ပိုးဝင်နေတဲ့ မျိုးကိုဆေးရည်စိမ်ပြီး စိုက်လို့ရမလားနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်
၁။ မေး (U La Doi) - အပင်အခေါက်က ဒီလိုအနာဖြစ်သွားတာ အဲဒါကိုဘယ်လိုပြန်လုပ်ယူရင်ကောင်းမလဲဆရာ။

ဖြေ ( ဒို့ဦးလေး) - သန့်ရှင်းရေးလုပ်ပြီး...ကော့ပါးဆာလဖိတ် ကို ရေဖျော် သုတ်ပေးပါ
(ဖုန်းမဏ်တိုး) - ဘောဒိုဆေးရည် သို့ ကော့ပါးပါသော မှိုသတ်ဆေးတစ်ခုခုကို ခပ်ပျစ်ပျစ်ဖျော်၍ သုတ်ထားနိုင်ပါသည်။ ရက်အနည်းငယ်ကြာပါက ပင်ခြေတွင် ပိုတက်စီယမ် နှင့် ဖော့စဖရပ် အချိုးမြင့်မြင့် ပါသော မြေဩဇာများကိုကျွေးနိုင်ပါသည်။
၂။ မေး (သူရိန်) - ပင်လုံးပျံ့ပိုးသတ်ဆေးတိုင်းက အမြစ်ကို လောင်းလို့ရလား အမြစ်လောင်းရင် ထိရောက်လားခဗျ။

ဖြေ (ဦးမောင်မောင်ထွေး) - ပင်လုံးပျံ့ပိုးသတ်ဆေးဆို အရွက်ကဖျန်းရင်အမြစ်ထိသွား ဒါကြောင့်အမြစ်ကိုထိအောင်လှန်ပြီး အောင်ဖြန်းရန်မလိုပါအမြစ်မှာကျတဲ့ ပိုးလည်းသေမှာပါ ဆွေးမြေ့ပြီးအာဟာရများလည်းဖြစ်စေမယ်။ မြေနဲပြန်မဖုံးရင်ခြောက်သွေ့လေလွင့်ပြီး အလဟသဖြစ်သွားမယ်။
၃။ မေး (အမည်မသိ) - ငရုပ်ပင်ရေဝပ်ပြီး ညှိုးသွားတာ ပြန်ကောင်းနိုင်ပါဦးမလားဗျ ဘာလုပ်ဆောင်ရမလဲဗျ။
ဖြေ (ဒို့ဦးလေး) - မနက်ခင်း မလန်းရင်..မရနိုင်တော့ပါဘူး။
(ဦးမောင်မောင်ထွေး) - ငရုပ်ပင်ရေဝင်လို့အောက်ဆီဂျင်ပြတ်လို.အမြစ်များသေတာဆို ရေကျသွားရင်ပြန်အမြစ်များပေါက်လာမယ်ဆို အပင်နလံထူလာမယ် အမြစ်ပုပ်ဘက်တီးရီးယားဝင်သွားရင်တော့ အပင်နလံမထူဘဲသေသွားမယ်။ အပင်ချေပေါင်းသင်ပြီး ထရိုင်ကိုဒါးမားမြန်မြန်ဖျန်းနိုင်ရင်အချို့ပြန်နလံထူလာနိုင်မယ်။
၄။ မေး (Khun Naing) - အာလူးမျိုးကို ပိုးဝင်နေလို့ ဆေးရည်စိမ်လို့ရလား ဘာဆေးရည် မျိုးကိုစိမ်ရမှာလဲဗျ။
(ဒို့ဦးလေး) - အင်ဒေါင်း မျိုးလူးဆေး စိမ်စိုက်ပါ။
(ဦးမောင်မောင်ထွေး) - မျိုးအာလူးကရောဂါနဲ့ဆိုမစိုက်ပါနဲ့ရောကာကင်းတဲ.မျိုးကိုပြောင်းစိုက်ပါ
၅။ မေး (U Si Thu) မိုးနည်းလို့ ရေမရှိသည့်အတွက် စပါးကျဲခင်းထဲကို ချောင်းရေတင်ချင်ပါသည်။ ချောင်းရေသည် ရေငန်ဖြစ်နေပါသဖြင့် တင်လို့ရ မရ သိချင်ပါတယ် ခင်ဗျာ (အခြောက်ကျဲ ခင်းပါ)
ဖြေ (ဒို့ဦးလေး) - အရေးပေါ် (မဖြစ်မနေ)သွင်းဖို့ဆိုရင်.. ဂျစ်ဆန် ပက်ပြီးသွင်းပါ။ ရေလှောင်မထားဘဲ ၊အပင်ဖြစ်ရေလောက်သာသွင်းပါ။ မိုးရေကို ခံထားပါ(ကန်သင်းပိတ်ထားပါ) မိုးရေသည် အချဥ်ဓါတ်များပါတယ်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကဂျစ်ပစင်ကကယ်စီယံဆာဖိတ်ဒိုလိုမိုက်က. ကယ်စီယံမက်ကနီစဖိယံကာဘောနိပ်ဖြစ်တယ် နှစ်မျိုးစလုံးကောင်းတယ်ကန့်ချို့ထဲရင်gypsum သုံး magnessium ချို့ထည်ရင် ဒိုလိုမိုက်သုံး pH တက်ချင်ရင် gypsum သုံး
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကမိုးခေါင်လို့စပါးကြဲခင်းထဲချောင်းထဲကဆားငံရေဆိုမသွင်းပါနဲ.အပင်ပေါက်လေးတွေကအပင်ကြီးလောက်ဆားငံရေကိုမခံနိုင်ပါဆားရေကနောက်ပိုင်းမှာလဲစပါးပင်ကိုဆက်ပြီးဒုက္ခပေးနေဦးမှာ
၀င်းမင်းထွန်း
လွန်ခဲ့သော ၃ နှစ် ကမင်္ဂလာပါ
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကအချဉ်ဖောက်တဲ့မြေကိုဘာနဲ့ ပြင်ရင်ကောင်မလဲ
ရဲထက် ကရင်
လွန်ခဲ့သော ၃ နှစ် ကဂျဆင်နဲ့ဒိုလိုမိုက် မြေပင်ရင်ဘယ်ဟာကောင်လဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....