အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးမှာ သီးနှံတွေ ရောင်းဝယ်ကြမယ်
အစိမ်းရောင်လမ်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ 'ဈေးတန်းကြီး' နဲ့ မိတ်ဆက်ပေးပါရစေ။
ဈေးတန်းကြီး ဆိုတာကတော့ တောင်သူတွေရဲ့ စိုက်ခင်းကနေ ထွက်ရှိတဲ့ သီးနှံတွေကို ဝယ်လက်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်အောင်၊ ကုန်သည်တွေအနေနဲ့လည်း အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာ ပို့စ်တင်ပြီး တောင်သူတွေဆီကနေ သီးနှံတွေဝယ်ယူနိုင်အောင် ရိုးရှင်းစွာနဲ့ အလွယ်ကူဆုံး ပြုလုပ်ထားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။ သီးနှံ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဖော်ပြထားတဲ့အတိုင်း လိုက်ပါ လုပ်ဆောင်နိုင်ပါတယ်။
အဆင့် (၁)
အင်တာနက် (သို့မဟုတ်) ဝိုင်ဖိုင်ဖွင့်ပြီး အစိမ်းရောင်လမ်း ဆော့ဝဲလ်ထဲသို့ဝင်ပါ။
အဆင့် (၂)
မိုးလေဝသ အခြေအနေဖော်ပြပေးသော နေရာ၏ အောက်ရှိ ပို့စ်အသစ်တင်မည် ကိုနှိပ်ပါ။

အဆင့်(၃)
ပို့စ်အမျိုးအစားများ မြင်တွေ့ရမည်ဖြစ်ပါသည်။ တောင်သူအနေဖြင့် မိမိစိုက်ခင်းမှ ထွက်ရှိသော သီးနှံကိုရောင်းချလိုပါက 'အရောင်းပို့စ်'၊ သီးနှံ ဝယ်ယူလိုပါက 'အဝယ်ပို့စ်' ကို နှိပ်ပေးပါ။

အဆင့် (၄)
အရောင်းပို့စ် ကို နှိပ်ပါက မိမိရောင်းချလိုသော သီးနှံအမျိုးအစားနှင့် ယူနစ်ကို ရွေးချယ်ပေးရန် လိုအပ်ပါတယ်။ တစ်ခု ရွေးချယ်ပြီးတိုင်း 'Done' ဆိုသည့် ခလုတ်ကို နှိပ်ပေးပါ။

အဆင့် (၅)
ထို့နောက် မိမိရောင်းချလိုသော သီးနှံ၏ တစ်ယူနစ် ဈေးနှုန်း (ဥပမာ - ၁ ပိဿာ၊ ၁ တင်း ဈေးနှုန်း) နှင့် မိမိအား ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် ထည့်သွင်းပေးရပါမည်။

အဆင့် (၆)
ပြီးလျှင် မိမိရောင်းချသော သီးနှံနဲ့ ပတ်သတ်၍ ဖော်ပြလိုသော အချက်အလက်များရှိပါက ထည့်သွင်းပေးနိုင်ပါတယ်။ ထို့နောက် ညာဘက် အပေါ်ထောင့်ရှိ တင်မည်ဆိုသည့် ခလုတ်ကိုနှိပ်ပါက ဆော့ဝဲလ် ပေါ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အဆင့် (၇)
အကယ်၍ အဝယ်ပို့စ် ကို နှိပ်ပါက မိမိဝယ်ယူလိုသော သီးနှံအမျိုးအစားနှင့် ယူနစ် ကို ရွေးချယ်ပေးရပါမယ်။ တစ်ခု ရွေးချယ်ပြီးတိုင်း 'Done' ဆိုသည့် ခလုတ်ကို နှိပ်ပေးပါ။

အဆင့် (၈)
ထို့နောက် သီးနှံဝယ်ယူရာတွင် မိမိအနိမ့်ဆုံးပေးနိုင်မည့် ဈေးနှုန်းနဲ့ အများဆုံး ပေးနိုင်မည့် ဈေးနှုန်း တို့ကို ထည့်သွင်းပေးရပါမယ်။ ပြီးလျှင် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ် ထည့်သွင်းပေးရပါမည်။ သီးနှံနဲ့ ပတ်သတ်၍ အချက်အလက်များရှိပါက ထည့်သွင်းနိုင်ပြီး ညာဘက် အပေါ်ထောင့်ရှိ 'တင်မည်' ဆိုသည့် ခလုတ်ကိုနှိပ်ပါက ဆော့ဝဲလ် ပေါ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အဆင့် (၉)
အထက်ဖော်ပြပါ အဆင့်များကို အစိမ်းရောင်လမ်း ဆော့ဝဲလ်၏ ပင်မစာမျက်နှာရှိ ဈေးတန်းကြီးဆိုသည့် နေရာတွင်လည်း လုပ်ဆောင်နိုင်ပါသည်။ ဈေးတန်းကြီး ဆိုသည့် နေရာကို နှိပ်ပေးပါ။
အဆင့် (၁၀)
ဈေးတန်းကြီး နေရာသို့ ဝင်ရောက်လိုက်ပါက ဒေသအသီးသီးရှိ တောင်သူများမှ သီးနှံ အရောင်း အဝယ်ပြုလုပ်ရန် တင်ထားသော ပို့စ်များကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ မိမိ အရောင်းအဝယ်ပြုလုပ်လိုသည့် သီးနှံကို တွေ့ပါက ဆက်သွယ်ရန် ဆိုသည့် ခလုတ်ကိုနှိပ်ပြီး တောင်သူ (သို့မဟုတ်) ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။
အဆင့် (၁၁)
နောက်ဆုံးတွင် အစိမ်းရောင်လမ်း ဆော့ဝဲလ်ရှိ မိမိ၏ကိုယ်ပိုင် စာမျက်နှာသို့ သွားကာ 'ကိုယ်ပိုင်ရောင်းဝယ်ပို့စ်' ဆိုသည့် ခလုတ်ကို နှိပ်ပါက ဈေးတန်းကြီးတွင် မိမိရောင်းဝယ်ပြုလုပ်ခဲ့သည့် ပို့စ်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။

ဒီကာလကြီးမှာ ကိုဗစ်ကြောင့် ပွဲရုံတွေပိတ်ထားလို့ ၊ မသွားရဲလို့ အခြေအနေမျိုးတွေအတွက် အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးမှာပဲ ရောင်းဝယ်ကောင်းကြပါစေဗျ။
မမိုမိုအောင်
လွန်ခဲ့သော ၅ နှစ် ကစမှုန်ဖြူ အပင် ရောင်းတဲ့ နေရာ သိချင်လို့ပါရှင့်
မင်းချစ်သူ
လွန်ခဲ့သော ၅ နှစ် ကဆေးခြောက်ပင် အနည်းငယ်ကြိုက်ပါ၏ ဝေပေးကြပါ😁
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....