Green Way ပေါ်က တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ၊ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေး မေးမြန်းလို့ရနိုင်တဲ့ အခန်းကဏ္ဍလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။
ဒီအမေးအဖြေတွေထဲက အမေးအဖြေတချို့ဟာ စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာ၊ ပညာရစရာ အတော်လေး ကောင်းပါတယ်။ ဒီနေရာမှာ ဒီလိုတွေ မေးလိုက်ရင် တောင်သူတွေရဲ့ ဒီလိုပြဿနာတွေကို ရှင်းရှင်း လင်းလင်းသိသွားရနိုင်တယ်၊ တန်ဖိုးရှိတဲ့ပလက်ဖောင်းလေးဖြစ်တယ်ဆိုတာကိုလည်း တခြား မေးမြန်းလိုသူတွေကို သိစေချင်ပါတယ်။
ဒါကြောင့် အမေးအဖြေကဏ္ဍမှာ မေးထားတဲ့ စိတ်ဝင်စားစရာ၊ မှတ်သားစရာ လေးတွေကို အပတ်စဉ်တိုင်း ကောက်နုတ်ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်ရှင့်။ မေးမြန်းမှုတွေထဲက တစ်ချို့ကိုတော့ စာလုံးပေါင်းသတ်ပုံလေးတွေ အနည်းငယ်ပြင်ဆင် ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (Lu lay) - ကျွန်တော်တစ်ခုလောက်မေးချင်ပါတယ် မတ်ပဲအပင်သေဝင်တဲ့ လယ်တွေမှာပဲတီစိမ်းပြောင်းစိုက်တာ အပင်မသေတော့ဘူးဗျ အဲဒါဘာကြောင့်လဲဆိုတာ သိချင်လို့ ပါဆရာ။
ဖြေ (ဒို့ဦးလေး) - ပဲတီစိမ်းပြောင်းစိုက်မှရယ်လို့မဟုတ်ပါ။ မတ်ပဲကို မျိုးပြောင်းစိုက်ရင်လည်း အသေသက်သာပါလိမ့်မယ်။ ဒါလည်း ၂နှစ်ကျော်ရင် ပြန်သေမှာပါ။ မြေကြီးထဲက မှိုရောဂါတွေက သူစားနေကျ အပင်မဟုတ်တဲ့အတွက် ခေတ္တ အငိုက်မိသွားတဲ့သဘောပါ။
(ဦးသက်လွင်) - ပဲသေစေတာက မြစ်ခြောက်ဆွေး ရောဂါဖြစ်ပြီး နှံစားသီးနှံမှအပ ပဲမျိူးစုံ သေတာပါ နောက်ပိုင်းမှာ ပြန်သေမှာပါ။
၂။ မေး (Phyo) - IMo ဖျော်ရည်ကို လုပ်ပြီးစသုံးပြုလို့ရတာနဲ့ ဘယ်နှရက်လောက်အထားခဲသလဲ သု့သက်တန်းကဘယ်လောက်ထားလို့ရသလဲ ဆရာတို့ဖြေပေးပါ။
ဖြေ (ဒို့ဦးလေး) - အဲဒီမေးခွန်းက အတိအကျပြောဖို့ခက်မယ်နော့။ သူတို့က သက်ရှိမိုက်ခရုပ်တွေပါ။ သူတို့အသက်ရှင်အောင် ထားနိုင်၊ပွားနိုင်၊လုပ်နိုင်နေသရွေ့ ထားလို့ရမယ်လေ။ နေပူထဲပစ်ထားရင် သေမှာပေါ့နော်။
၃။ မေး (Lu lay) - ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ ပိုးသတ်ဆေး မှိုသတ်ဆေးများ မှာဆေးaiတူတယ် ပါဝင်တဲ့ရာခိုင်နှုန်းလည်းတူတယ် ဖြန့်ချီတဲ့ကုမ္ပဏီ မတူဘူးဆိုရင် ဆေးအရည်အသွေးတူပါမလားခင်ဗျာ ဆေးအတွေ့အကြုံရှိတဲ့ မိတ်ဆွေတွေ သုံးဖူးတဲ့ ညီကိုတွေနဲ့ ဆရာများအလင်းပြပါအုံးနော်။
ဖြေ (ဦးသက်လွင်) - ဆေး Ai ရာခိုင်နှုန်းတူလျင် အရည်အသွေးတူပါတယ်။
(ကျော်ကျော်ဦး) - aiတူလဲ ဆေးအာနိသင်ခြင်း မတူပါ...။ အပြင်းအပျော့ ကွာတက်ပါတယ်...။ တူတာလဲရှိပါတယ်...။
