ပေါင်းပင်နီသွားရင် သေပြီလားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (အောင်လေး) - မိုးစပါးစိုက်ခင်းကို နွေအခါက နွားချေးကြိုချမထားပါဘူး ယခုစိုက်ပျိုးခါနီး တစ်ပတ်အလိုမှ နွားချေးအစိုကို လယ်ထဲချပြီး စက်နဲ့မွှေထားလို့ရပါသလားခဗျာ။
ကောင်းကျိုး ဆိုးကျိုးလေးတွေ ဖြေပေးကြပါဦး။
ဖြေ ( ဒို့ဦးလေး) - နွားချေးအစိုက ရေနဲ့ဖျော်ပြီး အပင်ခြေလောင်းရင် ရပေမယ့် မြေကြီးထဲကို အစိုလိုက်ထည့်လို့အဆင်မပြေပါဘူး။ ဆွေးအောင်ပြုလုပ်ရပါတယ်။ မြန်မြန်ဆွေးချင်ရင် နွားချေးထဲကိုအီးအမ် ဖျန်းထည့်ပြီးအုပ်ထားရင် တစ်လလောက်ဆို သုံးလို့ရပါတယ်။
၂။ မေး (ဦးတောင်သူ)- ခြံထဲ ပေါင်းအလွန် ထူထပ်စွာပေါက်သောကြောင့် ဂလိုင်ဖောက် ပေါင်းသတ်ဆေးဖျန်းချင်ပါတယ်။ ထောပတ်ပင် ကော်ဖီပင်စိုက်ထားပါတယ်။ အသီးပင်ကို မထိအောင်ဖျန်းရင် အဆင်ပြေနိုင်လားဗျ မိုးကတော့ နေ့တိုင်းလိုရွာပါတယ်..ဖျန်းရင် အစွမ်းရော ထက်ပါ့မလားဗျာ။
ဖြေ (သိန်းစိုးမင်း) - ပေါင်းသတ်ဆေးအာနိသင် အပြည့်အဝရဖို့ဆို ဆေးဖြန်းပြီး ၆ နာရီလောကိထိ မိုးမရွာဖို့ လိုပါတယ်။ မိုးလေဝသ ခန့်မှန်းချက် ကြည့်ပြီးမှ ဖြန်းပါ။
(ဦးမောင်မောင်ထွေး) - ထောပတ်နဲ့ကော်ဖီ နှစ်ရှည်ခံပင်များကို စနစ်တကျအတန်းလိုက်စိုက်ထားရင် ပေါင်းသတ်ဆေးအစားလက်ကိုင်နဲသုံးရလွယ်တဲ့ မြက်ဖြတ်စက်သုံးပြီး ပေါင်းများမကြာခနဖြတ်နေရင် ပေါင်းလဲရှင်းမြေဆွေးလဲရ.. စရိတ်လဲသက်သာပတ်ဝန်းကျင်လဲမညစ်ညမ်းစေပါ။
၃။ မေး (ကျော်ကျော်မောင်) - ဆရာတို့ရေ ဆားကပေါင်းပင်ကို သေစေပြီး စပါးပင်ကိုမထိခိုက်စေဘူးဆိုတာမှန်ပါသလား။ မြေဆီလွှာအငန်ဓာတ်များလွန်းပြီး နောက်သီးထပ်စိုက်ပျိုးပင်တွေကို ထိခိုက်စေပါသလား။ ဖြေပေးပါဦးနော်။
ဖြေ (ဖုန်းမာဏ်တိုး) - မမှန်ပါ၊ ဆားက နှုန်းထား အနည်းအများအလိုက် စပါးကိုပါထိခိုက်စေပါတယ်။ ရွေးချယ်ပေါင်းသတ်ဆေးမဟုတ်ပါ။ ဆားနဲ့ပေါင်းသတ်တာကိုဖြစ်နိုင်ရင်ရှောင်ရှားပေးပါနော်။ မြေဆီလွှာဆားပေါက်ပြီး ပျက်စီးလာပါမယ်။

၄။ မေး (မျိုးသူ) - ဆရာခဗျ ချောင်းနားက လယ် ကန်သင်းရိုးတွေကို ကဏန်းတွေအရမ်းဖျက်စီးနေလို့ ဘယ်လိုဆေးမျိုးနဲ့ရှင်းသင့်လဲခဗျ။ ကဏန်းသေးလေးတွေအရမ်းများပြီး အပေါက်တွေဖောက် ရေကမနေ ။ သီးပင်စားပင်နဲ့ကွန်းသီးပင်ပေါက်တွေလဲဖျက်စီး ရှင်းမနိုင်အောင်များနေလို့ပါဗျ။ ကျေးဇူးပါ။
(ကိုဖြိုး) - ကဏန်းဆိုတဲ့ ရေနေ၊ တွင်းအောင်အကောင်ကို လုံးဝဖယ်ရှားပစ်ဖို့ဆိုတာ ဆေးမရှိပါဘူး။ သို့သော် ဖျက်စီးမှုနည်းပါးအောင်တော့လုပ်လို့ရပါတယ်။ မိမိအိမ်က ထမင်းအကျန်တွေကို ယူပြီး ကန်သင်းနဲ့ လယ်ထဲကို နှံ့အောင်လိုက်ပတ်လိုက်ရင် သိသိသာသာ ဖျက်စီးတာ မရှိနိုင်တော့ပါဘူး။ လက်တွေ့သာ ခင်ဗျားတို့လုပ်ဖို့လိုပါတယ်။
(ကျော်ကျော်မောင်) - ဆရာကိုဖြိုးပြော တာကိုထောက်ခံပါတယ်။ ကဏန်းလုံးတွေက ထမင်းနဲ့တွေ့ရင်အခွံလဲပြီးအရေပျော့ဖြစ်သွားပါတယ်။ အဲလိုအရေပျော့ဖြစ်သွားရင်မဖျက်စီးနိုင်တော့ဘူးပေါ့။ ပညာရှင်မဟုတ်ပါ။
၅။ မေး (ကျော်ကျော်မောင်) - စပါးကြား ပေါင်းသတ်ဆေးဖြန်းပြီး ၇ ရက်အကြာမှာ ပေါင်းပင်တွေကနီနေပါတယ်။ သေတယ်လို့ယူဆလို့ရပါသလား။ အကယ်၍ပုလဲမြေသြဇာပတ်လိုက်လျှင်ပေါင်းပင်ပြန်စိမ်းလာနိုင်လားဖြေကြားပေးပါဆရာတို့။
(ဒို့ဦးလေး) - ပန်းခရမ်းရောင်သန်းရင် ..သေနိုင်ပါတယ်။ အဲဒီအချိန်၂ ရက်လောက်ရေမြှုပ်ထားရင် အသေမြန်နိုင်ပါတယ်။ မြေသြဇာကျွေးနိုင်ပါပြီ။ ဆေးဖျန်းပြီး ၅ရက်နေရင်.ဆေးအာနိသင် ပြန့်နှံ့ပြီးလို့ယူဆပြီး.. ၇/၈ရက်ကျော်ရင် အစာကျွေးနိုင်ပါတယ်။
(ဖုန်းမာဏ်တိုး) - မိုရယ်မုန်း ဟော်မုန်းဆေးသုံးပေးနိုင်ပါတယ်၊ ဖြစ်နိုင်ရင် မနက်စောစောထွက်တဲ့ နွားကျင်ငယ်ရေ ၁ လီတာနဲ့ရောပက်ပေးပါ။
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....