စပါးခင်းထဲက ပေါင်းပြဿနာနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
ဒီနေ့မေးခွန်းကတော့ ဦးကြီးတို့စိုက်ထားတဲ့ စပါးပင်ရဲ့ အာဟာရကို လုပြီးစားသောက်နေကြတဲ့ ပေါင်းမြက်တွေအကြောင်းပါ။
၁။ မေး (Khun Sein Win) - ဆရာတို့ခဗျ 2,4Dရွက်ဝိုင်းပေါင်းသက်ဆေးတွေက အပင်ရဲ့အမြစ်တွေပါသေစေနိုင်လားခဗျ။အမြစ်ပြက်သေစေနိုင်လားသိချင်ပါတယ်။ကျေးဇူးပါ။
ဖြေ ( ဒို့ဦးလေး) - တူးဖိုးဒီက..ဟော်မုန်းအမျိုးအစား ပေါင်းသတ်ဆေးမို့..အခြားပေါင်းပေါင်းသတ်ဆေးလို.အမြစ်တွေ၊အညွန့်တွေက စုပ်ယူပြီး အမြစ်ပါသေတဲ့ အုပ်စုမဟုတ်ပါ။ အရွက်ကစုပ်ယူပြီး ပင်စည်ထဲဝင်၊ အပင် ဆဲလ်တွေကို ပြင်းထန်စွာ တိုက်ခိုက်ပြီး တဖြည်းဖြည်း တွန့်လိမ် ညှိုးနွမ်းသေစေတာပါ။ မုန်ညင်းနဲ့ အချို့ရွက်ပြန့်ပင်တွေ သေစေပါတယ်၊(တပင်လုံးသေပါတယ်)
၂။ မေး (ဦးသက်နိုင်ဦး) - ဘရော်ဖြူ ဘရော်နီ မြင်းဇာ ဒိုက်သင်တုံး လက်သဲဇောင်း ဘယ်ai ဖြန်းရမလဲ။
ဖြေ (ဒို့ဦးလေး) - fenoxapropဖျန်းပါ
၃။ မေး (မင်းမင်း) - ဆရာရေ့မြက်ခါးတေဘာဆေးနဲ့သတ်ရမလဲ။
ဖြေ (ဒို့ဦးလေး) - fenoxaprop ပါတဲ့ပေါင်းသတ်ဆေးဖျန်းပါ။
(Kyaw Moe) - မီးရှို့ရရင် မီးအရင်ရှို့ ထွက်လာတဲ့သားတက်ကိုမှ ဂလိုင်မှိုစေ့ပေါင်သတ်ဆေးဖျန်း လို့ရပါတယ်။
၄။ မေး (Soe Min Oo) - ဒီမြက်ကို ဘာဆေးနဲ့ ဘလိုသတ်ရမလဲဆရာ။

(ဒို့ဦးလေး) - Cyhalofopအုပ်စု ပါတာ. ဖျန်းပါ။ ရေမဆွတ်/လက်သည်းစောင်း မြက်အုပ်စုမျိုးပါ။
၅။ မေး (Aung Thu Hein) ဘာမြက်လဲခဗျာ၊ဘယ်AIအဆင်ပြေမလဲ။

(ဒို့ဦးလေး) - အရွက်ကြမ်းရှရှ ဆိုရင် မြက်ကြိမ် ဖြစ်မယ်.. ဆိုင်ဟေလိုဖော့ .၁၅%.အုပ်စုဖျန်းပါ။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကသုံးပင်ခွမြက်ကိုဘယ်ဆေးနဲ့ဖြန်ရမလဲ
kyaw
လွန်ခဲ့သော ၃ နှစ် ကဆရာသိတဲ့မျက်ပေါင်းဆုံကိုဘယ်မျက်ကဘယ်aiဒီမျက်ကဒီaiဆေးရာခိုင်နုန်လေးပါတွဲတင်ပေးပါလားဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026