ဧပြီ ၂၄ မှ ၃၀ ရက်အထိ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်
ဧပြီလ ၂၃ ရက် ည ၉ နာရီတွင် ရရှိသည့်ဒေတာများအရ
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်များဘက်တွင် ထူးခြားမိုးလေဝသအခြေအနေမရှိပါ။
မြန်မာနိုင်ငံမြို့အများစု၏ နေ့အပူချိန်များသိသိသာတိုးလာသည်ကို တွေ့ရသည့်အချိန်တွင် အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာလက်ကျန်ငွေ့ငွေ့ ကျန်ရှိနေသေးသဖြင့် ၂၀၂၄ ခုနှစ်ကဲ့သို့ ဆိုးရွားသောအပူချိန်များဆီသို့တွန်းပို့ခြင်း မပြုသည့် မိုးလေဝသအခြေအနေကို တွေ့နေရသည်။

လာမည့် ၁ ပတ်အတွင်း မိုးတိမ်များဝင်ရောက်လာပြီးမိုးအုံ့လာကာ နေ့အပူချိန်များ မြင့်တက်နေရာက ပြန်လည်ကျဆင်းလာနိုင်သည်။
ပင်လယ်ပြင်တွင် ရေမျက်နှာပြင်အပူချိန်မြင့်တက်နေသော်လည်း အနောက်-အနောက်တောင်လေ အားကောင်းကောင်းနှင့် မြန်မာ့ကမ်းရိုးတန်းဒေသများဆီသို့တိုက်ခတ်နေပြီးမုတ္တမကွေ့တွင် မြောက်ဘက်သို့ချိုးကွေ့တိုက်ခတ်လာသောပင်လယ်လေစီးကြောင်းက ပဲခူးရိုးမအရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းတို့မှတဆင့် အလယ်ပိုင်းမိုးနည်းရေရှားဒသများအထိ တိုးဝင်လျက်ရှိသည်။
အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်မည့်ရက်သည် မေလ ၂၀ ရက်ကျော်မှသာ ပုံမှန်မုတ်သုံဝင်ရောက်ချိန်အတိုင်းဝင်ရောက်ဖွယ်ရှိနေသည်။
ဧပြီ ၂၈/၂၉ နေ့များတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာနိုင်ပြီး တနင်္သာရီတိုင်းတောင်ပိုင်းတွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်။
ကချင်ပြည်နယ်အထက်ပိုင်း(ဆွန်ပရာဘုမ်နှင့်အထက်ပိုင်းဒေသများ)တွင် ဤရက်သတ္တပါတ် ၁ ပတ်အတွင်း မိုးများနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမည်။
နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများကို ပြည်တိုင်းမြို့များအလိုက်ကြည့်ရန် -
https://www.mmweather.org/divisional-cities-weather
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Phyo Lay
လွန်ခဲ့သော ၁ နှစ် ကပဲခူးတိုင်း မိုးဆက်နိုင်လားဗျ
Johnyawlay
လွန်ခဲ့သော ၁ နှစ် ကဆရာကျေးဇူးပါ
Johnyawlay
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026