အမျိုးအစားစုံလင်လှတဲ့ ဝိုင်များအကြောင်း (၁)
ဝိုင်တွေဟာဆိုရင် မြန်မာနိုင်ငံကို အင်္ဂလိပ်တွေနယ်ချဲ့အပြီးမှာ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အမျိုးအစားတွေလည်း (၇) မျိူးလောက်ရှိပါတယ်။ အဲ့ဒါတွေကတော့
1. Red Wines ဝိုင်နီ - အရသာပြင်းပြင်းနဲ့ tannins သစ်ခေါက်ဆိုးဆေး တွေပါတာဟာ အစားအစာတွေနဲ့ တကယ်ကို လိုက်ဖက်မှုရှိတာပဲဖြစ်ပါတယ်။ Oak (ဝက်သစ်ချ) စည်ထဲမှာထားတာဟာလည်း ဝိုင်နီတွေအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာလည်းဖြစ်ပါတယ်။
2. White Wines ဝိုင်ဖြူ - သူကတော့ အရသာ ချဉ်တဲ့ဘက်သွားပြီး ဝိုင်နီတွေထက် ပိုလတ်ဆတ်ပြီး အနံ့တွေက ပန်းပွင့်၊ သံပုရာ၊ သစ်သီးနံ့ပါဝင်ပါတယ်။ ဝိုင်ဖြူက အခြားဝိုင်တွေထက် အရသာပေါ့ပြီး alcohol (အရက်) ပါဝင်မှုလည်း နည်းပါတယ်။
3. Rose, 4. orange, 5. sparkling 6. fortified wines 7. Dessert wine (ဒီလိုဝိုင်အမျိုးအစားတွေကိုတော့ ရာသီနဲ့လိုက်ပြီး သုံးဆောင်ကြတာများပါတယ်။
Rose နှင်းဆီဝိုင်ကို နွေရာသီ၊ Sparkling wineတွေကို အရေးကြီးပွဲတွေနဲ့၊ fortified wine တွေကို အစာစားပြီးတဲ့အခါ သောက်သုံးကြတယ်။
ဝိုင်နီ
Red Wines တွေကို စပျစ်သီးမှာဆိုရင် အခွံမည်းနေတဲ့ အသီးမျိုးနဲ့ ပြုလုပ်ပြီး အရောင်မဲ့ ဖျော်ရည်တစ်ခု ရလာပါတယ်။ စပျစ်သီးအခွံကို အတွင်းသားအရည်နဲ့ပေါင်းပြီး ကြိတ်လိုက်တဲ့အခါမှာဆိုရင်တော့ ခရမ်းနီရောင် အဖျော်ယမကာကို ရရှိစေတာပဲဖြစ်ပါတယ်။
Tannins (သစ်ခေါက်ဆိုးဆေး)
စပျစ်ရဲ့ အခွံမှာ tannins အရောင်ပါပါတယ်။ အဲ့ဒီ အရာက ဝိုင်နီရဲ့ ခါးသက်သက် အရသာကြောင့် စွဲလမ်းစေတဲ့ အရည်အသွေးကို ပိုင်ဆိုင်စေပါတယ်။ Tannins ဟာ red wine တွေမှာ ကြာရှည်ခံမှုကို ဖြစ်စေပါတယ် ။ ဒါကြောင့် ဝိုင်နီတွေက ဝိုင်ဖြူတွေထက် ပိုကြာကြာထားရပါတယ်။
အချိန်အရ tannins နဲ့ ရောင်ခြယ်ပစ္စည်း anthocyanins တွေက ပုလင်းရဲ့ အောက်ခြေကို အမြှုပ်တွေထစေပြီး စစ်ထုတ်ပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
Aging (သက်တမ်း)
ဝိုင်နီအများစုကို ဝက်သစ်ချစည်ပိုင်းထဲမှာ ထည့်ပြီး အရသာ၊ အရောင်၊ အနံ့တွေပေါင်းထည့် ကြလေ့ရှိပါတယ်။ ဝက်သစ်ချစည်ပိုင်းထဲမှာ ထည့်ထားခြင်းအားဖြင့် ဝိုင်နီရဲ့ tannins ဒြပ်ပေါင်းကို နူးညံ့စေပြီး အရသာကို ပို smooth ဖြစ်စေပါတယ် ။
Taste (အရသာ)
