ရေချိုငါးထဲက အချိုဆုံးငါး.....ငါးပနော်
ငါးရံ့ငါးနှင့် မျိုးနွယ်တူသော ငါးငယ်တစ်မျိုးမှာ “ငါးပနော်“ ငါးဖြစ်ပြီး အင်္ဂလိပ်လို small snake-head fish ဟု ခေါ်ဆိုကြသည်။ ဧရာဝတီဘက်တွင်မူ ငါးပနော်ငါးကို “ငါးသင်းအုံ “ ဟု ခေါ်ကြပါသည်။
ငါးပနော်ငါးမှာ ရေချိုငါးတွေထဲတွင် အချိုဆုံးငါးတွေထဲပါဝင်ပြီး ငါးပိသိပ်ဖို့ သီးသန့်စျေးပေးဝယ်ရသလို ငါးပိသိပ်ရာတွင်လည်း အရည်ကျဲကျဲထမင်းရည်၊ ထမနဲတောင်မပါ၊ ဆားလည်းပါလေကာမို့ သက်ကြီးရွယ်အိုနှင့် အငန်ကြောက်သူများအတွက် ပိုပြီးအဆင်ပြေလှပါသည်။
ငါးပနော်ငါးကို ငါးပိကောင်၊ ငါးပိရေကျို၊ ရေချိုငါးပိ၊ တောငါးပိ ဟူ၍ ပြုလုပ်စားသုံးကြသလို ငါးပနော်အချဥ်ဆီပြန်ဟင်း၊ ငါးပနော်နှင့် ကျောက်ဖရုံသီးဟင်းချို၊ ငါးပနော်မီးကင်ထောင်း စသဖြင့်ပြုလုပ်စားသုံးကြပါသည်။
ထိုထဲတွင်မှ လူကြိုက်များသည့် “ငါးပနော် မီးကင်ထောင်း“ နည်းကို တင်ပြပေးပါမည်။
ငါးပနော်မီးကင်ထောင်းနည်းပြုလုပ်ရာတွင် ငါးပနော်ငါး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ဆား၊ အရသာမှုန့်၊ ပဲဆီစိမ်း တို့လိုအပ်ပါသည်။
၁။ ပထမဦးစွာ ငါးပနော်ငါးကို ရေဆေးသန့်စင်ပြီး ဓါးဖြင့် အနည်းငယ်မွှန်းပြီး မီးကင်ရပါမည်။(ငါးကို မီးသွေးဖိုဖြင့် မီးဖုတ်ပါက ပိုမွှေးပါသည်။ )
၂။ ငါးအတွင်းသားများကျက်ပြီး အနံ့မွှေးလာပါက အရိုးနွှင်ပြီး အသားလေးတွေကို ဖွထားရပါမည်။
၃။ ပြီးနောက် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုလှော်ပြီး မညက်တညက်လေးထောင်းထားရပါမည်။
၄။ ပြီးစီးပါက အရိုးနွှင်ထားသော ငါးကင်ကို ဆား၊ အရသာမှုန့်အနည်းငယ်ထည့်နယ်ပြီး စောနက မညက်တညက်လေးထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းလှော်ကိုပါ ရောပြီး ဖွဖွလေး ထောင်းပေးရပါမည်။
၅။ ထောင်းထားသော ငါးမီးကင်ကို ပန်းကန်ထဲထည့်ပြီးပါက နံနံပင်လေးညှပ်ထည့်၊ ပဲဆီစိမ်းလေးဆမ်းပြီး ဖွဖွလေးနယ်ပြီးပါက သုံးဆောင်လို့ရပါပြီ။
အရသာမှာ ဆိမ့်ဆိမ့်လေးမို့ ဆား၊ အရသာမှုန့် လျှော့ထည့်လို့ရပါသည်။ ထမင်းဝိုင်းတွင် ငါးပနော်မီးကင်ထောင်းနှင့် ဘူးသီးဟင်းခါးတစ်ခွက်ပါလျှင် တခြားဘာဟင်းမှမလိုလောက်အောင် အရသာပြည့်စုံလှပေသည်။
