တောထဲတောင်ထဲက စားစရာအပင်များ
တစ်ချို့တွေက တကယ်ကို ပွေလီလျှာလီစားတတ်ကြတာအမှန်ပါ။ အဲ့လိုစားတတ်တာရဲ့ကောင်းကျိုးတွေကလည်း ရှိတာကိုနော်။ တောင်သူတွေက ဟင်းသီးဟင်းရွက်တွေအနေနဲ့ ထွေထွေထူးထူးကို ဝယ်စားစရာမလိုတာ။ ကိုယ့်ဒေသမှာပေါက်လေ့ရှိတဲ့ စားလို့ရတဲ့အပင်တစ်ချို့ကို ညနေတောထဲကအပြန် ခူးယူလာပြီး ဖွယ်ဖွယ်ရာရာချက်စားကြတာပေါ့။
တောထဲတောင်ထဲကနေ ရရှိနိုင်တဲ့ စားစရာအပင်တွေအနေနဲ့ တောင်ပေါ်ဒေသဘက်မှာ ပေါက်လေ့ရှိပြီး စားလေ့ရှိကြတဲ့အပင်အချို့တွေက..
မှို

မှိုကတော့အားလုံးနဲ့ရင်းနှီးပြီးသားပါ။ ဟင်းခတ်အမွှေးအကြိုင်စုံစုံနဲ့ မချက်စားရင်တောင် ဂျင်းနဲ့ အရည်သောက်လေးချက်စားရင် ထမင်းအရမ်းမြိန်တဲ့ ဟင်းတစ်ခွက်ပါ။
ငါးရံ့ပတူ

ငါးရံ့ပတူရွက်တွေကတော့ မိုးဦးကျချိန်မှာ လှိုင်လှိုင်ပေါတတ်ပြီး အရွက်နုလေးတွေကိုခူးပြီး သုပ်စားကြပါတယ်။
တောင်ပို့လူ့လင်
မိုးဦးကျချိန်မှာပေါက်တတ်ပြီး အရွက်ကိုဟင်းချိုခပ်စားကြပါတယ်။ ဓနုဟင်းတစ်မျိုးဖြစ်ပြီး အာလူးနဲ့ အရည်သောက်လေးခပ်စားကြတာပေါ့။
ရင်းပြား (ယင်းပြား)

တစ်ပေါင်း တန်ခူးမှာထွက်တဲ့ အရွက်နုတွေကို တို့စရာအနေနဲ့ပဲဖြစ်ဖြစ် သုပ်စားရင်ပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ ရင်းပြားရွက်ပဲဖြစ်ပါတယ်။ မိုးများတဲ့အချိန်ရောက်သွားရင်တော့ အရွက်တွေကခါးသွားတတ်ပါတယ်။
မြင်းခွာရွက်

လူတိုင်းကြိုက်ပြီး ဆေးဖက်ဝင်တဲ့ မြင်းခွားရွက်ကဆိုရင်လည်း တောထဲမှာအလေ့ကျပေါက်ပြီး သုပ်စားလေ့ရှိကြတဲ့ အပင်တစ်မျိုးပါ။
အင်ဥ

ဇွန်၊ ဇူလှိုင်မှာပေါတဲ့ အင်ဥလေးတွေကလည်း တောထဲကရတနာလေးတစ်ခုပါပဲ။ အင်ဥတွေ့တဲ့နေ့ဆို မိသားစုတွေပျော်တဲ့နေ့တစ်နေ့ပါပဲ။ အင်ဥကိုတော့ ကြော်စားကြတာများပါတယ်။
မာလာဖူး

မာလာဖူးကိုလည်း လူတိုင်းသိမှာပါ။ ငပိရည်နဲ့ တို့စရာအနေနဲ့စားသုံးမှုများသလို မြေပဲဆံလေးနဲ့ထောင်းရင်လည်း အရမ်းကောင်းပါတယ်ရှင်။
မုံတိုင်
ဒီအပင်လေးကအမွှေးများတဲ့အတွက် စားမယ်ဆိုရင် နည်းနည်းတော့အလုပ်ရှုပ်ပါလိမ့်မယ်။ အလုပ်ရှုပ်တာနဲ့တန်အောင်လည်း စိမ့်စိမ့်လေးနဲ့ စားကောင်းတာကို။ အရင်ဆုံး မုံတိုင်ကိုခူးလာပြီးပြီဆိုရင် ပြာပူထဲမှာပုံထားပေးရပါတယ်။ ပြာပုံကထုတ်ပြီး အဝတ်စနဲ့တိုက်ချပေးတဲ့အခါ အမွှေးတွေကျွတ်သွားပါလိမ့်မယ်။ ပေါ်လာတဲ့အူတိုင်ကို ရေးနွေးနဲ့ပြုတ်ပြီး အနေတော်လေးတွေလှီးပြီး သုပ်စားလို့ရပါပြီရှင်။
ဆက်လက်ပြီးတော့ အညာဒေသဘက်တွေမှာလည်း ပေါပြီး အလွယ်တကူခူးခပ်စားသောက်နိုင်တဲ့ အပင်တစ်ချို့ကိုပြောပြချင်ပါတယ်။
ဖလံတောင်ဝှေး

