အစိမ်းရောင်လမ်း
(၂၂) ကြိမ်မြောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ

(၂၂) ကြိမ်မြောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ

(၂၂) ကြိမ်မြောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို Online Virtual Zoom ဖြင့် တက်ရောက်နိုင်ရန် Registration ပြုလုပ်ပေးပါရန် ဖိတ်ခေါ်ခြင်း
Live stream ကိုလည်း အောက်ဖော်ပြပါ link တွင် ထုတ်လွှင့်ပေးပါမည်။
    ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၆) ရက် နေ့၊ နံနက် (၉)နာရီမှာ ကျင်းပပြုလုပ်မည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို Zoom မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်၊ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အစဉ်အလာ မပျက်ဘဲ New Normal မှာလဲ Online ပေါ်ကနေ နွေးထွေးမှုတွေ ပြသကြရအောင်ပါ။
    ကိုဗစ်ကြောင့် ကျင်းပမြဲဖြစ်တဲ့ အစဉ်အလာကြီးတစ်ခုက ရပ်တန့်သွားမှာမဟုတ်ပါဘူး၊ ကျင်းပမယ့်ပွဲကို Facebook Page ကနေလဲ Live Stream ကြည့်ရှုနိုင်မှာပါ၊ အခမ်းအနား အစီအစဉ်များကိုတော့ Zoom မှ တစ်ဆင့် ပြုလုပ်မှာဖြစ်တာကြောင့် လူအရေအတွက်ကြိုတင် စီစဉ်ပြင်ဆင်နိုင်ရန်အတွက် တက်ရောက်မယ် ဆိုရင်တော့ အမည်စာရင်းလေး ပေးထားဖို့ အောက်ပါ Link ကိုနိပ်ပြီး လိုအပ်တာတွေ ဖြည့်သွင်းရင်း စာရင်းပေးသွင်းကြရအောင်ပါ၊ အခုကနေစပြီး နောက်ဆုံး စာရင်းပေးသွင်းနိုင်တာကတော့ (၁၀-၁-၂၀၂၁) ရက်နေ့ အထိပဲဖြစ်ပါတယ်။
    ကန်တော့ခံ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကိုတော့ သီးခြားဖိတ်စာ နှင့် ဖိတ်ကြားမည်ဖြစ်ပါတယ်။
ကဲ…..ဒါကြောင့် တက်ရောက်မယ်ဆိုရင်တော့ အောက်က Link ကို နှိပ်ပြီးနာမည်စာရင်းလေး ပေးထားခဲ့ဖို့ မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်ခင်ဗျား။
You

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....