တစ်ပတ်တာအတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ စုစည်းမှု
စိတ်ဝင်စားစရာ အမေးအဖြေတွေကို စုစည်းပြီးဖော်ပြလာတာ ဒီတစ်ပတ်ဆို (၃) ပတ်မြောက် လို့လာပါပြီ။ မေးခွန်းနဲ့ အဖြေတွေကတွေကတော့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတွေမေးလာခဲ့တဲ့ မေးခွန်းတွေကို တခြားတောင်သူတွေပါသတိထားနိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကောင်းနိုးရာရာတွေကို ရွေးထုတ်ပြီးဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။
Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့ အခန်းကဏ္ဍလေး ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။ မေးခွန်းတွေကိုမေးမြန်းချင်ရင်တော့ အမေးအဖြေကဏ္ဍသို့ဝင်ကာ ပို့စ်တင်ပြီးမေးလို့ရနေပါတယ်။ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ မှန်မှန်နဲ့ မြန်မြန်ဖြေပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဝင်ဆွေးနွေးပေးကြပါတယ်ရှင့် ။
ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....
၁။ မေး (Lu lay) - ကျွန်တော်တစ်ခုလောက်သိချင်လို့ပါ ဆေးထုက်ဆေးဘူး တွေမှာ ဆေးအမည်မပြောင်းထားပေမဲ့ ဆေးအေအိုင်တွေပြောင်းထားတွေရှိတယ်၊ နောက်ပြီး ဆေးအေအိုင် အမည်ဖျောက်ထားတာတွေလည်းရှိတယ်။ အဲဒီဆေးမျိုးတွေကို ဝယ်သုံးလိူ့အဆင်ပြေပါမလားလို့ပါ ဗဟုသုတရအောင်အလင်းပြပါအုံးဗျာ။
ဖြေ (ဒို့ဦးလေး) - ဒီလိုဖြစ်စဥ်တွေ ပိုးသတ်ဆေး စျေးကွက်ထဲမှာ တော်တော်များများတွေ့လာရပါတယ်။ ထုတ်လုပ်သူတွေရဲ့ မြှုပ်ကွက်လား... ရောင်းချသူတွေရဲ့ တောင်းဆိုမှုကြောင့်လား..? သို့တည်းမဟုတ်... တင်သွင်းခွင့် (ပါမစ်ရှင်) တွေရဲ့ စနစ်တကျ စစ်ဆေးမှု/စမ်းသပ်မှုတွေ အားနည်းလို့လား?? မဖြစ်သင့်တာတော့ သေချာပါတယ်။ ဥပမာ...ထိသေဆေး အေအိုင်က ပွင့်ထွေးပိုးတွေကို ရှင်းနိုင်တယ်..ဆိုတာမျိုးတွေက အထဲမှာ အမှန်တကယ်ပါဝင်သော ai ဟုတ်ပါရဲ့လား .မေးစရာဖြစ်လာပါတယ်။
၂။ မေး (Thet Hnin) - နှမ်းခင်းတွင် စုပ်စားပိုး ဘယ်ရက်သားတွေကနေစကျရောက်တက်ပါသလဲဗျ။ ဘာဆေးတွေဖျန်းသင့်ပါသလဲ ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။။
ဖြေ (ဦးသက်လွင်) - တရားသေယူဆ၍ မရပါ စိုက်ခင်းအားသေခြာစွာ စောင့်ကြည့်ပြီး ပိုးသတ်ဆေး သုံးစွဲရမှာပါ။
၃။ မေး (Aung Chan) - ကျွန်တော့ ခရမ်းချဥ်ခင်းမှ ခရမ်းချဥ်သီးများ ပုံပါအတိုင်း ဖြစ်နေပါတယ်ဗျာ့။ ဒါဟာ ပိုးမွားရောဂါကျရောက်မှုကြောင့်လား အပင်အဟာရကြောင့်လား မည်သို့သောဆေးမျိုးကို ပက်ဖျန်းရန်လိုအပ်ပါသလည်းဗျ။

ဖြေ (ဦးသက်လွင်) - catfaceလို့ခေါ်တဲ့ ကြောင်မျက်နှာ ရောဂါပါ။ ပိုးမွှားရောဂါ ကြောင့်မဟုတ်ဘဲ။ အပူအအေး ရာသီပြောင်းလဲမှုနဲ့ သက်ဆိုင်ပါတယ်။ အာဟာရနဲ့လည်း သက်ဆိုင်ပါတယ်။ အဓိကအချက်က.. ရာသီဥတုကြောင့် ဝတ်မှုံကူးရာမှာ ချွတ်ယွင်းပြီး ပုံစံ မမှန်အသီးထွက်လာတာပါဘဲ။
ပိုတက်စီယံ၊ကယ်လစီယံ၊ ဇင့်၊ဘိုရွန်ပါသော အရွက်ဖျန်းမြေသြဇာကို အသုံးပြုပါ။ ပန်းပွင့်ချိန်မနက်ခင်းမှာ ပိုးသတ်ဆေးများ မဖျန်းမိအောင်ရှောင်ပါ။
၄။ မေး (မျိုးသူ) - ငါးခူမွေးတဲ့ကန်မှာ အယ်ဇိုလာ ရေမှော်ထည့်စိုက်ရင် ငါးတွေအောက်စီဂျင် ရနိုင့်ပါ့မလားခဗျ။ အဆင်ပြေပါမလား ဆရာတို့ ခဗျ။
ဖြေ (နှင်းဖြူဖြူ) - သင့်တင့်ရုံ စိုက်ရင်ရပါတယ်။ ငါးကန်တစ်ကန်လုံး ရေမှော်ဖုံးသွားရင်တော့ ငါးတွေ အောက်စီဂျင်ရဖို့ အဟန့်အတားဖြစ်စေပါမယ်။ ငါးများကို အပင်နှင့် ရောနှောမွေးမြူပါက သတိထားသင့်သည့်အချက်များ စာတန်းလေးကို နှိပ်ပြီး လေ့လာကြည့်ပါနော်။ ဆောင်ရန်ရှောင်ရန် အချက်တွေ ပါပါတယ်။
၅။ မေး (ဝေဇင်ကျော်) - မှိုသတ်ဆေး/ထိသေစားသေပိုးသတ်ဆေး/ရွက်ဖျန်းအားဆေး ၃မျိုးစလုံးကို ရောဖျန်းလို့ရလားဗျgw11စပါးပါ။
ဖြေ ( ဦးသက်လွင်) - ရောစပ်ပက်ဖျန်းရန် မသင့်ပါဘူး။
(ဒို့ဦးလေး) - အားဆေးနဲ့ ပိုးသတ်ဆေးလောက်ဘဲရောပါ။ မှိုဆေးကို သီးသန့်ဖျန်းပါခင်ဗျာ။
(အောင်အောင်) - မှိုဆေးကရောဖျန်းမရတာများပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026