သတင်းအမျိုးအစားများ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။
ယခုတစ်ပတ်မှာတော့ သတင်းအမျိုးအစားတွေကို သိရှိသွားအောင် တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
ကျွန်တော်တို့ နေ့စဥ် မြင်တွေ့နေရတဲ့ သတင်းတွေဟာ ဘယ်အမျိုးအစားထဲ ပါဝင်မလဲဆိုတာ ယခုတစ်ပတ်အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
(၁) ခေါင်းကြီးသတင်း (Headline News)
လူအများ စိတ်ဝင်စားကာ နိုင်ငံတစ်ခုလုံးနှင့်ဆိုင်ပြီး ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးသည့်
သတင်းဖြစ်ပါတယ်။ သတင်းစာ၏ ထိပ်ဆုံး စာမျက်နှာတွင် အကျယ်တဝင့် ဖော်ပြလေ့ရှိပါတယ်။
(၂) စက်ရပ်သတင်း (Breaking News)
အလွန်အရေးကြီးပြီး သတင်းစာမှာ မပါမဖြစ်ပါရမယ့် သတင်းဖြစ်တာကြောင့် ရိုက်လက်စစက်ကို ရပ်ရပြီး ထပ်မံထည့်သွင်းရသည့် သတင်းမျိုးဖြစ်ပါတယ်။ အပြည့်အစုံပါကောင်းမှ ပါမည်ဖြစ်သော်လည်း ရရှိသော သတင်းအချက်အလက်ကို အလျင်အမြန်ဖော်ပြရသည့် သတင်းဖြစ်ပါတယ်။
(၃) ထင်မြင်ချက်နှင့် အယ်ဒီတာ အာဘော် (Opinion andEditorial Journalism)
ထင်မြင်ချက်များသည် သတင်းစာဆရာ/ ဆရာမ များ၏ ထင်မြင်ချက် အယူအဆများ ဖြစ်ပြီး အချက်အလက်ကို အခြေခံသည့် အယူအဆ ထင်မြင်ချက်များ ဖြစ်နိုင်သကဲ့သို့ ပုဂ္ဂလိက ဆိုင်ရာ ထင်မြင်ချက် သက်သက်လည်း ဖြစ်နိုင်ပါတယ်။
(၄) ကြော်ငြာနှင့် ကြော်ငြာပုံစံဆန်သည့်သတင်းအချက်အလက်များ(Advertisement and Service Journalism)
ပြည်သူလူထုအား သိစေရန် မျှဝေပေးသော အချက်အလက် ဖြစ်ပါတယ်။ ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ကုမ္ပဏီ အစရှိသည်တို့က ၎င်းတို့ ပစ္စည်းကို လူပိုသိစေရန် ၊ပိုမိုရောင်းအားကောင်းစေရန်၊ စိတ်ဝင်စားမှု ပိုရစေရန် ရေးသားထုတ်၀ေ ဖြန့်ချီသည့် သတင်းအချက်အလက်များ ဖြစ်ပါတယ်။
ကြော်ငြာများကို သတင်းဌာနများတွင်လည်း တွေ့နိုင်ပြီး တာဝန်သိ၊ ကျင့်ဝတ်ရှိသော သတင်းဌာနဆိုလျှင် အဆိုပါ ကြော်ငြာများကို (ကြော်ငြာ)ဟု သိသိသာသာ ဖော်ပြထားလေ့ရှိပါတယ်။ နောက်ထပ် တစ်မျိုးသည် လုပ်ငန်းများက ရည်ရွယ်ဖြန့်ချိထားသည့် အချက်အလက်မဟုတ်ဘဲ၊ သတင်းဌာနများက စာဖတ်သူများအတွက် အသုံးဝင်နိုင်သည့်။ စိတ်ဝင်စားနိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြပေးတဲ့သတင်းများဖြစ်ပါတယ်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....