အဆင့်မြှင့်ထားတဲ့ အမေးအဖြေကဏ္ဍနဲ့ ပိုမိုက်လာတဲ့ ဗားရှင်းအသစ်( ၃.၅.၄)
စိုက်ပျိုးရေးလို့ခေါ်လိုက်ရင် မွေးမြူရေးပါ တွဲဖက်ပါဝင်နေတာမို့ ဗားရှင်းအသစ်နဲ့ အဆင့်မြှင့်တင်ပေးထားပါတယ်။
ဒီဗားရှင်းမှာတော့ မွေးမြူရေးအတွက် ငါးနဲ့နွားပဲ ပါဝင်ခဲ့ရာကနေ ကြက်၊ ဝက်၊ ဆိတ်၊ ပုစွန်အထိပါ မေးမြန်းနိုင်ပါပြီ။
✅ မွေးမြူရေးအတွက် သီးသန့် စုစည်းဖော်ပြမှုတွေအပြင်
✅ ရေလုပ်ငန်းအတွက်လည်း သီးသန့်တစ်နေရာ ထပ်မံပါဝင်လာမှာပဲဖြစ်ပါတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေး တွဲဖက်လုပ်ကိုင်ဖို့ အချိန်တိုအတွင်းမှာ လိုအပ်တဲ့ ဗဟုသုတ အချက်အလက်တွေကိုရှာဖွေနိုင်မယ့် ဆော့ဝဲအဖြစ် ဗားရှင်းမြှင့်ထားပါတယ်ခင်ဗျ။
တောင်သူတွေကို ပိုမိုကူညီနိုင်ဖို့ အမေးအဖြေကဏ္ဍကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
💢မေးခွန်းမေးမယ့်သူတွေအတွက် အချက်အလက်အပြည့်အစုံဖြည့်နိုင်ပါမယ်။
💢ကိုယ်အဆင်ပြေသွားတဲ့အဖြေကို ရွေးချယ်ပေးနိုင်မယ်။
ဒါက ကိုယ့်ကိုဖြေဆိုပေးတဲ့သူတွေအတွက် ငွေမကုန်တဲ့နည်းနဲ့ စိတ်ခွန်အားလက်ဆောင်လေးပါ။
ဒီလို လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။
💢ဖြေဆိုပေးမယ့်သူတွေကလည်း မေးခွန်းအချက်အလက်ပြည့်စုံမှုတွေကြောင့် အဖြေဖြေဖို့ ပိုအဆင်ပြေသွားပါမယ်။
💢ကိုယ်ကူညီဖြေပေးလိုက်လို့ အဆင်ပြေသွားတဲ့အခါ “ဤအဖြေဖြင့် ပြေလည်သည်” ဆိုတဲ့ စာတန်းလေးကိုပါမြင်နိုင်မှာဖြစ်လို့ ကျွန်တော်တို့ ကမ်းလိုက်တဲ့လက်တွေ ဘယ်သူတွေအတွက် အဆင်ပြေသွားသလဲဆိုတာကို မြင်နိုင်ပါမယ်ခင်ဗျ။
💢အချိန်သိပ်မပေးနိုင်တဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေအတွက်စဉ်းစားပြီး အသိပေးချက် (reminder) ပို့ပေးတဲ့စနစ်ကိုထည့်ပေးထားပါတယ်။ (မလိုပါက ပိတ်ထားလို့ရပါတယ်)
အစိမ်းရောင်လမ်းဗားရှင်းအသစ်ကို သုံးနေရုံနဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူတွေ၊ မွေးမြူရေးသမားတွေကို အိမ်မှာနေရင်းပဲ တတ်နိုင်တဲ့ဘက်က ကူညီနိုင်တော့မှာပါ။
ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာမို့ အစိမ်းရောင်လမ်းရဲ့ ဗားရှင်းအသစ်ကို update လုပ်လိုက်ပြီးရိက္ခာထုတ်ပေးနေသူတွေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ပါပြီ။
နေပိုင်
လွန်ခဲ့သော ၄ နှစ် ကငါးသားဖောက်နည့်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026