ဝိုင်နီတွေရဲ့ အနံ့နဲ့အရသာဟာ သူရဲ့ Aging methods (သက်တမ်း) နဲ့ စပျစ်မျိုးတွေပေါ် မူတည်ပါတယ်။ ဝိုင်နီတွေထဲမှာ ပါဝင်တဲ့ အသီးအရသာတွေကတော့ အနီရောင်ရှိတဲ့ အသီးတွေဖြစ်တဲ့ (စတော်ဘယ်ရီ ၊ မက်မန်းသီး) တွေအပြင် အနက်ရောင်ရှိတဲ့ (black berry ) နဲ့အပြာရောင်ရှိတဲ့ (Blue berry ) တွေပါဝင်ပါတယ်။
Varietals (အမျိုးအစား)
Red Wines ကို များသောအားဖြင့် red စပျစ်သီးတစ်မျိုးတည်းနဲ့ လုပ်တာများပါတယ်။ အဲ့ဒါကြောင့် သူတို့ကို နာမည်ပေးတဲ့အခါ စပျစ်မျိုး (သို့ ) ထွက်ရှိတဲ့ ဒေသတွေကို အစွဲပြုပြီး နာမည်ပေးလေ့ရှိပါတယ်။
ဝိုင်နီ ၆မျိုး
1. Bordeaux (ပြင်သစ်နိုင်ငံ ဘော်ဒို ခရိုင်မှထွက်သော ဝိုင်)
စပျစ်အမျိုးအစားများစွာနဲ့ ပေါင်းပြီးလုပ်ထားတာပါ ။ ပြင်သစ်ဝိုင်တစ်မျိုးဖြစ်ပြီး
Cabernet Sauvignon, Cabernet franc, Merlot စတဲ့ စပျစ်မျိုးတွေနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
2. Chianti (အီတလီ အလယ်ပိုင်းဒေသမှ ထွက်သော ဝိုင်)
စပျစ်မျိုး တစ်မျိုးဖြစ်တဲ့ sangiovese နဲ့သာပြုလုပ်ထားတာဖြစ်ပါတယ်။
3. Rioja (စပိန် မှ ထွက်သော ဝိုင်)
tempranillo စပျစ်နဲ့ လုပ်ထားပြီး ကမ္ဘာပေါ်မှာ တတိယ အများဆုံးစိုက်တဲ့ စပျစ်မျိုးတစ်မျိုးလည်း ဖြစ်ပါတယ်။
4. Syrah (ပြင်သစ် ဝိုင်တစ်မျိုး)
Syrah ဆိုတဲ့ စပျစ်မျိုးနဲ့ လုပ်ထားတာဖြစ်ပါတယ်။
5. Primitivo (အီတလီ တောင်ပိုင်းဒေသရှိ Primitivo မှ ထွက်သော စပျစ် ဝိုင်တစ်မျိုး)
zinfandel လို့လဲ ခေါ်ကြပြီး သူ့မှာ alcohol ပါဝင်မှု မြင့်မားစွာ ပါဝင်ပါတယ်။
6. Beaujolais ( ဝိုင်နီဆိုပေမဲ့ အခြားဝိုင်နီတွေနဲ့ မတူပဲ တမူထူးခြားပါတယ် )
tannins ပါဝင်မှုနည်းပြီး glou -glou ဆိုတဲ့ အသံပါဝင်ပါတယ်။ (ပြင်သစ်နိုင်ငံ Beaujolais က ထွက်တဲ့ ဝိုင်လည်းဖြစ်ပါတယ်)
နောက်ထပ် ဝိုင်အမျိုးအစားတွေ အကြောင်းကိုလည်း အပိုင်း(၂) မှာ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။
Reference
www.wekipedia.org
https://www.masterclass.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ah Nann
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါရှင်
Ko Min
လွန်ခဲ့သော ၄ နှစ် ကဘယ်ဝိုင်က ဘယ်လိုအခါမျိုးမှာ သောက်သင့်တာလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from မြတ်စုဝေ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....