မိုးနည်း/ မိုးများကို ပြသတဲ့ မီလီမီတာ (သို့) လက်မ
မီလီမီတာ(သို့မဟုတ်) လက်မဘယ်လောက်များများရွာတဲ့မိုးကို မိုးများတယ်/ရေပါတယ်/မိုးသည်းထန်တယ်လို့ ခေါ်သလဲ?
အဲ့သလိုမေးသူတွေ များပါတယ်။
မေးသင့်တဲ့ မေးခွန်းပါပဲ။
ဘာကြောင့်လဲဆိုတော့ မိုးရေချိန် လက်မဘယ်လောက်ရွာတာ၊ မီလီမီတာဘယ်လောက်ရွာတာလို့ ဘယ်လိုပဲပြောပြော အဲ့ဒါက မိုးများမှာလား/ မိုးနည်းမှာလားဆိုတာကိုဘဲ သိချင်သူ/သိသူ/နားလည်သူကပိုများတာကြောင့်ဖြစ်ပါတယ်။
မိုးနည်းတာလား၊ မိုးများတာလားဆိုတာကို -
မိုးရွာချလိုက်တဲ့ မိုးရေပမာဏ (တစ်နာရီအတွင်းမှာ မိုးရေချိန်ဘယ်လောက်) ဆိုတာနဲ့ မိုးရွာတဲ့ဧရိယာအကျယ်အဝန်း(၁ ကီလိုမီတာ ပတ်လည်လား ၁ မိုင် ပတ်လည်လား)ဆိုတာတွေပေါ်မူတည်ပြီး ရှင်းပြပေးမှဖြစ်ပါမယ်။
တစ်နာရီအတွင်း ၇.၆ မီလီမီတာ (၀.၃၀ လက်မ) သို့မဟုတ် တစ်နာရီအတွင်း ၁၀ မီလီမီတာမှ ၅၀ မီလီမီတာ(၀.၃၉ လက်မ မှ ၂ လက်မအထိ) ရွာတဲ့မိုးကို မိုးများတယ်လို့ ကမ္ဘာ့မိုးလေဝဌာနတော်တော်များများက သတ်မှတ်ကြတာတွေ့ရပါတယ်။
မိုးအလွန်များတယ်လို့ ခေါ်ရလောက်တဲ့ မိုးရွာသွန်းမှုအခြေအနေကိုတော့ တစ်နာရီအတွင်း မီလီမီတာ ၅၀ (၂ လက်မ)ထက် များရင် မိုးအလွန်များတယ်လို့ သတ်မှတ်ပါတယ်။
တစ်နှစ်အတွက် မိုးရေချိန် ၁၅၀၀ မီလီမီတာအထက်များနေရင်တော့ အဲ့ဒီဒေသအတွက် တစ်နှစ်အတွင်းရွာသွန်းတဲ့မိုးရေချိန်က များတယ်လို့ သတ်မှတ်ကြောင်းလည်း မှတ်ထားရပါမယ်။
၁ မီလီမီတာ မိုးရေချိန် ၁ နာရီ ကြာအောင်ရွာတယ် ဆိုပါစို့။ ဒီမိုးက ၁ စတုရန်းမီတာ အကျယ်အဝန်းတိုင်းအတွက် ၁ လီတာ မိုးရေရွာသွန်းတာဖြစ်ပြီး၊ ၁ ဟက်တာ(၀.၀၁ စတုရန်းကီလိုမီတာ သို့မဟုတ် ၂. ၄၇၁ ဧက) အကျယ်အဝန်းအတွက် မိုးရေ လီတာ ၁၀,၀၀၀ ရွာသွန်းတယ်လို့ တွက်ချက်ရယူနိုင်ပါတယ်။ မိုးရွာသွန်းတဲ့အချိန်နဲ့ ဧရိယာကျယ်ပြန့်လေလေ ရွာသွန်းလိုက်တဲ့မိုးရေပမာဏက များလေလေပါဘဲ။