(Soe Maung Maung) - ဖြန့်တဲ့ company က မှန်ကန်တဲ့အာမခံချက် ပေးတာဆိုရင်တော့ အာနိသင်က တူတယ်လေ.. အချို့တွေက ထိုင်းကနေ သွင်းတာနဲ့ ထိုင်းတံဆိပ်လေးကပ်ပြီး ဂျင်းထည့်နေတာ များတယ်... အဘာမတင် 1.8 ကိုပဲကြည့် ထိုင်းထုတ်ချင်းတောင်ဈေးမတူပါ။

၄။ မေး (မျိုးဇော်အောင်) - ကြက်သွန်မြိတ် ကိုကြက်သွန်နီမျိုးစေ့က စိုက်ရပါသလား။ ကြက်သွန်မြိတ်မျိုး သီးသန့်ရှိသလား။မသိလို့ဖြေပေးကြပါခဗျ။
ဖြေ (ဦးသက်လွင်) - ကြက်သွန်နီ ဥသေးများကို စိုက်ပျိုးခြင်းဖြစ်ပါတယ်။
(ဦးကိုမင်း) - 1 /ဇော်မွှား တင်းချိန် နှင့် အရောင်းရှိသည်။ 2 / ကြက်သွန်နှုတ်ပြီး ရှယ် ကြီး လတ် ဆိုပြီးအတန်းအစားခွဲပြီး ကျန်အသေးကို အချိန် နှင့်ရောင်းသည် နှစ်သက်ရာ ဝယ်ပြီးစိုက်ပါ ။
(ဦးခင်မောင်လတ်) - ကြက်သွန်မြိတ်က ဝါခေါင်လလောက်မှာပေါ်တဲ့ ကြက်သွန်နီဥသေးကို စိုက်တာပါ အဲ့ကနေထွက်လာတဲ့ အမြိတ်နုလေးတွေကို ဖြတ်ပြီးရောင်းတာ။ တစ်ခါတစ်လေ ကြက်သွန်မြိတ် အဖြစ်ဈေးမကောင်းလို့ မရောင်းချင်ဘူးဆို ကြက်သွန်ဥအဖြစ်ထားလို့ရပါသေးတယ် အဲ့တာကတော့ ကြက်သွန်ကြီးထွားမှုအဆင့်လွန်ရင် ဥစဖြစ်ပါပြီ တခြားစိုက်သလိုပဲ ပုံမှန်တူးဖော် လို့ရပါတယ်။
၅။ မေး (San Oo) - မတ်ပဲအပင်ဝါများတဖြည်းဖြည်းများလာတာဘာရောပါလဲ ဘာဆေးသုံးရပါမလဲ ခင်ဗျာ။
ဖြေ ( U Thet Lwin) - အဝါရောင်မိုဇိတ် ဗိုင်းရပ်ရောဂါ ဖြစ်၍ ကုရာနတ္ထိ ဆေးမရှိပါဘူး ရောဂါဒါဏ် ခံနိူင်ရည်ရှိသော ရေဆင်း ၇၊ TBL 9 မျိုးများကို နောင်နှစ်များတွင် စိုက်ပါလို့ အကြံပေးလိုပါတယ်။ (ဒို့ဦးလေး) - ရွေဝါရောင်မိုဇိတ်ရောဂါ ပါ။ ယင်ဖြူကာကွယ်ဆေးဖျန်းပါ။ ကုသဖို့ ဆေးမရှိပါဘူး။
နောက်တစ်ပတ်မှာလည်း ဗဟုသုတရဖွယ် အမေးအဖြေလေးတွေကို ဖော်ပြပေးပါဦးမယ်။ ကျေးဇူးတင်ပါတယ်။
(မေးခွန်းမေးမြန်းလိုသူများအနေဖြင့် Green Way App ရှိ အမေးအဖြေကဏ္ဍတွင် အချိန်မရွေး ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ဖြေကြားပေးမည့် ပညာရှင်များ၊ တောင်သူအချင်းချင်း အတွေ့အကြုံမျှဝေလိုသူများ အဆင်သင့်ရှိနေပါသည်)
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကခရမ်းချဉ် အပွင့်ခိုင်တစ်ခိုင်ချင်းစီရဲ့ အပွင့်တွေသုံးပုံတစ်ပုံပဲ အသီးတင်တယ်အဲဒါဘာဖြစ်လို့လဲ ဘာဆေးသုံးရမလဲဗျသိတဲ့ဆရာများဖြေကြားပေးပါအုံးဗျ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကအမေးအဖြေ ကဏ္ဍမှာမေးပေးနော် khin lwin moe
Khin Lwin Moe
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲ ဆေးဖျန်းဖို့သိချင်ပါတယ်
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကပန်းပွင့်နံက်ခင်းမှာ ဝတ်မှုံကူးချိန်မို့ ECဆေးတွေ မဖျန်းသင့်ပါ။
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲပန်းပွင့်ချိန်ECပိုးသတ်ဆေး တွေဖြန်လို့ရလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....