စိုက်/မွေး ဖွံဖြိုးရေးလုပ်ငန်းဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုတွေပါဝင်လာမယ့် ၂၀၂၂ အတွက် အစိမ်းရောင်းလမ်းရဲ့ ချဲ့ထွင်မှု ဗားရှင်းအသစ်
ဗားရှင်းအသစ်က အခက်အခဲကာလတွေကြားကနေထွက်ပေါ်လာတဲ့ အဖြေတစ်ခုပါ။ ဗားရှင်းအသစ်မှာ ပါဝင်လာတဲ့ (Group Function) အဖွဲ့လုပ်ဆောင်ချက်တွေက စိုက်/မွေးကဏ္ဍအတွက် အသင်းအဖွဲ့ချိတ်ဆက်မှုတွေ အားကောင်းလာဖို့၊ အသင်းအဖွဲ့တွေ ကို ကောင်းကောင်းလည်ပတ်ဖို့ ဒီလိုလုပ်ဆောင်ချက်တွေနဲ့ကူညီပေးသွားမှာပါ။
၁။ Public Group Function (အများဆိုင် အဖွဲ့များ)
စိုက်မွေးကဏ္ဍထဲက မိမိစိတ်ဝင်စားရာ ခေါင်းစဉ်အောက်မှာ မည်သူမဆိုပါဝင်နိုင်တဲ့ အဖွဲ့တွေပြုလုပ်လို့ရနိုင်ပါမယ်။ ကိုယ်ကစဦီးဆောင်နိုင်သလို၊ ကိုယ်တိုင်ပါဝင်နိုင်ပြီး စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ ပိုမိုကောာင်းမွန်တဲ့ အရွေ့တွေကို လုပ်ဆောင်နိုင်ပါမယ်။ ဒါက အများဆိုင် အဖွဲ့ လုပ်ဆောင်ချက်ပါ။ ဒီလိုလုပ်ဆောင်ချက်တွေရရှိဖို့ အစိမ်းရောင်လမ်းအသုံးပြုသူ တောင်သူတွေကတောင်းဆိုခဲ့ကြတာဖြစ်ပြီး ၂၀၂၂ မှာ အစိမ်းရောင်လမ်းက လုပ်ဆောင်ပေးနိုင်ခဲ့ပါပြီ။ ပုံတွေစာတွေတင်ပြီး ဆွေးနွေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
၂။ Private Group Function(သီးသန့်အဖွဲ့များ)
ဒါကတော့ စိုက်/မွေးနယ်ပယ်ထဲမှာ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအတွက်အထူးရည်ရွယ်ပါတယ်။ သီးသန့်ဆန်တဲ့ဆွေးနွေးမှုတွေ၊ နည်းပညာဖြန့်ဝေမှုတွေ၊ ကြေငြာချက်တွေကို အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာလုပ်ဆောင်နိုင်ပြီး ရလာဒ်တွေကို ကိုယ်တိုင်ပြန်လည်ကြည့်ရှုနိုင် မယ့် ဝန်ဆောင်မှုလည်းရရှိမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ထပ်မံကြေညာသွားပါမယ်။
၃။ အသိပေးချက် အဖွင့်အပိတ်
မေးခွန်းမေးထားပြီး အဖြေရတဲ့အခါ၊ သီးနှံဈေးနှုန်းတင်ပြီးတဲ့အခါ၊ ဆောင်းပါးအသစ်တင်တိုင်း လာလာပြောပြပေးနေတဲ့ စာတိုလေးတွေကို ကိုယ့်စိတ်ကြိုက် ကဏ္ဍအလိုက်အဖွင့်အပိတ် လုပ်လို့ရတဲ့ အသိပေးချက် အဖွင့်အပိတ်ဝန်ဆောင်မှုလည်း ဗားရှင်းအသစ်မှာပါဝင်လာပါမယ်။
၄။ ကိုယ်ပိုင်စာမျက်နှာ အမြင်အသစ်
အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ ကိုယ့်ရဲ့အချက်အလက်တွေ၊ မှတ်တမ်းတွေ၊ သိမ်းထားတဲ့ဆောင်းပါးတွေကို ကြည့်လို့ရတဲ့နေရာကတော့ ကိုယ်ပိုင်စာမျက်နှာပါ။ version အသစ်မှာတော့ ဒီစာမျက်နှာမှာကို ကြည့်လိုက်ရင် အမြင်ပိုရှင်းတဲ့ ပုံစံအသစ်လေးနဲ့တွေ့မြင်နိုင်မှာပါ။
ဒါကြောင့် ၂၀၂၂မှာ စိုက်/မွေး ကဏ္ဍအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုတွေပါဝင်လာတဲ့ အစိမ်းရောင်လမ်းရဲ့ဗားရှင်းအသစ်ကို မိတ်ဆက်လိုက်ရပါတယ်။
ဗားရှင်းအသစ်ကို play store မှာ မြင့်တင်နိုင်ပါတယ်။
အခုပဲ ဗားရှင်းအသစ်ကို ရယူလိုက်ပါ။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026