ဒီကနေ့ ကျနော်တို့ မြင်နေရတဲ့ ရေသန့်ဗူးတွေက ၁ လီတာဗူး၊ ၅ လီတာဗူး၊ လီတာ ၂၀ ဗူး စသည်ဖြင့် ပြောလိုက်ရင် အထဲမှာ ရေဘယ်လောက်ပါတယ်ဆိုတာ မျက်စိထဲမြင်ခန့်မှန်းမိကြပါပြီ။ မိုးရေချိန်ကို မီလီမီတာနဲ့ဖော်ပြပြီး ၁ စတုရန်းမီတာအတွင်းရွာလိုက်တဲ့ မိုးရေပမာဏကို လီတာနဲ့ တွက်ချက်လိုက်ရင် - "ရွာလိုက်တဲ့မိုးရေပမာဏက မြင်နေကျရေသန့်ဗူးဘယ်နှစ်ဗူးစာတောင် ရှိတာပါလား" ဆိုတာ မျက်စိထဲမှာရှင်းရှင်းမြင်ကြည့်၊ ခန့်မှန်းကြည့်နိုင်ပါလိမ့်မယ်။ ဒါကြောင့် မိုးရေချိန် လက်မ အစား မီလီမီတာနဲ့ ဖော်ပြပေးတာကို ကျနော်က ပိုပြီးသဘောတွေ့တာပါ။
မိတ်ဆွေများကတော့ လက်မနဲ့မှ သဘောကျတာဆိုရင်လဲ ကိုယ့်သဘောပါ မီလီမီတာကို လက်မပြောင်းချင်ရင်တော့ ၂၅.၄ နဲ့သာ စားလိုက်ပါ။
** လက်မ = မီလီမီတာ ÷ ၂၅.၄ **

တောင်သူများအလုပ်လုပ်နေကြတဲ့ လယ်ကွင်းတွေမှာ မိုးရေချိန်ဘယ်လောက်ရွာတယ်သိချင်ရင် မိုးရေချိန်တိုင်းတာတဲ့ ပစ္စည်းကိရိယာကို ၁.၂၅ လီတာဖြစ်စေ၊ ၂.၅ လီတာဖြစ်စေ၊ ၃ လီတာဖြစ်စေ အချိုရည်ဗူးကြီးတစ်ဗူးကိုဖြတ်ပြီး ကိုယ်တိုင်လုပ်ယူလို့ ရပါတယ်။ မိုးလေဝသဌာနကြီးတွေက သုံးတဲ့ မိုးရေချိန်တိုင်းကိရိယာတွေလောက် မတိကျပေမဲ့ အကြမ်းဖျင်းတော့ မိုးနည်းတာလား၊ များတာလား ကိုယ်တိုင်သိရပါလိမ့်မယ်။
ခွက်အကျယ်ဘယ်အတိုင်းအတာနဲ့ sample ယူရလဲ?
NOAA ရဲ့ စံ မိုးရေချိန်တိုင်းခွက်အဝက ၁၂.၅ စင်တီမီတာ(၄.၉၂ လက်မ)ရှိပါတယ်။ စံခွက်တွေရဲ့ အကျယ်ကတော့ ဆိုဒ်အမျိုးမျိုးပါပဲ။
ဒီနေရာမှာ တစ်ခုနားလည်ထားရမှာက မိုးရေချိန်တိုင်းခွက်က မိုးရေပမာဏကို တိုင်းတာမဟုတ်၊ ခွက်ထဲမှာ စုဆောင်းမိတဲ့ မိုးရေရဲ့ အမြင့်ကို တိုင်းတာတယ်ဆိုတာပါ။ ပြောချင်တာက ခွက်ကြီးရင် မိုးရေပိုများမယ် ခွက်သေးရင်နည်းမယ်၊ ခွက်ထဲမှာ စုဆောင်းရရှိတဲ့ မိုးရေရဲ့ အမြင့်ကတော့ ခွက်ကြီးကြီး သေးသေး အတူတူပါဘဲလို့ ပြောချင်တာပါ။
တစ်ခုတော့ ရှိပါတယ်၊ အဝကျဉ်းလေ မိုးရေချိန်အမြင့်က ပိုပြီး တိကျမှုရှိလေလို့ ဆိုပါတယ်။
အဲ့ဒီတော့ ၅ လက်မ အကျယ်ခန့်နဲ့ အမြင့် လက်မ ၃၀ လောက်ဆိုရင် အဆင်ပြေပါတယ်။ အချိုရည်ဗူးနဲ့ လုပ်တဲ့ DIY မိုးရေချိန်တိုင်းကိရိယာမှာလဲ အတူတူပါပဲ၊ အရေးကြီးတာက မိုးရေခံမဲ့ ခွက်/ဗူး ကို ငြိမ်နေအောင် ထားဖို့ပါ။
ဦးဝင်းနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Htin Lin
လွန်ခဲ့သော ၂ နှစ် ကပါဝင်ဆွေးနွေးပါမည်
Say Yar
လွန်ခဲ့သော ၂ နှစ် ကn
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....