ဖလံတောင်ဝှေးကိုတော့ အလည်အူတိုင်ကိုစားရတာပါ။ ဖလံတောင်ဝှေးကို ခူးလာပြီဆိုရင် အရင်ဆုံး အရွက်တွေကိုခွာလိုက်ပါ။ အရွက်တွေကုန်ပြီး အူတိုင်ကို ခရမ်းချဉ်သီးအနှစ်လေးနဲ့ ချက်စားလေ့ရှိကြပါတယ်။ ကြော်စားလို့လည်းကောင်းသလို ငါးနဲ့ချက်စားမယ်ဆိုရင်လည်း အရမ်းကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်မှာပါ။
လဲလူရွက်

လဲလူရွက်ကလည်း မိုးဦးမှာပေါတာပါ။ အရွက်နုနဲ့ အညွှန့်များကို ဟင်းချိုခပ်ပြီးစားလို့ရပါတယ်။ တို့စရာအနေနဲ့လည်း စားသုံးကြပါတယ်။
ဂုဏ်ရွက်
ဂုဏ်ရွက်ကလည်း နူးနူးညံ့ညံ့လေးနဲ့ ဟင်းချိုချက်စားလို့ကောင်းတဲ့ အရွက်တစ်မျိုးပါ။ ဆူးပုပ်ပေါ်တဲ့ချိန်ဆိုရင် ဆူးပုပ်လေးပါခပ်ပြီး ဟင်းချိုလုပ်သောက်ကြပါတယ်။
ကုက္ကိုရွက်

အပင်ကြီးကြီးကုက္ကိုပင်က အရွက်မဟုတ်ပါဘူးနော်။ စားလို့ရတဲ့ကုက္ကိုရွက် (အရွက်ရှည်မျိုး) သပ်သပ်ရှိပါတယ်။ အရွက်နုလေးတွေကိုသုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ဟင်းတစ်ခွက်ပါပဲ။
ပျဉ်းတော်သိမ်

ပျဉ်းတော်သိမ်ရွက်ကိုတော့ တို့စားကြတာများပါတယ်။
မယ်ဇလီဖူး

တောထဲမှာဆိုရင် မယ်ဇလီပင်တွေကလည်း ပေါမှပေါပဲ။ သုပ်စားမယ်ဆိုရင် ဆေးဖက်ဝင်တဲ့ ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။
ပိတ်စွယ်

ရေချောင်းစပ်တွေမှာပေါက်တတ်တဲ့ ပိတ်စွယ်လေးတွေကို ရှာဖွေပြီး အရသာရှိစွာကြော်စားနိုင်ပါတယ်။
သခွပ်ပွင့်

ဆတ်တောက်ဆတ်တောက်နဲ့ စားလို့ကောင်းတဲ့သခွပ်ပွင့်လေးပါ။ တစ်ချို့ကတော့ ရေနွေးဖျောပြီးသုပ်စားကြသလို တစ်ချို့က ဆန်ဆေးရေနဲ့တစ်ညစိမ် နောက်နေ့မှာ အစိမ်းသုပ်စားလေ့ရှိကြပါတယ်။
ကဲ အခုဆိုရင်တော့ တောထဲရောက်ရင်လည်း အရသာရှိပြီး ဆေးဖက်ဝင်တဲ့ ဟင်းတစ်ခွက်ကတော့ မလှမ်းမကမ်းဖြစ်သွားလောက်ပြီနော်။ အစိမ်းရောင်လမ်းပရိတ်သတ်များအားလုံး ကျန်းမာဘေးကင်းကြပါစေ။
ညီညီလှိုင်
လွန်ခဲ့သော ၅ နှစ် ကကျန်တာတွေအများကြီးရှိသေးလို့ ထပ်တင်ပေးပါဦး
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026