ထုံးမှုန့်လား..ကျောက်မှုန့်လားနဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ
မင်္ဂလာပါရှင့်
ဒီတစ်ပတ်မေးခွန်းတွေကလည်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ပါ။ အမြဲတမ်းလည်း သတိပေးနေကြ၊ ရောတဲ့သူတွေကလည်း ရောနေကြပေါ့။
မေးခွန်းနံပါတ် (၁) မှာဆို ထုံးနဲ့ ကျောက်မှုန့် (Gypsum) ပြဿနာပေါ့လေ။ ထုံးနဲ့ကျောက်မှုန့်က မြေပြုပြင်ရေးပစ္စည်းအနေနဲ့ မြေခံအဖြစ်သုံးကြတာ။ မြေတိုင်းသုံးလို့မရပါဘူးနော်။ သုံးသင့်တဲ့မြေ မသုံးသင့်မြေဆိုတာရှိပါသေးတယ်။ ဘယ်လိုသိနိုင်မလဲဆိုရင် pH အရင်တိုင်းရမှာပါ။ pH အမှတ် ၀ ကနေ ၁၄ အထိရှိပါတယ်။
ပီအိပ်ချ် ၅.၀ အောက်ဆိုရင်မြေချဥ်လို့မှတ်ပြီး ပီအိပ်ချ် ၇.၅ အထက်ရှိနေရင် မြေငန်လို့သတ်မှတ်ပါတယ်။ ပီအိပ်ချ် ၅.၅ - ၇.၅ အကြားရှိရင်တော့ ကောင်းတဲ့အနေအထားမှာ ရှိနေတဲ့ မြေပါ။ ဒီတော့ ကျောက်မှုန့်ဆိုတာ မြေငန်ရင်ထည့်ရတဲ့ မြေပြုပြင်ပစ္စည်းပါလို့။
၁။ မေး ( Soe Min Htun) - မိုးတွင်းစပါးကို မြေခံထည့်ချင်လို့ ကျောက်မှုန့်နဲထုံး ဘယ်ဟာ ပိုကောင်းမလဲခဗျာ... မြေခံကို ဘယ်ချိန်လောက်ထည့်ရမလဲ။
ဖြေ ( ဒို့ဦးလေး) - ကျောက်မှုန့် ထည့်ရမလား၊ ထုံးထည့်သင့်သလား..ဆိုတာ.. မိတ်ဆွေ လယ်မြေရဲ့ ပီအိပ်ချ် အနည်းအများပေါ်မူတည်တာပါ။ တိုင်းကြည့်လို့ ပီအိပ်ချ် ၅.၅ အောက်ရောက်နေရင် ထုံးထည့်သင့်ပြီး ၅.၅ ကျော်ရင်တော့ ဒိုလိုမိုက်အသုံးပြုပါ။
၂။ မေး (ဇာကြီး) - ပုရွက်ဆိတ်တက်လို့ ဂေါ်ဇီလာခြင်ဆေးတော့နည်းနည်း ဖြန်းမိတယ် အရွက်ကနည်းနည်းခြောက်ပြီး အသီးအပွင့်သိပ်မတင်ဘူး။
ကဲ...လာပါပြီဗျာ...လူစားမဲ့အပင်ကို ခြင်ဆေးတွေဖြန်းထားလို့။ ဒါတွေကိုသာ စားမိရင် မတွေးရဲစရာပါ။ ချက်ချင်းလည်း အာနိသင်ပြသွားနိုင်သလို နှစ်ပေါင်းများစွာ အသံတိတ်လူသတ်သမားအဖြစ်နဲ့လည်း ရှိနေနိုင်တယ်။ ဒါ့ကြောင့်လည်း တချို့ဆေးဘူးခွံတွေမှာဆိုရင် စားစရာမဟုတ်တို့၊ ကလေးတွေလက်လှမ်းမမီနိုင်တဲ့ နေရာထားထားပါလို့ ပြောကြတာပေါ့။
ဆရာကြီးတစ်ယောက်ပြောတာကိုတောင်သွားသတိရမိတယ်။ ဆရာကတော့ ဈေးထဲမှာ အရွက်ဝယ်ရင် အပေါက်များတဲ့ အစီးကိုပဲ ရွေးဝယ်တယ်တဲ့။ ပိုးသတ်ဆေးမမိထားလို့ ပိုးတွေစိတ်ကြိုက်စားသောက်ထားတဲ့ အရွက်ကို ပြောချင်တာ။ ဈေးသည်ကတော့ ပြန်ပြောလိုက်ပါရဲ့...အဲ့တာ ဆေးကို မနိုင်တော့လို့...ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ ဆရာရေတဲ့။ ဒီလိုတွေလည်း ဖြစ်နေဦးမယ်နော် အမျိုးတို့။
ဖြေ (ဒို့ဦးလေး) - ပုရွက်ဆိတ်တက်တာ၊ ပျရှိလို့ပါ။ ခြင်ဆေးတွေ မဖျန်းရဘူးနော်။ ဖျန်းချင်ရင်..ဆေးရွက်ကြီး ရေစိမ်ဖျန်းပါ။
(ဦးသက်လွင်) - ခြင်ဆေးသည် ပိုးသတ်ဆေးမဟုတ်၍ ဆိုးကျိုးကိုသာ ဖြစ်စေမှာပါ
၃။ မေး (သူရိန်) - ဘားအံမှာနွေရာသီ မုန်ညင်း ဆလပ်စိုက်လို့ဖြစ်လား ခဗျ။
