ဂျင်ဆင်းဆိုတာ..
အမြစ်ကဆေးဖက်ဝင်တယ်ဆိုပြီး နာမည်ကြီးတဲ့ ဂျင်ဆင်းက ဖျားနာမှုအမျိုးမျိုးကို သက်သာ ပျောက်ကင်းနိုင်တဲ့အပြင် အလွန်ဆေးဖက်ဝင်တဲ့ နှစ်ရှည်ပင်တစ်မျိုးလည်း ဖြစ်ပါတယ်။
ဂျင်ဆင်းပင်ကို တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးအဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့တစ်တွေ ကတော့ ကိုရီယားနန်းတွင်းကားတွေမှာ တော်တော်များများ မြင်ဖူးထားကြမှာပါ။ အခုနောက်ပိုင်းမှာတော့ အလှကုန် အတော်များများမှာပါ ပါဝင်အသုံးပြုလာပြီပဲ ဖြစ်ပါတယ်။
ဂျင်ဆင်းပင်က ကြီးထွားပြီးအရွယ်ရောက်လာတဲ့အခါ အနီရောင်အသီးလေးတွေ သီးကြပါတယ်။ စိုက်ပျိုးတာကတော့ အမြစ်ကိုလိုချင်လို့ပဲ အဓိကစိုက်ပျိုးကြပါတယ်။
ဂျင်ဆင်းပင်ရဲ့ ကြီးထွားမှုက နှေးတယ်။ အသားများတဲ့ အမြစ်တွေရှိပြီးတော့ အပင်လေးတွေကပုပါတယ်။ ဂျင်ဆင်းပင်ရဲ့ ကြီးထွားမှုနှုန်း၊ လတ်ဆတ်မှုနဲ့ အဖြူ (သို့) အနီရောင်မျိုးပေါ်မူတည်ပြီး စိုက်ပျိုးချိန်ကွာခြားပါတယ်။

ဂျင်ဆင်းပင်မှာ ပေါ်ပြူလာအဖြစ်ဆုံး မျိုး ၃ မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့..
(၁) Panax ginseng
ကိုရီးယားဂျင်ဆင်း (တရုတ်ဂျင်ဆင်း) ဆိုပြီး လူသိများပါတယ်။ အရှေ့အာရှနိုင်ငံတွေရဲ့ တောင်ပေါ် ဒေသမှာပဲ ပေါက်တာကြောင့် အာရှဂျင်ဆင်းလို့လည်း ခေါ်ကြပါတယ်။
(၂) Panax quinquefolius
မူရင်းဒေသမြောက်အမေရိကဖြစ်တဲ့ ဒီအမေရိကန်ဂျင်ဆင်းဟာဆိုရင်တော့ အထူးသဖြင့် ကနေဒါနိုင်ငံရဲ့ အရှေ့တောင်ပိုင်းနဲ့ အမေရိကန် အလယ်ပိုင်းတို့မှာတွေ့ရပါတယ်။ အရွက်နဲ့ အမြစ်ကို အမေရိကန်နိုင်ငံမှာ ဆေးအဖြစ်အသုံးပြုကြပါတယ်။
(၃) Panax japonicus
တရုတ်နဲ့ ဂျပန်မှာပဲတွေ့ရတဲ့ ဂျင်ဆင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဗီတာမင်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြတဲ့ ဂျင်ဆင်းတစ်မျိုးဆိုလည်း မမှားပါဘူး။
ဂျင်ဆင်းပင်မှာတော့..
(၁) ရောင်ရမ်းတာတွေ လျော့ကျစေနိုင်တဲ့ အန်တီအောင့်စီဒန့်ဓာတ် ပါဝင်ခြင်း
(၂) ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးမြှင့်စေနိုင်ခြင်း
(၃) ကိုယ်ခံအားကို တိုးလာစေခြင်း
(၄) ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်နိုင်ခြင်း
(၅) မောပန်းနွယ်နယ်မှု ပျောက်ကင်းစေပြီး စွမ်းအင်ကို တိုးလာစေနိုင်ခြင်း
(၆) သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း
(၇) အစာမစားခင်ရေနွေးနဲ့ စိမ်သောက်ခြင်းဖြင့် ဝိတ်ကျစေရန် ကူညီပေးနိုင်ခြင်း
(၈) ကာမအားတိုးလာခြင်း စတဲ့အကျိုးကျေးဇူးတွေရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့အပင် ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလိုအဖိုးတန်တဲ့ ဂျင်ဆင်းရိုင်းတွေကို ရိတ်သိမ်းတဲ့အခါ အမြစ်တွေပါ ထိခိုက်တတ်တာ ကြောင့် အမေရိကန်နိုင်ငံမှာ ဂျင်ဆင်းမြစ်တွေ တူးဖော်တာကို ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး တချို့ပြည်နယ်တွေမှာဆို တရားမဝင်တဲ့ အလုပ်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကတရုတ်တွေက တောင်လုံးကျော် ဆိုပြီးဝယ်ကြလို့ ချင်းပြည်နယ်မှာ အများအပြားတူးရောင်းကြတဲ့အပင်လည်း ဂျင်ဆင်းလို့သိရပါတယ်။ ဟုတ်ပါသလား
Wai Liam
လွန်ခဲ့သော ၄ နှစ် ကမြန်မာပြည်ဘယ်ဒေသတေွမှာအဓိကစိုက်ပျိုးဖြစ်ထွန်းပါသလဲ
ဆုမြတ်နိုး
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ပါရှင့်
U Maung Maung Naing
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ။အပိုင်း2အနေဖြင့် မျိုးရရှိနိုင်မှု၊မြန်မာနိုင်ငံအတွင်းစိုက်ပျိုးထားရှိမှု၊ပြည်တွင်းသုံးစွဲမှုနှင့် ဈေးကွက်အခြေအနေ၊စသည့် ဗဟုသုတ ရနိုင်မည်များကိုလဲ အချိန်ရရင် ဆောင်းပါးရေးပါလို့ တောင်းဆိုပါတယ်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....