ယခုလိုအချိန်အခါမျိုးမှာ ဗီတာမင်အပြည့်ပါသော ရေချိုငါးအစုံဖြင့်ပြုလုပ်ထားသည့် ငါးပိရည်ကျိုကောင်းကောင်းတစ်ခွက်နှင့် တို့စရာဟင်းသီးဟင်းရွက်အစုံကို စားလိုက်ရလျှင်ဖြင့် အသားဟင်းတောင်မလိုဘဲ ခံတွင်းမြိန်စရာ ချွေတာရေးဟင်းတစ်ခွက်ကို ရရှိနိုင်ပေသည်။
ထို့ကြောင့် “ငါးပနော် ငါးပိရည်ကျို“ ပြုလုပ်နည်းကို တင်ပြပေးပါမည်။
ငါးပနော်ငါးပိရည်ကျိုပြုလုပ်ရာတွင် ငါးပနော်ငါး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆန်ဆေးရည်နှင့် ငါးပိရည်တို့ လိုအပ်ပါသည်။
၁။ ငါးပနော်ငါးကို အကြေးထိုး၊ ခေါင်းလေးနှင့် ဆူးလေးတွေဖြတ်၊ ဗိုက်ခွဲသန့်စင်ပြီး နနွင်းလူးထားရပါမည်။
၂။ ပြီးလျှင် မီးဖိုပေါ် အိုးတစ်လုံးတင်ပြီး အိုးထဲတွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို အရင်ထည့်ပြီးမှ ငါးကိုအဲ့ဒီအပေါ်မှတင်ကာ အဖုံးအုပ်ပြီးတည်ရပါမည်။
၃။ ငါးလေးကျက်ပြီဆိုပါက အသားနွှင်ပြီး အိုးထဲကငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နှင့်အတူ ငရုတ်ဆုံထဲ ထည့်ထောင်းထားရပါမည်။
၄။ ထို့နောက် ငါးပိရည်ကို ဆန်ဆေးရည်နှင့် ကျိုရပါမည်။ (ဆန်ဆေးရည်နှင့် ကျိုပါက အရမ်းမငန်တော့သလို ဆန်ဆေးရည်ကြောင့် ငါးပိရည်လေးက ပျစ်ပျစ်လေးဖြစ်လာပါသည်။)
၅။ ပြီးနောက် ကျိုထားသောငါးပိရည်ကို အရည်စစ်ပြီး စောနက ငါး၊ ငရုတ်သီး၊ ကြက်သွန်ဖြူထောင်းထားသောငရုတ်ဆုံထဲ ထည့်မွှေပြီးပါက ပန်းကန်တစ်လုံးတွင်ထည့်ကာ စားလို့ရပါပြီ။ အတို့အမြှုပ်အစုံလေးနှင့် ငါးပနော်ငါးပိရည်ကျိုမွှေးမွှေး ထမင်းဝိုင်းလေးက ခံတွင်းမြိန်စရာ ပြီးပြည့်စုံစေပါသည်။
ငါးပနော်ငါးမှာ အရသာကောင်းရုံသာမက ဆေးဘက်ဝင်ငါးတစ်မျိုးလည်းဖြစ်ပြီး ငါးပနော်ငါးနှင့် ပရန်နဝါရွက်ကို ကြော်ချက်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းဖြင့် နှလုံးရောဂါ၊ အဆုတ်ရောင်၊အူရောင်ရောဂါ၊ ကိုယ်ဖောကိုယ်ရောင်ရောဂါ၊ ရေဖျဥ်း၊ မြင်းသရိုက်၊ လေနာ သလိပ်နာ၊ အစာမကြေရောဂါများကို သက်သာပျောက်ကင်းစေသည်ဟု လေ့လာခဲ့ရဖူးပါသည်။ အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ဝမ်းပျက်ခြင်းတို့အတွက် ငါးပနော်ငါးနှင့် ပင်စိမ်းရွက်ကို ကြော်စားပါက သက်သာပျောက်ကင်းစေကြောင်း ဖတ်မှတ်ခဲ့ရဖူးပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....