ဖြေ (ဆုမြတ်နိုး) - မုန်ညင်းနဲ့ ဆလပ်ကအေးမြတဲ့ဆောင်းရာသီမှာပဲစိုက်ပျိုးဖြစ်ထွန်းပါတယ်။
ဒီမေးခွန်းလေးနဲ့ ဆက်စပ်ပြီး နွေရာသီမှာ စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်အပင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရုံးပတီ၊ ရွှေဖရုံ၊ ဘူး၊ သခွား၊ ဟင်းနုနွယ်၊ ခရမ်းချဉ်၊ ခရမ်း၊ ငရုတ်၊ ကြက်ဟင်းခါး၊ ခဝဲ တွေစိုက်နိုင်ပါတယ်။
စိုက်နည်းတွေကိုတော့ ဆောင်းပါးများကဏ္ဍက စိုက်ပျိုးနည်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။
၄။ မေး (အောင်ကိုထွန်း) - အပင်စိုက်ထားတာ စိပ်သွားလားမသိဘူးဗျ။ ရွက်ဖြန်းအားဆေးဘယ်ဟာကိုသုံးရင်ကောင်းမလဲ။ အပင်ကို ဘယ်လိုပြုစုရမလဲဗျ။

ဖြေ (ဒို့ဦးလေး) - နည်းနည်းစိပ်တယ်။ အီးအမ်နဲ့ ငါးအမိုင်နိုကို နည်းနည်းချင်းနဲ့ ၇ -၁၀ ရက်ခြားဖြန်းပါ။
(ဦးသက်လွင်) - စိပ်လွန်းတယ်လို့ဆိုရမှာဖြစ်ပြီး ထိုအတိုင်းဆက်ထားလို့လဲ အဆင်မပြေနိုင်သဖြင့် လိုအပ်သည်ထက် ပိုနေသောအပင်များအား ပြန်နှုတ်ပြီး ဘောင်အသစ်တွင် စိုက်ပါလို့ အကြံပြုအပ်ပါတယ် ထိုအတိုင်းဆက်ထားပါက ကောင်းကျိုးမရှိ၍ဖြစ်ပါတယ်။
ဒီမေးခွန်းလေးနဲ့ ဆက်စပ်ပြီး ပင်ခြားတန်းကြားက ဘာကြောင့် အရေးကြီးဆိုတာကို ဆရာထွန်းဝင်းကျော်ရဲ့ ဆောင်းပါးလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်ရှင့်။
ဆောင်းပါးလင့်ခ်>>> https://bit.ly/3M5aHQs
နောက်ဆုံးမေးခွန်းလေးကတော့ ခရမ်းချဉ်မှာ အဖြစ်များတဲ့ ဘက်တီးရီးယားရောဂါ ကာကွယ်နှိမ်နင်းကို ဆရာဒို့ဦးလေးရဲ့ ဖြေကြားချက်နဲ့အတူ အဆုံးသတ်လိုက်ပါတယ်ရှင့်။
၅။ မေး (အောင်မျိုး) - ခရမ်းချဥ် မှာအဖြစ်များတဲ့ဘတ်တီးရီးယားရောဂါများကျရောက်ပုံလေးအကြောင်းနားလည်အောင်ရှင်းပြပေးပါလားကာကွယ်နိုင်အောင်လို့ပါဆရာတို့။
ဖြေ (ဒို့ဦးလေး)- ခရမ်းချဥ်မှာ ဘက်တီးရီး စိမ်းညှိုး ရောဂါနဲ့ ဘက်တီးရီးယားရွက်ပြောက်/အစက်ပြောက်ရောဂါ အဖြစ်များပါတယ်။ ဘက်တီးရီးယားရောဂါသည်၊ နေဒဏ်/လေဒဏ်/ပိုး/ရောဂါ/ထိခိုက်ရှနာ စတဲ့ ဒဏ်တွေကတဆင့် ဝင်ရောက်တာဖြစ်ပါတယ်။ (ကိုယ်တိုင်ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိပါ) ဒါကြောင့် ကာကွယ်လိုပါက..ဒဏ်ရာအနာတရမဖြစ်အောင်ထိန်းသိမ်းခြင်း။ ခံနိုင်ရည်ရှိအောင် ရေနဲ့အစာကို မျှတစွာပေးခြင်း။ ကော့ပါး၊ကာဆူကာမိုင်စင် ကြိုတင်ကာကွယ်ခြင်း လုပ်ဆောင်ရပါတယ်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကခရမ်းချဥ်မှာဘက်တီးရီယားပင်ညှိုးရောဂါကျရရင်တော.ဆေးဖျန်းလဲမရပါမြေဆောင်ရောကာဖြစ်လို.ထိုမြေမျိုးတွင်ခရမ်းချဥ်မျိုးရင်းဝင်များကိုမစိုက်ပါနဲ.စိုက်ချင်ရင်မြေကိုပိုးသန်.ရပါမယ်မြေကိုဖော်မလင်နဲ.ရွှဲအောင်လောင်းပြိးပလပ်စတစ်နဲလုံအောင်၃ -၄ ရက်အုပ်ဖော်မလင်အနံ.ကုန်မှစိုက် ထရိုင်ကိုဒါးမားဲထဲ.စိုက်ပါ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....