                       

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....